Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 10:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ဈေး​၌ ရောင်း​သမျှသော​အသား​ကို လိပ်ပြာသန့်သန့်​ဖြင့် မစစ်ဆေး​မမေးမြန်းဘဲ စားကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 သင်​တို့​၏​သြတ္တ​ပ္ပ​စိတ်​ကို​ထောက်​၍ စျေး​တွင်​ရောင်း သည့်​အ​မဲ​သား​ကို​စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု ဘဲ​ဝယ်​၍​စား​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25-26 ဤ မြေ ကြီး နှင့် ကြွယ် ဝ ပြည့် စုံ သ မျှ သည် ထာ ဝ ရ ဘု ရား ပိုင် ဆိုင် တော် မူ ရာ ဖြစ် သော ကြောင့် သြ တ္တ ပ္ပ စိတ် အ တွက် မေး မြန်း ခြင်း မ ရှိ ဘဲ စျေး တွင် ရောင်း ချ သော မည် သည့် အ သား မ ဆို စား ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ဩ​တ္တ​ပ္ပ​စိတ်​ကို ထောက်​ရ​သော​ကြောင့်၊ ဈေး၌ ရောင်း​သ​မျှ​ကို မ​စစ်​ကြော မ​မေး​မြန်း​ဘဲ စား​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ဈေး​၌​ရောင်း​သမျှ​သော​အသား​ကို အသိစိတ်​အတွက်ကြောင့် စစ်ဆေး​မေးမြန်း​ခြင်း​မ​ပြု​ဘဲ စား​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 10:25
7 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် အသံတော်​က “ဘုရားသခင် စင်ကြယ်စေသည့်​အရာ​ကို ညစ်ညမ်းသည်​ဟု မဆိုနှင့်” ဟူ၍ ဆိုလေ၏။


သို့ဖြစ်၍ ပြစ်ဒဏ်​ကို ကြောက်​သောကြောင့်​သာ မဟုတ်ဘဲ မိမိ​အသိစိတ်​ကြောင့်လည်း သူ​၏​အုပ်ချုပ်မှု​ကို နာခံရမည်။


မည်သည့်​အစားအစာ​မျှ ပကတိ​အလျောက် မညစ်ညမ်းကြောင်း​ကို သခင်​ယေရှု​အားဖြင့် အမှန်​ပင် ကျွန်ုပ်​သိ၏။ သို့သော်လည်း တစ်စုံတစ်ယောက်​က ညစ်ညမ်းသည်​ဟု မှတ်ယူ​လျှင် ထို​အစာ​သည် ထို​သူ​အတွက် ညစ်ညမ်း၏။


သို့သော် ယုံကြည်သူ​တိုင်း​၌ ထို​အသိပညာ​ရှိသည်​မဟုတ်ချေ။ အချို့သော​သူတို့​သည် ရုပ်တု​ကိုးကွယ်သည့် အလေ့အထ​ရှိခဲ့​သောကြောင့် ရုပ်တု​အား ပူဇော်ထားသော​အစားအစာ​ကို စား​သောအခါ စစ်မှန်သော​နတ်ဘုရားများ​၏​အစားအစာ​ကို စားသည်​ဟု ထင်မှတ်​ဆဲ​ဖြစ်ကြ၏။ သို့ဖြစ်၍ စား​သောအခါ သူတို့​၏ အသိစိတ်​သည် အားနည်း​သောကြောင့် ထို​အစာ​က သူတို့​အား ညစ်ညူးစေသည်​ဟု ထင်မှတ်ကြ၏။


ဘုရားသခင်​ဖန်ဆင်းတော်မူသော​အရာ​အားလုံး​သည် ကောင်းသည်​ဖြစ်​၍ ကျေးဇူးတော်​ချီးမွမ်း​လျက် စားသုံးသည်​ကို မတားမြစ်​သင့်ပါ။


နှလုံးသား​ဖြူစင်သူတို့​အတွက် အရာ​အားလုံး​သည် စင်ကြယ်၏။ သို့သော် ညစ်ညူး​၍ ခရစ်တော်​ကို မယုံကြည်သူတို့​အတွက် မည်သည့်​အရာမျှ မစင်ကြယ်။ သူတို့​၏ အတွေးအခေါ်​နှင့် အသိစိတ်တို့​သည် ညစ်ညူး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ