လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
၁ တိ 3:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်သော သင်းထောက်သည် နာမည်ကောင်းရ၍ ယေရှုခရစ်တော်ကို ယုံကြည်သည့်အကြောင်း ရဲဝံ့စွာ ပြောနိုင်၏။ Common Language Bible မိမိတို့၏အလုပ်တာဝန်ကိုအောင်မြင်စွာ ဆောင်ရွက်ကြသောသင်းထောက်လူကြီးများ သည်ဂုဏ်ရည်မြင့်လျက် မိမိတို့၏ခရစ်တော် ကိုယုံကြည်ခြင်းအကြောင်းတရားကို ရဲရင့်စွာဟောပြောနိုင်ကြ၏။ Garrad Bible ကောင်း မွန် စွာ ဆောင် ရွက် သော ထို သူ တို့ သည် ကောင်း သော အ ခြေ အ နေ ကို ရ သည့် ပြင် ခ ရစ် တော် ယေ ရှု အား ယုံ ကြည် ခြင်း အ မှု ကို အ လွန် ရဲ ရင့် စွာ ပြု တတ် ၏။ Judson Bible အကြောင်းမူကား၊ သင်းထောက်အမှုကို ကောင်းစွာရွက်ဆောင်သော သူတို့သည် မိမိတို့အဖို့ ကောင်းသောအရာကိုလည်းကောင်း၊ ယေရှုခရစ်၏ ယုံကြည်ခြင်း၌ ရဲရင့်ခြင်းသတ္တိကိုလည်းကောင်း အမြတ်ရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သင်းထောက်အမှုကို ကောင်းစွာဆောင်ရွက်သောသူတို့သည် မိမိတို့အတွက် ကောင်းသောဂုဏ်ရည်ကိုရရှိသည့်အပြင် ခရစ်တော်ယေရှုကိုယုံကြည်သောအရာ၌ များစွာသောရဲရင့်မှုကိုရရှိကြ၏။ |
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
သူ၏ သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသောတာဝန်များကို သင့်အား ငါလွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
သူက ‘ကောင်းပေ၏။ သင်သည်အစေခံကောင်းဖြစ်၏။ အမှုကိစ္စငယ်လေးတွင်ပင် သင်သည် သစ္စာရှိသောကြောင့် မြို့ကြီးဆယ်မြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။
လှေကားနားသို့ရောက်သောအခါ လူထု၏ဆူပူသောင်းကျန်းမှုသည် အလွန်ပြင်းထန်လာသောကြောင့် စစ်သားများသည် ပေါလုကို ထမ်း၍ ခေါ်သွားကြရ၏။
ထိုသို့ တရားလွှတ်တော်၌ ထိုင်သောသူရှိသမျှတို့သည် သတေဖန်ကို စိုက်ကြည့်လေသော် သူ၏မျက်နှာသည် ကောင်းကင်တမန်မျက်နှာကဲ့သို့ဖြစ်သည်ကို မြင်တွေ့ကြ၏။
တမန်တော်တို့ပြောသောအရာများကို ယုံကြည်သူများအားလုံးသည် နှစ်သက်ကြလျက် ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံသောသတေဖန်နှင့်တကွ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့် ဂျူးဘာသာဝင်ဖြစ်လာသူ အန္တိအုတ်မြို့သားနိကောလတို့ကို ရွေးချယ်ကြ၏။
သတေဖန်သည် ကျေးဇူးတော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း ပြည့်ဝလျက် ကြီးမားသောအံ့ဖွယ်ဖြစ်ရပ်များနှင့် နိမိတ်လက္ခဏာများကို လူများရှေ့တွင် ပြု၏။
ညီအစ်ကိုမောင်နှမတို့… သတေဖနာနှင့် သူ၏ အိမ်သူအိမ်သားတို့သည် ဂရိပြည်တွင် ပထမဆုံး ယုံကြည်သက်ဝင်လာကြသောသူများဖြစ်ပြီး ယုံကြည်သူများကို အစေခံရန် မိမိတို့ကိုယ်မိမိ ဆက်ကပ်ထားသူများဖြစ်ကြောင်း သင်တို့သိကြ၏။
ကျွန်ုပ်အကျဉ်းချခံရခြင်းကြောင့် အများစုသော ညီအစ်ကိုမောင်နှမတို့သည် သခင်ဘုရားအပေါ် စိတ်ချယုံကြည်လျက် မကြောက်ရွံ့ဘဲ သတင်းကောင်းကို ဟောပြောရန် ပိုမိုရဲရင့်လာကြ၏။
ကျွန်ုပ်တို့သည် ဖိလိပ္ပိမြို့၌ ဒုက္ခဆင်းရဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံခဲ့ကြောင်း သင်တို့သိကြ၏။ သို့သော်လည်း ဘုရားသခင် ကူညီမစတော်မူသောကြောင့် ပြင်းထန်သည့် ဆန့်ကျင်တိုက်ခိုက်မှုကြားကပင် ကိုယ်တော်၏ သတင်းကောင်းကို သင်တို့ထံ ရဲဝံ့စွာ ဟောပြောခဲ့ကြ၏။
သင့်ထံသို့ အမြန်လာနိုင်ရန် မျှော်လင့်သော်လည်း ဤအရာများကို ဦးစွာ ရေးပို့လိုက်ပါ၏။
ကျွန်ုပ်၏သား တိမောသေ… ယေရှုခရစ်တော်ပေးတော်မူသော ကျေးဇူးတော်ဖြင့် ကြံ့ခိုင်လော့။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။