ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
၁ တိ 5:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ကောင်းမှုများသည် သိသာထင်ရှား၏။ မသိသာမထင်ရှားသော ကောင်းမှုများသည်လည်း ဖုံးကွယ်၍ ရမည်မဟုတ်။ Common Language Bible ထိုနည်းတူစွာအချို့သောသုစရိုက်များသည် ထင်ရှားလျက်နေပေသည်။ မထင်ရှားသေးသည့် သုစရိုက်များကိုလည်းဖုံးကွယ်၍မထား နိုင်။ Garrad Bible ထို နည်း တူ ကောင်း မှု များ သည် ထင် ရှား၏။ မ ထင် ရှား သေး သော် လည်း ပုန်း ကွယ်၍ မ နေ နိုင်။ Judson Bible ထိုနည်းတူ၊ အချို့သောသူတို့၏ သုစရိုက်သည် ထင်ရှားနှင့်တတ်၏။ မထင်ရှားသေးသော သုစရိုက်ကိုလည်း ဝှက်၍မထားနိုင်။ မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ကောင်းသောအမှုများသည်လည်း သိသာထင်ရှားတတ်၏။ ထိုသို့မထင်ရှားခဲ့လျှင်ပင် ဖုံးကွယ်ထား၍မရနိုင်ပေ။ |
ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
မည်သူမျှ ဆီမီးခွက်ကို ထွန်း၍ မြေအောက်ခန်း၌ဖြစ်စေ၊ တောင်းအောက်၌ဖြစ်စေ ဝှက်ထားလေ့မရှိ။ အခန်းသို့ ဝင်လာသောသူတို့အလင်းရောင်ရစေရန် ဆီမီးတိုင်ပေါ်တွင် တင်ထားလေ့ရှိ၏။
ထိုသူတို့က “ကျွန်ုပ်တို့ကို တပ်မှူးကော်နေလိက လွှတ်လိုက်ပါ၏။ သူသည် ဘုရားသခင်ကိုကြောက်ရွံ့၍ သမာသမတ်ကျသူဖြစ်ပြီး ဂျူးလူမျိုးတစ်ရပ်လုံး၏ချီးမွမ်းခြင်းခံရသောသူလည်း ဖြစ်၏။ သူ၏အိမ်သို့ သင့်ကို ဖိတ်ခေါ်၍ သင်ဟောပြောမည့်အကြောင်းကိုကြားနာရန် သန့်ရှင်းသောကောင်းကင်တမန်သည် သူ့အား ညွှန်ကြားလိုက်ပါ၏” ဟု တုံ့ပြန်ကြ၏။
ထို့နောက် ပညတ်တရားအတိုင်း ဘုရားတရားကိုင်းရှိုင်း၍ ဒမတ်စကပ်မြို့တွင် နေထိုင်သည့်ဂျူးများရှေ့၌ ချီးမွမ်းခံရသူ အာနနိဟု ခေါ်သောလူတစ်ဦးသည် ကျွန်ုပ်ထံသို့ လာ၏။ သူသည် နံဘေး၌ ရပ်နေပြီးလျှင် ‘ငါ့ညီ ရှောလု… မျက်စိပြန်မြင်စေ’ ဟု ဆိုရာ ထိုခဏချင်းပင် ကျွန်ုပ်၏မျက်စိပြန်မြင်၍ သူ့ကို တွေ့မြင်ရ၏။
ယုပ္ပေမြို့တွင် ဂရိဘာသာစကားအားဖြင့် ဒေါ်ကာဟု ခေါ်သော၊ တဗိသအမည်ရှိသည့် တပည့်တော်မတစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အကျင့်သီလကောင်း၍ အလှူအတန်းရက်ရောသူဖြစ်၏။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
သူတစ်ပါး ကဲ့ရဲ့ရှုတ်ချခြင်းမခံရစေရန်နှင့် မာရ်နတ်၏ ကျော့ကွင်းထဲသို့ မကျရောက်စေရန် သူသည် အသင်းတော်ပြင်ပတွင် ဂုဏ်သရေရှိသူ ဖြစ်ရမည်။
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။