တစ်ဖန် အသံတော်က “ဘုရားသခင် စင်ကြယ်စေသည့်အရာကို ညစ်ညမ်းသည်ဟု မဆိုနှင့်” ဟူ၍ ဆိုလေ၏။
၁ တိ 4:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ဖန်ဆင်းတော်မူသောအရာအားလုံးသည် ကောင်းသည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းလျက် စားသုံးသည်ကို မတားမြစ်သင့်ပါ။ Common Language Bible ဘုရားသခင်ဖန်ဆင်းထားတော်မူသောအရာ မှန်သမျှသည်သုံးဆောင်ထိုက်သည်ဖြစ်၍ အဘယ်အစားအစာကိုမျှရှောင်ကြဉ်ရန် မလိုပေ။ အစားအစာမှန်သမျှကိုကျေးဇူး တော်ချီးမွမ်းလျက်ခံယူရကြမည်။- Garrad Bible ဘု ရား သ ခင် ဖန် ဆင်း တော် မူ သော အ စာ မျိုး စုံ ကို ကျေး ဇူး တော် ချီး မွမ်း လျက် သုံး ဆောင် ထိုက် သည့် အ လျောက် ဘု ရား သ ခင့် ဗျာ ဒိတ် တော် အ ရ လျှောက် တောင်း ချက် ဖြင့် သန့် ရာ ရောက် ပြီး ဖြစ်၍ မ ပယ် အပ်။ Judson Bible ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။ ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အားဖြင့်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်လည်းကောင်း၊ အရာရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာရှိသမျှသည် ကောင်းသည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့်ခံယူလျှင် ပစ်ပယ်ရမည့်အရာတစ်စုံတစ်ခုမျှမရှိ။ |
တစ်ဖန် အသံတော်က “ဘုရားသခင် စင်ကြယ်စေသည့်အရာကို ညစ်ညမ်းသည်ဟု မဆိုနှင့်” ဟူ၍ ဆိုလေ၏။
သင်တို့သည် ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ သွေးကို စားသုံးခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်ရမည်။ သင်တို့သည် ထိုအရာများနှင့် ကင်းရှင်းလျှင် ကောင်း၏။ ကျန်းမာကြပါစေ။ ဟု ရေးသားထား၏။
ယုံကြည်လာကြသောလူမျိုးခြားများအတွက်မူ သူတို့သည် ရုပ်တုများကို ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ သွေးကို စားသုံးခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် တရားနှင့်မညီသော မေထုန်ပြုခြင်း စသည်တို့ကို ရှောင်ကြဉ်ရန် ကျွန်ုပ်တို့ဆုံးဖြတ်၍ စာရေးပေးပို့ကြပြီ” ဟု ဆိုကြ၏။
မည်သည့်အစားအစာမျှ ပကတိအလျောက် မညစ်ညမ်းကြောင်းကို သခင်ယေရှုအားဖြင့် အမှန်ပင် ကျွန်ုပ်သိ၏။ သို့သော်လည်း တစ်စုံတစ်ယောက်က ညစ်ညမ်းသည်ဟု မှတ်ယူလျှင် ထိုအစာသည် ထိုသူအတွက် ညစ်ညမ်း၏။
အစားအစာကြောင့် ဘုရားသခင်၏ အမှုတော်ကို မပျက်စီးစေနှင့်။ အစားအစာအားလုံးသည် စားသုံးသင့်သောအရာဖြစ်သော်လည်း ထိုအစာကို စားသုံး၍ တစ်ပါးသူအတွက် ထိမိ၍ လဲစရာဖြစ်စေလျှင် ထိုအခြင်းအရာသည် အပြစ်ဖြစ်၏။
နေ့တစ်နေ့ကို အထူးနေ့အဖြစ် အလေးထားသောသူသည် ဘုရားသခင်ကို ထောက်၍ အလေးထားခြင်း ဖြစ်၏။ အစားအစာအားလုံးကို စားသောသူသည် ဘုရားသခင်ကို ထောက်၍ စားခြင်း ဖြစ်၏။ သူသည် ထိုအစာအတွက် ဘုရားသခင်ကို ကျေးဇူးတင်၏။ မစားသောသူသည်လည်း ဘုရားသခင်ကို ထောက်၍ မစားဘဲနေခြင်း ဖြစ်၏။ သူသည်လည်း ဘုရားသခင်ကို ကျေးဇူးတင်၏။
သင်တို့က “ငါ၌ မည်သည့်အရာကိုမဆို လုပ်ပိုင်ခွင့်ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာတိုင်းသည် သင်တို့အတွက် ကောင်းသည်မဟုတ်။ သင်တို့က “ငါ၌ မည်သည့်အရာကိုမဆို လုပ်ပိုင်ခွင့်ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာအားလုံးသည် အကျိုးရှိစေသည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ဤကမ္ဘာလောကနှင့် ကမ္ဘာပေါ်၌ ရှိသမျှသောအရာတို့ကို ထာဝရဘုရား ပိုင်တော်မူ၏” ဟု ဖော်ပြထားသောကြောင့် ဖြစ်၏။
အကယ်၍ ကျွန်ုပ်သည် စားသုံးရသောအစာအတွက် ဘုရားသခင်ကို ကျေးဇူးတင်လျှင် ထိုသို့ကျေးဇူးတင်၍ စားသုံးရသောအစာအတွက် အဘယ်ကြောင့် ရှုတ်ချပြောဆိုခံရမည်နည်း။
သူတို့သည် အိမ်ထောင်မပြုရ ဟူ၍လည်းကောင်း၊ အချို့သောအစားအစာများကို မစားရ ဟူ၍လည်းကောင်း တားမြစ်ကြ၏။ အမှန်တွင် ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူးတော်ချီးမွမ်းလျက် စားနိုင်ကြစေရန် ထိုအစားအစာများကို ဘုရားသခင် ဖန်ဆင်းတော်မူ၏။