Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ဂျူးလူမျိုးတို့​နှင့်အတူ​ရှိစဉ်က ဂျူးလူမျိုးတို့​ကို ကယ်တင်​နိုင်ရန် ဂျူးလူမျိုး​ကဲ့သို့ နေထိုင်၏။ ဂျူးလူမျိုးတို့​၏ ပညတ်တရား​ကို လိုက်နာ​စောင့်ထိန်းသူ​မဟုတ်​သော်လည်း ထို​ပညတ်တရား​ကို လိုက်နာ​စောင့်ထိန်းသော​ဂျူးလူမျိုးတို့​ကို ကယ်တင်​နိုင်ရန် ပညတ်တရား​ကို စောင့်ထိန်းသူ​ကဲ့သို့ နေထိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင်​အ​မှု တော်​ဆောင်​စဉ် သူ​တို့​ကို​ကယ်​တင်​နိုင်​ရန်​ယု​ဒ အ​မျိုး​သား​ကဲ့​သို့​နေ​ထိုင်​၏။ ထို​သူ​တို့​ကို ကယ်​တင်​နိုင်​ရန်​ငါ​သည်​ပ​ညတ်​တ​ရား​စောင့် ထိန်း​သူ​မ​ဟုတ်​သော်​လည်း ပ​ညတ်​တ​ရား စောင့်​ထိန်း​သူ​ကဲ့​သို့​ငါ​နေ​ထိုင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ယု ဒ လူ မျိုး တို့ ကို ရ ခြင်း ငှာ ထို သူ တို့ ရှေ့ ယု ဒ လူ မျိုး အ ဖြစ် ပ ညတ် တ ရား အောက် နေ သူ မ ဟုတ် သော် လည်း ပ ညတ် တ ရား အောက် နေ သူ တို့ ကို ရ ခြင်း ငှာ ထို သူ တို့ ရှေ့ ပ ညတ် တ ရား အောက် နေ သူ အ ဖြစ် ဘု ရား သ ခင့် ရှေ့ တ ရား မဲ့ သူ မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ယု​ဒ​လူ​တို့​ကို​ရ​ခြင်း​အ​လို​ငှာ ယု​ဒ​လူ​တို့၌ ယု​ဒ​လူ​ကဲ့​သို့​ဖြစ်၏။ ပ​ညတ်​တ​ရား​ကို ကိုယ်​တိုင် မ​ဆည်း​ကပ်​သော်​လည်း၊ ပ​ညတ်​တ​ရား​ကို ဆည်း​ကပ်​သော​သူ​တို့​ကို ရ​ခြင်း​အ​လို​ငှာ၊ ပ​ညတ်​တ​ရား​ကို ဆည်း​ကပ်​သော​သူ​တို့၌ ပ​ညတ်​တ​ရား​ကို ကျင့်​သော​သူ​ကဲ့​သို့​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ဂျူး​လူမျိုး​တို့​ကို​ရရှိ​နိုင်​ရန် ဂျူး​လူမျိုး​တို့​တွင် ဂျူး​လူမျိုး​ကဲ့သို့​ဖြစ်​၏။ ငါ​ကိုယ်တိုင် ပညတ်​တရား​အောက်၌​မ​ရှိ​သော်လည်း ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​အတွက် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:20
11 ပူးပေါင်းရင်းမြစ်များ  

ပေါလု​သည် တိမောသေ​ကို မိမိ​နှင့်အတူ လိုက်ပါစေလို​သဖြင့် သူတို့​မထွက်ခွာ​မီ သူ့​အား အရေပြားလှီးခြင်း​မင်္ဂလာ​ကို ပေးလေ၏။ အဘယ်ကြောင့်ဆိုသော် ထို​နယ်​ရှိ ဂျူးလူမျိုးများ​က သူ​၏​ဖခင်​မှာ ဂရိလူမျိုး​ဖြစ်ကြောင်း​ကို သိကြ​သောကြောင့်​ဖြစ်၏။


ပေါလု​သည် ကောရိန္သုမြို့​၌ ရက်ပေါင်း​များစွာ နေ​ပြီးနောက် ယုံကြည်သူတို့​အား နှုတ်ဆက်​ကာ ကင်ခြေမြို့​သို့ သွားလေ၏။ ပေါလု​သည် ယခင်က သစ္စာပြုထားခဲ့​သည် ဖြစ်​၍ ရွက်​မလွှင့်မီ ကင်ခြေမြို့​တွင် ဆံပင်ရိတ်လေ၏။ ထို့နောက် ပြစ်ကိလ၊ အာကုလ​တို့​နှင့်အတူ ဆီးရီးယားပြည်​သို့ ရွက်လွှင့်ကြ၏။


သင်တို့​ရရှိသည့် အကျိုး​အားဖြင့် ကျွန်ုပ်​၏ လူမျိုးတို့​ကို သဝန်တိုစိတ်​ဖြစ်စေ​၍ သူတို့​အထဲမှ တချို့​ကို ကယ်တင်​ရန် ဆန္ဒ​ရှိ၏။


ပညတ်တရား​၌ ပါ​သမျှသော​ပြဋ္ဌာန်းချက်များ​သည် ထို​ပညတ်တရား​ကို ခံယူရရှိသော​သူတို့​အတွက်​ဖြစ်ကြောင်း ကျွန်ုပ်တို့​သိကြ၏။ ပညတ်တရား​၏ ရည်ရွယ်ချက်​မှာ လူတို့​ကို မိမိတို့​၏​အပြစ်​အတွက်​ဆင်ခြေ​မပေး​ရန်​နှင့် လောကီသား​အားလုံး​သည် ဘုရားသခင်​ရှေ့တော်​၌ အပြစ်​ရှိကြောင်း ဖော်ပြ​ရန်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​ကို ကျွန်ုပ်​လိုက်နာ​ရန် ကြိုးပမ်း​သောအခါ ထို​ပညတ်တရား​သည် ကျွန်ုပ်​ကို သေစေခဲ့​သောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်​သည် ပညတ်တရား​၌ သေလူ​ဖြစ်ပြီး ဘုရားသခင်​အတွက် အသက်ရှင်​နိုင်ရန် ပညတ်တရား​၏ ပြဋ္ဌာန်းချက်များ​ကို လိုက်နာ​ရန် မကြိုးပမ်းတော့ပေ။


ပညတ်တရား​လက်အောက်​၌ နေလိုသော​သူတို့… ကျွန်ုပ်​မေးပါမည်။ ပညတ်တရား​၌ မည်သို့​ဆိုထားသည်​ကို နားမလည်ကြသလော။


ဤသည်​မှာ ပညတ်တရား​၏ လက်အောက်ခံ​ဖြစ်သော ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ​၍ ကျွန်ုပ်တို့​အား သားသမီး​ဖြစ်ခွင့်​ကို ရရှိ​စေရန်​ဖြစ်၏။


သို့သော် ဝိညာဉ်တော်​၏ လမ်းညွှန်မှု​ကို ခံရ​လျှင် သင်တို့​သည် ပညတ်တရား​လက်အောက်​၌ မရှိပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ