သန့်ရှင်းသောဝိညာဉ်တော်နှင့် ကျွန်ုပ်တို့သည် အရေးကြီးသောအောက်ပါအချက်များမှအပ အခြားသောဝန်ထုပ်ဝန်ပိုးများကို သင်တို့အပေါ်မတင်လျှင် ကောင်းမည်ဟု သဘောတူကြပါ၏။
၁ ကော 9:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးလူမျိုးတို့၏ပညတ်တရားကို မကျင့်သုံးသော လူမျိုးခြားတို့နှင့်အတူရှိစဉ်က ထိုသူတို့ကို ကယ်တင်နိုင်ရန် ပညတ်တရားကို မကျင့်သုံးသောသူကဲ့သို့ နေထိုင်၏။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တရားကို လျစ်လျူမရှု၊ ခရစ်တော်၏ ပညတ်တရားကို နာခံကျင့်သုံး၏။ Common Language Bible ထိုနည်းတူစွာလူမျိုးခြားများထံတွင် အမှု တော်ဆောင်စဉ်သူတို့ကိုကယ်တင်နိုင်ရန် ပညတ် တရားကိုမကျင့်သုံးဘဲ လူမျိုးခြားကဲ့သို့ နေထိုင်၏။ ဤသို့ဆိုရာ၌ငါသည်ဘုရား သခင်၏ပညတ်တော်ကို မလိုက်နာဟုမဆို လို။ အမှန်အားဖြင့်ဆိုသော် ငါသည်ခရစ်တော် ၏တရားတော်ကို လိုက်နာကျင့်သုံးသူဖြစ် သည်။- Garrad Bible ခ ရစ် တော့် တ ရား အောက် နေ သူ ဟုတ် သော် လည်း တ ရား မဲ့ သူ တို့ ကို ရ ခြင်း ငှာ ထို သူ တို့ ရှေ့ တ ရား မဲ့ သူ အ ဖြစ်၊ Judson Bible ဘုရားသခင့်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏တရားကို ကျင့်သောသူဖြစ်သော်လည်း၊ ပညတ်တရားမဲ့သောသူတို့ကို ရခြင်းအလိုငှာ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သောသူကဲ့သို့ ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဘုရားသခင်၏ပညတ်တရားနှင့် ကင်းဝေးသောသူမဟုတ်ဘဲ ခရစ်တော်၏ပညတ်တရားအောက်၌ရှိသော်လည်း ပညတ်တရားနှင့်ကင်းဝေးသောသူတို့ကိုရရှိနိုင်ရန် ပညတ်တရားနှင့်ကင်းဝေးသောသူတို့တွင် ပညတ်တရားနှင့်ကင်းဝေးသောသူကဲ့သို့ဖြစ်၏။ |
သန့်ရှင်းသောဝိညာဉ်တော်နှင့် ကျွန်ုပ်တို့သည် အရေးကြီးသောအောက်ပါအချက်များမှအပ အခြားသောဝန်ထုပ်ဝန်ပိုးများကို သင်တို့အပေါ်မတင်လျှင် ကောင်းမည်ဟု သဘောတူကြပါ၏။
ထို့နောက် သူတို့သည် မြို့များကို ဖြတ်သွားကြစဉ် ဂျေရုဆလင်မြို့ရှိ အသင်းတော်အကြီးအကဲများနှင့် တမန်တော်တို့မှ ဆုံးဖြတ်ထားသောပညတ်တို့ကို ယုံကြည်သူများ လိုက်နာရန် ညွှန်ကြားကြ၏။
ယုံကြည်လာကြသောလူမျိုးခြားများအတွက်မူ သူတို့သည် ရုပ်တုများကို ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ သွေးကို စားသုံးခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် တရားနှင့်မညီသော မေထုန်ပြုခြင်း စသည်တို့ကို ရှောင်ကြဉ်ရန် ကျွန်ုပ်တို့ဆုံးဖြတ်၍ စာရေးပေးပို့ကြပြီ” ဟု ဆိုကြ၏။
လူမျိုးခြားတို့သည် ဘုရားသခင်၏ပညတ်တရားကို မသိဘဲ အပြစ်ကျူးလွန်ပါက ပညတ်တရားမပါဘဲ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ပညတ်တရားကို သိသော ဂျူးလူမျိုးတို့သည် အပြစ်ကျူးလွန်ပါက ထိုပညတ်တရားအတိုင်း အပြစ်စီရင်ခြင်းခံရလိမ့်မည်။
ဘုရားသခင်၏ ပညတ်တရားကို မသိသော လူမျိုးခြားတို့ပင်လျှင် ထိုပညတ်တရား၌ ပြဋ္ဌာန်းထားသောအချက်များကို အလိုအလျောက် ပြုကျင့်မိသောအခါ ပညတ်တရားကို မသိသော်လည်း ၎င်းတို့သည် သူတို့အတွက် ပညတ်တရားဖြစ်လာ၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ကယ်တင်တော်မူသောဘုရားသခင်၏ ကျေးဇူးတော်ကြီးလှ၏။ ဤသို့ဖြင့် ကျွန်ုပ်၏စိတ်နှလုံးအတွင်း၌ ဘုရားသခင်၏ပညတ်တရားကို နာခံလိုသော်လည်း လူ့ဗီဇစိတ်အားဖြင့်မူ အပြစ်တရားကို နာခံလျက် နေရ၏။
ထိုသို့ပြုတော်မူခဲ့ခြင်းမှာ လူ့ဗီဇစိတ်အလိုအတိုင်း ပြုမူမနေထိုင်တော့ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သော ကျွန်ုပ်တို့သည် ပညတ်တရား၏ ပြဋ္ဌာန်းချက်တို့ကို အပြည့်အဝဖြည့်ဆည်းနိုင်ရန် ဖြစ်၏။
သင်တို့ထံမှ ကျွန်ုပ်သိလိုသောအရာ တစ်ခုသာ ရှိ၏။ သင်တို့သည် ဝိညာဉ်တော်ကို ခံယူရရှိရာတွင် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ခံယူရရှိသလော။ သို့မဟုတ် ကြားနာရသော သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိသလော။
အချင်းချင်းတို့၏ ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ကြလော့။ ဤသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏ တရားတော်ကို လိုက်နာလိမ့်မည်။
ထာဝရဘုရားမိန့်တော်မူသည်မှာ ထိုကာလပြီးနောက် ငါသည် အစ္စရေးလူမျိုးတို့နှင့် ပဋိညာဉ်ဖွဲ့မည်။ ငါ့ပညတ်တရားကို သူတို့အသိဉာဏ်၌ ထည့်သွင်း၍ သူတို့၏ နှလုံးသား၌ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည် ငါ၏လူများဖြစ်ကြလိမ့်မည်။