၁ ကော 8:8 - Common Language Bible8 အစားအစာသည်ဘုရားသခင်၏ရှေ့တော် တွင်အဋ္ဌိကမဟုတ်။ အစားအစာကိုမစား ဘဲနေလျှင်ငါတို့မှာအရှုံးမရှိ။ စားလျှင် လည်းအမြတ်မရ။ အခန်းကိုကြည့်ပါ။Garrad Bible8 စား ဖွယ် ခဲ ဖွယ် အား ဖြင့် ငါ တို့ သည် ဘု ရား သ ခင့် ရှေ့ တော် သို့ မ ရောက် မည့် အ လျောက် သုံး ဆောင် လျှင် အ ကျိုး မြတ် သည် မ သုံး ဆောင် လျှင် အ ကျိုး ယုတ် သည် မ ဆို ရ သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible8 အစားအသောက်အားဖြင့် ဘုရားသခင့်ရှေ့မှာ မျက်နှာရသည်မဟုတ်။ အစားကိုသုံးကာမျှဖြင့် မြတ်သည် မဟုတ်။ ရှောင်ကာမျှဖြင့် ယုတ်သည်မဟုတ်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 အစားအစာသည် ဘုရားသခင်ရှေ့တော်၌ ငါတို့ကို မျက်နှာရစေလိမ့်မည်မဟုတ်။ မစားဘဲနေလျှင်လည်း အရှုံးမရှိ။ စားလျှင်လည်း အမြတ်မရ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 သို့သော် အစားအစာဖြင့် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရသည်မဟုတ်ပေ။ ကျွန်ုပ်တို့မစားဘဲနေလျှင် လည်း အရှုံးမရှိပါ။ စားလျှင်လည်း အမြတ်မရှိပါ။ အခန်းကိုကြည့်ပါ။ |
``အစားအစာသည်ဝမ်းအတွက်ဖြစ်၏။ ဝမ်း သည်လည်းအစားအစာအတွက်ဖြစ်၏'' ဟု သင်တို့ဆိုလိမ့်မည်။ ဤစကားသည်မှန်ပေ၏။ သို့ရာတွင်ဘုရားသခင်သည်ထိုအရာနှစ်ခု လုံးကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။ ကိုယ်ခန္ဓာ သည်ကာမဂုဏ်လိုက်စားရန်အတွက်မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် အတွက်ဖြစ်၏။ ဘုရားသခင်သည်လည်းကိုယ် ခန္ဓာလိုအပ်သည်များကိုချပေးတော်မူ၏။-
သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။