စိမ်းစိုသောသစ်ပင်ကို ဤသို့ပြုကြလျှင် ထိုအပင် ခြောက်သွေ့သောအခါ၌ မည်သို့ဖြစ်လိမ့်မည်နည်း” ဟု မိန့်တော်မူ၏။
၁ ပေ 4:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အိမ်တော်သားတို့ကို ဦးစွာ တရားစီရင်မည့်အချိန်ရောက်လာသောကြောင့်ဖြစ်၏။ ထိုသို့ ကျွန်ုပ်တို့ကို ဦးစွာ တရားစီရင်လျှင် ဘုရားသခင်၏ သတင်းကောင်းကို မနာခံသောသူတို့၏ အဆုံးသတ်သည် မည်သို့ဖြစ်မည်နည်း။ Common Language Bible တရားစီရင်တော်မူရာအချိန်သည်ကျရောက် လာလေပြီ။ ဘုရားသခင်၏လူစုတော်ဝင်တို့ သည်တရားစီရင်တော်မူခြင်းကိုပထမ ဦးစွာခံရကြမည်။ ငါတို့သည်ဦးစွာတရား စီရင်တော်မူခြင်းခံရကြလျှင်ဘုရားသခင် ၏သတင်းကောင်းကိုမယုံကြည်သူတို့မည် သို့ဖြစ်လိမ့်မည်နည်း။- Garrad Bible ဘု ရား သ ခင့် ဗိ မာန် တော် မှ စ၍ စီ ရင် ဆုံး ဖြတ် ရမည့် အ ချိန် တိုင် ရောက် ပြီ။ ငါ တို့ တွင် ဦး စွာ စီ ရင် လျှင် ဘု ရား သ ခင့် သ တင်း တော် မြတ် ကို မ လိုက် နာ သူ တို့ အ ကျိုး ဆက် ကား မည် သို့ နည်း။ Judson Bible ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ ဧဝံဂလိတရားစကားကို နားမထောင်သောသူတို့၏ အမှုသည် အဘယ်သို့ ပြီးလိမ့်မည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား တရားစီရင်ခြင်းကို ဘုရားသခင်၏အိမ်တော်မှ အစပြုမည့်အချိန်ရောက်လေပြီ။ ထိုသို့ ငါတို့ထံမှ အစပြုမည်ဆိုလျှင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့၏နိဂုံးသည် မည်သို့ဖြစ်မည်နည်း။ |
စိမ်းစိုသောသစ်ပင်ကို ဤသို့ပြုကြလျှင် ထိုအပင် ခြောက်သွေ့သောအခါ၌ မည်သို့ဖြစ်လိမ့်မည်နည်း” ဟု မိန့်တော်မူ၏။
တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရ၍ ဘုရားသခင်၏ သတင်းကောင်းကို ဟောပြောရန်အတွက် သီးသန့်ခန့်ထားတော်မူခြင်းခံရပြီး ယေရှုခရစ်တော်၏ အစေအပါးဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ၊ မကောင်းမှုပြုသူမှန်သမျှတို့သည် ဒုက္ခဆင်းရဲနှင့်အခက်ခဲကို ကြုံတွေ့ကြရလိမ့်မည်။
အို မိုက်မဲသော ဂလာတိပြည်သားတို့… လက်ဝါးကပ်တိုင်၌ ယေရှုခရစ်တော်အသေခံတော်မူခဲ့ရပုံကို သင်တို့၏ မျက်စိဖြင့် မြင်ခဲ့ရသကဲ့သို့ပင် ကျွန်ုပ်ရှင်းလင်းစွာ ဖော်ပြခဲ့ပါလျက် မည်သူသည် သင်တို့ကို ပြုစားလိုက်သနည်း။
ယခင်က သင်တို့သည် သမ္မာတရားလမ်းအတိုင်း ကောင်းမွန်စွာ ပြေးခဲ့ကြ၏။ ယခုတွင်မူ သမ္မာတရားကို မလိုက်နာစေရန် သင်တို့ကို မည်သူတားဆီးသနည်း။
ထို့ကြောင့် ကျွန်ုပ်တို့သည် အခွင့်သာတိုင်း လူအပေါင်းတို့အပေါ်၊ အထူးသဖြင့် ယုံကြည်သူမိသားစုတို့အပေါ် ကောင်းမှုပြုကြစို့။
ဘုရားသခင်ကို မသိသောသူတို့နှင့် ကျွန်ုပ်တို့သခင်ယေရှု၏ သတင်းကောင်းကို မလိုက်နာသောသူတို့ကို စီရင်တော်မူလိမ့်မည်။
သို့မှသာ ကျွန်ုပ်၏ခရီး ကြန့်ကြာနေခဲ့လျှင်လည်း ဘုရားသခင်၏ အိမ်တော်တွင် မည်သို့ ပြုမူရမည်ကို သင်သိနိုင်မည်။ ထိုအိမ်တော်သည် အသက်ရှင်သောဘုရားသခင်၏ အသင်းတော်ဖြစ်ပြီး သမ္မာတရား၏ မဏ္ဍိုင်နှင့် အုတ်မြစ်လည်း ဖြစ်၏။
အမွေခံရမည့်အရပ်သို့ ထွက်သွားရန် ဘုရားသခင် ခေါ်တော်မူသောအခါ အာဗြဟံသည် မည်သည့်အရပ်သို့ ထွက်သွားရမည်ကိုပင် မသိဘဲ ယုံကြည်ခြင်းဖြင့် နာခံ၍ ထွက်ခွာခဲ့၏။
ကောင်းကင်တမန်များမှတစ်ဆင့် မိန့်တော်မူသော ဘုရားသခင်၏ တရားတော်သည် စစ်မှန်သောကြောင့် ထိုတရားတော်ကို ချိုးဖောက်၍ မနာခံသူများသည် မိမိတို့နှင့် ထိုက်သင့်သော အပြစ်ဒဏ်ကို ခံကြရသည်မှန်လျှင်
တစ်ချိန်တည်းမှာပင် ဘုရားသခင်ကလည်း နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိအလိုတော်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးများကို ဝေမျှတော်မူခြင်း စသည်တို့ဖြင့် သူတို့နှင့်အတူ သက်သေခံတော်မူ၏။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ကိုယ်တော်သည် ပြီးပြည့်စုံလာသည့်အတွက် မိမိကို နာခံသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကို ပေးတော်မူသောအရှင်ဖြစ်လာ၏။
သင်တို့သည်လည်း အသက်ရှင်သောကျောက်များကဲ့သို့ ဝိညာဉ်ရေးရာအိမ်တော်တည်ဆောက်ရာတွင် ပါဝင်အသုံးခံကြ၏။ ဤသည်မှာ သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်၍ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှစ်သက်ဖွယ် ဝိညာဉ်ရေးရာပူဇော်စရာများကို ပူဇော်နိုင်ရန်ဖြစ်၏။
ထို့အပြင် ကျမ်းစာ၌ “၎င်းသည် ဆူးငြောင့်ခလုတ်ဖြစ်သောကျောက်၊ တိုက်မိ၍လဲစရာဖြစ်သောကျောက် ဖြစ်၏” ဟု ဖော်ပြထား၏။ သူတို့သည် နှုတ်ကပတ်တော်ကို မနာခံသောကြောင့် ထိမိ၍လဲကြ၏။ ဤထိမိ၍လဲခြင်းသည် သူတို့အတွက် ကြိုတင်သတ်မှတ်ထားသောအရာဖြစ်၏။