သင်းထောက်သည် မယားတစ်ယောက်တည်းရှိသူ၊ သားသမီးများနှင့် အိမ်သူအိမ်သားများကို ကောင်းစွာ ဦးဆောင်စီမံနိုင်သူ ဖြစ်ရမည်။
၁ တိ 5:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မုဆိုးမအဖြစ် စာရင်းသွင်းခံရမည့်သူသည် အနည်းဆုံးအသက်ခြောက်ဆယ် ရှိရမည်။ သူသည် ခင်ပွန်းတစ်ယောက်တည်းသာ ရှိဖူးသူ ဖြစ်ရမည်။ Common Language Bible မုဆိုးမတစ်ယောက်သည်အသက်ခြောက်ဆယ် ကျော်မှသာလျှင် မုဆိုးမစာရင်းတွင်နာမည် သွင်းပါ။ သူသည်တစ်ကြိမ်သာလျှင်ထိမ်းမြား လက်ထပ်ခဲ့သူဖြစ်ရမည်။- Garrad Bible အ သက် ခြောက် ဆယ် အောက် မ ယုတ် သူ၊ ယောက်ျား တစ် ဦး နှင့် သာ အိမ် ထောင် ပြု ဘူး သူ၊ ကောင်း မှု ကြောင့် အ သ ရေ ရ သူ၊ သူ ငယ် တို့ ကို ကျွေး မွေး ခြင်း၊ ဧည့် ဝတ် ကြေ ခြင်း၊ သီး သန့် ထား တော် မူ သူ တို့၏ ခြေ ကို ဆေး ခြင်း၊ ဆင်း ရဲ သူ တို့ ကို မ စ ခြင်း မှ စ၍ ကောင်း မှု အ မျိုး မျိုး ပြု ခဲ့ သူ ကို သာ မု ဆိုး မ စာ ရင်း တွင် ပါ ဝင် စေ။ Judson Bible မုဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင်၊ စာရင်းအင်း မဝင်စေနှင့်။ လင်တစ်ယောက်တည်း ရှိဖူးသောသူ၊- မြန်မာ့စံမီသမ္မာကျမ်း မုဆိုးမအဖြစ်စာရင်းသွင်းရမည့်သူသည် အသက်ခြောက်ဆယ်ထက်မနည်းရ။ သူသည် ယောက်ျားတစ်ဦးတည်းရှိခဲ့သည့် အမျိုးသမီးဖြစ်ပြီး |
သင်းထောက်သည် မယားတစ်ယောက်တည်းရှိသူ၊ သားသမီးများနှင့် အိမ်သူအိမ်သားများကို ကောင်းစွာ ဦးဆောင်စီမံနိုင်သူ ဖြစ်ရမည်။
သင်းအုပ်သည် အပြစ်ဆိုဖွယ်မရှိသူ၊ မယားတစ်ယောက်တည်းရှိသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။
ငယ်ရွယ်သော မုဆိုးမများကိုမူ စာရင်းမသွင်းနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကာမဂုဏ်တပ်မက်ခြင်းသည် ခရစ်တော်ထံ ဆက်ကပ်ခြင်းထက် အားကြီးလာသောအခါ ထပ်မံအိမ်ထောင်ပြုလိုစိတ်ရှိလာသောကြောင့် ဖြစ်၏။
ထို့ကြောင့် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်ပါသွားကြသော အချို့မုဆိုးမတို့ကို ထောက်၍ ငယ်ရွယ်သောမုဆိုးမတို့သည် ရန်သူအား ကဲ့ရဲ့ခွင့်ကို မပေးဘဲ ထပ်မံအိမ်ထောင်ပြုရန်၊ သားသမီးများယူရန်၊ အိမ်မှုကိစ္စများထိန်းသိမ်းရန် ကျွန်ုပ်အကြံပေးလို၏။
အကယ်၍ ယုံကြည်သူအမျိုးသမီးများ၏ မိသားစုတွင် မုဆိုးမများရှိပါက အသင်းတော်အတွက် ဝန်ထုပ်မဖြစ်စေရန် သူတို့ကိုယ်တိုင် ထိုမုဆိုးမများကို ကူညီထောက်ပံ့သင့်၏။ သို့မှသာ အမှန်တကယ်ခိုကိုးရာမဲ့ မုဆိုးမများကို အသင်းတော်က ကူညီထောက်ပံ့နိုင်လိမ့်မည်။