ထိုသူသည် အစေခံတို့ကို သူတို့၏ အရည်အချင်းနှင့်အညီ တစ်ဦးအား ငွေငါးပိဿာ၊ နောက်တစ်ဦးအား ငွေနှစ်ပိဿာနှင့် နောက်ဆုံးတစ်ဦးအား ငွေတစ်ပိဿာ ပေးအပ်ပြီး ခရီးထွက်လေ၏။
၁ ကော 8:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် အစားအစာဖြင့် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရသည်မဟုတ်ပေ။ ကျွန်ုပ်တို့မစားဘဲနေလျှင် လည်း အရှုံးမရှိပါ။ စားလျှင်လည်း အမြတ်မရှိပါ။ Common Language Bible အစားအစာသည်ဘုရားသခင်၏ရှေ့တော် တွင်အဋ္ဌိကမဟုတ်။ အစားအစာကိုမစား ဘဲနေလျှင်ငါတို့မှာအရှုံးမရှိ။ စားလျှင် လည်းအမြတ်မရ။ Garrad Bible စား ဖွယ် ခဲ ဖွယ် အား ဖြင့် ငါ တို့ သည် ဘု ရား သ ခင့် ရှေ့ တော် သို့ မ ရောက် မည့် အ လျောက် သုံး ဆောင် လျှင် အ ကျိုး မြတ် သည် မ သုံး ဆောင် လျှင် အ ကျိုး ယုတ် သည် မ ဆို ရ သော် လည်း၊ Judson Bible အစားအသောက်အားဖြင့် ဘုရားသခင့်ရှေ့မှာ မျက်နှာရသည်မဟုတ်။ အစားကိုသုံးကာမျှဖြင့် မြတ်သည် မဟုတ်။ ရှောင်ကာမျှဖြင့် ယုတ်သည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း အစားအစာသည် ဘုရားသခင်ရှေ့တော်၌ ငါတို့ကို မျက်နှာရစေလိမ့်မည်မဟုတ်။ မစားဘဲနေလျှင်လည်း အရှုံးမရှိ။ စားလျှင်လည်း အမြတ်မရ။ |
ထိုသူသည် အစေခံတို့ကို သူတို့၏ အရည်အချင်းနှင့်အညီ တစ်ဦးအား ငွေငါးပိဿာ၊ နောက်တစ်ဦးအား ငွေနှစ်ပိဿာနှင့် နောက်ဆုံးတစ်ဦးအား ငွေတစ်ပိဿာ ပေးအပ်ပြီး ခရီးထွက်လေ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
သင်တို့က “အစာသည် ဝမ်းအတွက် ဖြစ်၍ ဝမ်းသည် အစာအတွက် ဖြစ်သည်” ဟု ဆိုကြ၏။ ဤစကားသည် မှန်၏။ သို့သော်လည်း တစ်နေ့တစ်ချိန်တွင် ဘုရားသခင်သည် ထိုအရာနှစ်မျိုးလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီသော မေထုန်ကိုပြုရန်အတွက် မဟုတ်ဘဲ ဘုရားသခင်အတွက်သာ ဖြစ်၏။ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို ကြည့်ရှုစောင့်ရှောက်တော်မူ၏။
ထူးဆန်းသည့် အယူဝါဒအမျိုးမျိုး ဆွဲဆောင်ရာ နောက်သို့ မလိုက်ကြနှင့်။ စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေရာတွင် အစားအစာအားဖြင့် မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံစေလျှင် အကျိုးရှိ၏။ အစားအစာနှင့် ပတ်သက်သောပညတ်များကို လိုက်နာသောသူတို့မှာမူ မည်သည့်အကျိုးကိုမျှ မရရှိ။