ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူ နာဇရက်မြို့သို့ ပြန်သွား၍ သူတို့၏စကားကို နားထောင်လျက် နေလေ၏။ မိခင်သည် ဖြစ်ပျက်ခဲ့သမျှကို စိတ်နှလုံးထဲ၌ မှတ်ထားလေ၏။
၁ တိ 5:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သားသမီးများ၊ မြေးများရှိသော မုဆိုးမဖြစ်လျှင် ထိုသားသမီးမြေးတို့သည် အိမ်သူအိမ်သားများကို ကျွေးမွေးရန်နှင့် မိဘတို့ကို ကျေးဇူးဆပ်ရန် ဦးစွာသင်ယူပါစေ။ ၎င်းသည် မိမိတို့ပြုအပ်သောဘာသာရေးကျင့်ဝတ်ဖြစ်၏။ ဤသို့ပြုခြင်းသည် ဘုရားသခင်၏ စိတ်တော်ကို ကျေနပ်စေ၏။ Common Language Bible သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။- Garrad Bible သို့ ရာ တွင် သား မြေး ရှိ လျှင် ကိုယ့် အ မိ ကိုယ့် အ ဖွား တို့ အား ဦး စွာ ရို သေ သမှု ပြု လျက် ခံ ခဲ့ သော ကျေး ဇူး ကို တုံ့ ဆပ် ရန် သင် ကြ စေ။ ထို အ မှု သည် ဘု ရား သ ခင့် ရှေ့ လက် ခံ တော် မူ ဖွယ် ဖြစ်၏။ Judson Bible သားမြေးရှိသော မုဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေ့ဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက်၊ မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သောမုဆိုးမတွင် သားသမီး၊ သို့မဟုတ် မြေးများရှိလျှင် ထိုသားမြေးတို့သည် ဘာသာရေးဝတ္တရားတည်းဟူသော မိမိတို့အိမ်သူအိမ်သားကိုပြုစုခြင်းနှင့် မိဘဘိုးဘွားတို့အား ကျေးဇူးပြန်ဆပ်ခြင်းတို့ကို ဦးစွာသင်ယူကြစေ။ အကြောင်းမူကား ဤသို့ပြုခြင်းသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။ |
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူ နာဇရက်မြို့သို့ ပြန်သွား၍ သူတို့၏စကားကို နားထောင်လျက် နေလေ၏။ မိခင်သည် ဖြစ်ပျက်ခဲ့သမျှကို စိတ်နှလုံးထဲ၌ မှတ်ထားလေ၏။
ထိုသို့ ဆုတောင်းခြင်းသည် မွန်မြတ်ပြီး ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဘုရားသခင် နှစ်သက်တော်မူ၏။
အကယ်၍ ယုံကြည်သူအမျိုးသမီးများ၏ မိသားစုတွင် မုဆိုးမများရှိပါက အသင်းတော်အတွက် ဝန်ထုပ်မဖြစ်စေရန် သူတို့ကိုယ်တိုင် ထိုမုဆိုးမများကို ကူညီထောက်ပံ့သင့်၏။ သို့မှသာ အမှန်တကယ်ခိုကိုးရာမဲ့ မုဆိုးမများကို အသင်းတော်က ကူညီထောက်ပံ့နိုင်လိမ့်မည်။
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မသမာနည်းဖြင့် ငွေရှာလိုသောကြောင့် မသွန်သင်သင့်သော အရာများကို သွန်သင်လျက် အချို့မိသားစုများ၏ ယုံကြည်ခြင်းကို ပျက်စီးစေကြ၏။