ထိုသူတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် ဂျော်ဒန်မြစ်ထဲ၌ ထိုသူတို့ကို နှစ်ခြင်းမင်္ဂလာပေးလေ၏။
၁ ယော 1:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏အပြစ်များကို ဖွင့်ဟဝန်ခံပါက ကိုယ်တော်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့ကို အပြစ်များမှ ဖြေလွှတ်ကာ မတရားမှုအားလုံးမှ စင်ကြယ်စေတော်မူလိမ့်မည်။ Common Language Bible သို့ရာတွင်အပြစ်ဝန်ချကြလျှင်ဘုရား သခင်သည်ကတိတည်တော်မူ၍တရားမျှတ တော်မူသောအရှင်ဖြစ်တော်မူသဖြင့် ငါတို့ ၏အြုပစ်များကိုဖြေလွှတ်၍ငါတို့အား ဒုစရိုက်အညစ်အကြေးအပေါင်းတို့နှင့် ကင်းစင်စေတော်မူလိမ့်မည်။- Garrad Bible အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။ Judson Bible ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကို မတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။ |
ထိုသူတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် ဂျော်ဒန်မြစ်ထဲ၌ ထိုသူတို့ကို နှစ်ခြင်းမင်္ဂလာပေးလေ၏။
ဂျေရုဆလင်မြို့သူမြို့သားများနှင့် ယုဒနယ်တစ်ခွင်လုံးမှ လူများသည် ယောဟန်ထံသို့ သွားကြ၏။ ထို့နောက် သူတို့သည် မိမိတို့၏ အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် သူတို့ကို ဂျော်ဒန်မြစ်ထဲ၌ နှစ်ခြင်းမင်္ဂလာပေးလေ၏။
တရားမျှတတော်မူသောအဖ… လောကီသားတို့သည် ကိုယ်တော်ကို မသိကြသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကို ဤတပည့်တော်တို့သိကြပါ၏။
ယုံကြည်သောသူတို့သည်လည်း လာ၍ သူတို့ပြုလုပ်ခဲ့သော အရာများကို လူအများရှေ့တွင် ဖော်ပြကာ ဝန်ခံကြ၏။
သို့သော် ယခုအချိန်တွင် ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကို ပြသရန် လူတို့ကျူးလွန်သောအပြစ်များကို ပြစ်ဒဏ်ပေးတော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်သည် မိမိကိုယ်တိုင်က ဖြောင့်မတ်တော်မူ၍ ယေရှုကို ယုံကြည်သောသူတို့ကိုလည်း ဖြောင့်မတ်စေတော်မူမည့်အကြောင်းကို ဖော်ပြတော်မူ၏။
သင်တို့အား မိမိ၏သားတော်၊ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်နှင့် မိတ်သဟာယဖွဲ့ပေါင်းဖော်စေရန် ရွေးကောက်တော်မူသော ဘုရားသခင်သည် သစ္စာရှိတော်မူ၏။
သင်တို့ထဲမှ တချို့သည် ယခင်က ထိုကဲ့သို့သောသူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခုတွင် သခင်ယေရှုခရစ်တော်နှင့် ကျွန်ုပ်တို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခံရကြပြီ။
ထိုသို့ အသက်ပေးတော်မူခြင်းသည် ရေနှင့် နှုတ်ကပတ်တော်ဖြင့် အသင်းတော်ကို ဆေးကြော၍ သန့်ရှင်းစင်ကြယ်ပြီးမှ
“ယေရှုခရစ်တော်သည် အပြစ်သားများကို ကယ်တင်ရန် ဤလောကသို့ ဆင်းကြွလာသည်” ဟူသော စကားသည် လုံးဝမှန်ကန်ပြီး အပြည့်အဝလက်ခံထိုက်၏။ ထိုအပြစ်သားများအနက် ကျွန်ုပ်သည် အဆိုးဆုံးဖြစ်၏။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
ကတိပေးတော်မူသောအရှင်သည် သစ္စာရှိတော်မူသောကြောင့် ကျွန်ုပ်တို့ဝန်ခံသောမျှော်လင့်ချက်ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။
မြုံသောစာရာသည် အသက်အရွယ်လွန်သော်လည်း ယုံကြည်ခြင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်ခွင့်ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကတိထားတော်မူသောအရှင်မှာ သစ္စာရှိသည်ဟု သူမှတ်ယူသောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။
သို့ရာတွင် ဘုရားသခင်သည် အလင်းတွင် ရှိတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း အလင်းတွင် ကျင်လည်ကြလျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်းရှိသဖြင့် သားတော်ယေရှု၏အသွေးတော်သည် ကျွန်ုပ်တို့ကို အပြစ်အားလုံးမှ ကင်းစင်စေတော်မူ၏။
ထိုသူတို့သည် ဘုရားသခင်၏ အစေခံမောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏ သီချင်းကို သီဆိုနေကြ၏။ ထိုသီချင်းမှာ “အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ လုပ်ဆောင်မှုတို့သည် ကြီးမြတ်၍ အံ့ဖွယ်ဖြစ်ပါ၏။ အို လူမျိုးအပေါင်းတို့၏ ဘုရင်… ကိုယ်တော်၏ နည်းလမ်းတို့သည် တရားမျှတ၍ မှန်ကန်ပါ၏။