ထိုအရှင်၏ သက်သေကို လက်ခံသောသူကမူ ဘုရားသခင်သည် ဖြောင့်မှန်တော်မူသည်ဟု သတ်မှတ်၏။
၁ ကော 9:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် အခြားသူတို့အတွက် တမန်တော် မဖြစ်လျှင်ပင် သင်တို့အတွက် တမန်တော်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့ကိုယ်တိုင်သည် သခင်ဘုရားနှင့် တပေါင်းတစည်းတည်းရှိခြင်းအားဖြင့် ကျွန်ုပ်တမန်တော်ဖြစ်ကြောင်း သက်သေဖြစ်ကြသောကြောင့် ဖြစ်၏။ Common Language Bible အခြားသူများသည်ငါ့အားတမန်တော် အဖြစ်ဖြင့်လက်မခံကြစေကာမူ သင်တို့ လက်ခံကြသည်မဟုတ်ပါလော။ ငါသည် သခင်ဘုရား၏တမန်တော်ဖြစ်ကြောင်း သက်သေပြရန်မှာ သခင်ဘုရားနှင့်တစ် လုံးတစ်ဝတည်းရှိပြီးအသက်ရှင်ကြ သောသင်တို့ပင်ဖြစ်ပေသည်။ Garrad Bible ငါ သည် သူ တစ် ထူး တို့ အ ဖို့ တ မန် တော် မ ဟုတ် ဖြစ် စေ ဦး တော့။ အ ရှင် ဘု ရား အား ဖြင့် ခတ် နှိပ် သော တံ ဆိပ် သ ဖွယ် ဖြစ် သူ သင် တို့ အ ဖို့ မူ ကား ဟုတ် မှန်၏။ Judson Bible ငါသည် အခြားသောသူတို့အား တမန်တော် မဖြစ်သော်လည်း၊ သင်တို့အား တမန်တော်အမှန်ဖြစ်၏။ အကြောင်းမူကား၊ ငါသည် တမန်တော်မှန်သည်ဟု သင်တို့သည် တပည့်တော်ဖြစ်သောအားဖြင့် ငါ့ကို တံဆိပ်ခတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အခြားသောသူတို့အတွက် ငါသည် တမန်တော်မဖြစ်ခဲ့လျှင်ပင် သင်တို့အတွက်မူကား ငါသည် တမန်တော်ဖြစ်၏။ အကြောင်းမူကား သင်တို့သည် သခင်ဘုရား၌ ငါ၏တမန်တော်ဖြစ်ခြင်း၏တံဆိပ်ဖြစ်ကြ၏။ |
ထိုအရှင်၏ သက်သေကို လက်ခံသောသူကမူ ဘုရားသခင်သည် ဖြောင့်မှန်တော်မူသည်ဟု သတ်မှတ်၏။
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တမန်တော်ဖြစ်ကြောင်းကို သင်တို့နှင့်အတူရှိစဉ် လက္ခဏာများနှင့်တကွ သက်သေပြခဲ့၏။ ကျွန်ုပ်သည် နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များနှင့် အံ့ဖွယ်တန်ခိုးများဖြင့် သင်တို့အား စိတ်ရှည်စွာ ပြခဲ့၏။