Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 5:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 အကယ်၍ ယုံကြည်သူ​အမျိုးသမီးများ​၏ မိသားစု​တွင် မုဆိုးမများ​ရှိ​ပါက အသင်းတော်​အတွက် ဝန်ထုပ်​မဖြစ်​စေရန် သူတို့​ကိုယ်တိုင် ထို​မုဆိုးမများ​ကို ကူညီထောက်ပံ့​သင့်၏။ သို့မှသာ အမှန်တကယ်​ခိုကိုးရာမဲ့ မုဆိုးမများ​ကို အသင်းတော်​က ကူညီထောက်ပံ့နိုင်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ယောက် သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​စု​တွင်​မု​ဆိုး​မ များ​ရှိ​ပါ​မူ​သူ​တို့​အား​ကျွေး​မွေး​ပြု​စု​ရ မည်။ သူ​တို့​အ​တွက်​အ​သင်း​တော်​ကို​ဝန်​မ​လေး စေ​သင့်။ သို့​မှ​သာ​လျှင်​အ​သင်း​တော်​သည်​ခို ကိုး​ရာ​မဲ့​သည့်​မု​ဆိုး​မ​များ​အား​ကျွေး​မွေး ပြု​စု​နိုင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 တ ပည့် တော် မ တို့၌ တော် စပ် သော မု ဆိုး မ များ ရှိ လျှင် အ သင်း တော် သည် ခို ရာ မဲ့ မု ဆိုး မ တို့ ကို မ စ ခွင့် ရ စေ ရန် အ သင်း တော့် အ ပေါ် တွင် ဝန် မ တင် ဘဲ ကိုယ် တိုင် မ စ ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ယုံ​ကြည်​သော ယောက်ျား​မိန်း​မ၌ မု​ဆိုး​မ​ရှိ​လျှင်၊ ကိုယ်​တိုင်​လုပ်​ကျွေး​စေ။ သို့​ပြု​လျှင်၊ အ​မှန်​ဖြစ်​သော မု​ဆိုး​မ​တို့​ကို အ​သင်း​တော်​သည် အ​နှောင့်​အ​ယှက်​မ​ရှိ​စေ​ဘဲ လုပ်​ကျွေး​နိုင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ယုံကြည်​သူ​အမျိုးသမီး​တစ်စုံတစ်ဦး​၌ ဆွေမျိုး​တော်စပ်​သည့်​မုဆိုးမ​များ​ရှိ​လျှင် အသင်းတော်​အတွက် ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေ​ဘဲ ထို​မုဆိုးမ​တို့​ကို သူ​ကိုယ်တိုင်​ကူညီ​စောင့်ရှောက်​ပါစေ။ သို့ပြုလျှင် အသင်းတော်​သည် အမှန်တကယ်​အကူအညီ​လိုအပ်​သည့်​မုဆိုးမ​များ​ကို ကူညီ​စောင့်ရှောက်​နိုင်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:16
4 ပူးပေါင်းရင်းမြစ်များ  

သူ​သည် မိမိ​သားသမီးများ​ကို ပြုစု​ပျိုးထောင်ခြင်း၊ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုခြင်း၊ ယုံကြည်သူများ​၏​ခြေ​ကို ဆေးခြင်း၊ ဆင်းရဲဒုက္ခ​ကြုံတွေ့နေသူများ​ကို ကူညီခြင်း၊ အမျိုးမျိုးသော​ကောင်းမှုများ​ကို အားထုတ်​လုပ်ဆောင်ခြင်း စသည့် ကောင်းမှု​ကုသိုလ်များ​ကြောင့် နာမည်ကောင်းရသူ​ဖြစ်ရမည်။


မိမိ​ဆွေမျိုးသားချင်း၊ အထူး​သဖြင့် မိမိ​အိမ်သူအိမ်သားများ​ကို မစောင့်ရှောက်သူ​သည် ယုံကြည်ခြင်း​တရား​ကို ငြင်းပယ်​သဖြင့် မယုံကြည်သူများ​ထက် ပို​၍ ဆိုး၏။


မုဆိုးမ​အဖြစ် စာရင်း​သွင်းခံရမည့်သူ​သည် အနည်းဆုံး​အသက်​ခြောက်ဆယ် ရှိရမည်။ သူ​သည် ခင်ပွန်း​တစ်ယောက်တည်း​သာ ရှိဖူးသူ ဖြစ်ရမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ