ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် သွေးကို စားသုံးခြင်းတို့မှရှောင်ကြဉ်ရန်သာ စာရေး၍ မှာကြားသင့်ကြောင်း ကျွန်ုပ်ယူဆပါ၏။
၁ ကော 8:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် အသိပညာရှိသောသင်သည် ရုပ်တုဆောင်အတွင်း၌ စားသောက်နေသည်ကို အသိစိတ်အားနည်းသူက မြင်တွေ့လျှင် ထိုသူသည် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားရန် ရဲဝံ့လာမည်မဟုတ်လော။ Common Language Bible အကယ်၍ဤကိစ္စမျိုး၌စိတ်မသိုးမသန့် ဖြစ်သူသည် ``အသိပညာ'' ရှိသူသင်တို့က နတ်ကွန်းအတွင်း၌ထိုင်လျက်စားသောက်နေ သည်ကိုတွေ့ရှိသောအခါ ရုပ်တုအားဆက်သ သည့်ပူဇော်သကာကိုစားရဲလာမည်မဟုတ် ပါလော။- Garrad Bible အ သို့ ဆို သော် အ သိ ပ ညာ ရှိ သော သင် သည် ရုပ် ပွား ကျောင်း၌ စား ပွဲ ထိုင် နေ သည် ကို နုန့် နဲ့ သူ တစ် ယောက် ယောက် မြင် သော် ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား ကို သုံး ဆောင် ရန် သြ တ္တ ပ္ပ စိတ် ရဲ ရင့် မည် မ ဟုတ် လော။ Judson Bible အကြောင်းမူကား၊ သင်သည် ပိုင်းခြားတတ်သော ဉာဏ်ရှိလျက်ပင်၊ ရုပ်တုစင်ထဲ၌ စားပွဲနားမှာ လျောင်းသည်ကို သူတစ်ပါးမြင်လျှင်၊ ကိုယ်ကိုကိုယ်သိသောစိတ် အားနည်းသောသူသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းငှာ ရဲမည်မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အသိပညာရှိသောသင်သည် ရုပ်တုဗိမာန်ထဲ၌ ထိုင်၍စားသောက်နေသည်ကို တစ်စုံတစ်ဦးကတွေ့မြင်လျှင် ထိုသူ၏အားနည်းသည့်အသိစိတ်သည် ရုပ်တုအားပူဇော်ထားသောအရာကိုစားရန် ရဲတင်းလာမည်မဟုတ်လော။ |
ရုပ်တုများအား ပူဇော်ထားသောအစားအစာကို စားသုံးခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၏အသားကို စားသုံးခြင်းနှင့် သွေးကို စားသုံးခြင်းတို့မှရှောင်ကြဉ်ရန်သာ စာရေး၍ မှာကြားသင့်ကြောင်း ကျွန်ုပ်ယူဆပါ၏။
မည်သည့်အစားအစာမျှ ပကတိအလျောက် မညစ်ညမ်းကြောင်းကို သခင်ယေရှုအားဖြင့် အမှန်ပင် ကျွန်ုပ်သိ၏။ သို့သော်လည်း တစ်စုံတစ်ယောက်က ညစ်ညမ်းသည်ဟု မှတ်ယူလျှင် ထိုအစာသည် ထိုသူအတွက် ညစ်ညမ်း၏။
သို့သော် စားသင့်၊ မစားသင့်ဟူ၍ သံသယစိတ်နှင့်စားလျှင် သင်သည် ယုံကြည်ခြင်းနှင့် မစားသောကြောင့် အပြစ်စီရင်ခြင်းကို ခံရမည်။ မယုံကြည်ဘဲ ပြုလုပ်သမျှအရာတို့သည် အပြစ်ဖြစ်၏။
ကျွန်ုပ်သည် လူများစွာ ကယ်တင်ခံရစေလိုသောကြောင့် ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုသာ ရှာလျက် လုပ်ဆောင်လေရာရာတွင် လူတိုင်း၏ ကျေနပ်နှစ်သက်မှုကို ရစေရန် ကြိုးစား၏။ သင်တို့သည်လည်း ကျွန်ုပ်ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်၏အသင်းတော် စသည်တို့ကို ထိမိ၍ လဲစရာ မဖြစ်စေရန် ကြိုးစားကြလော့။
ထို့ကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောက်ခြင်းနှင့်ပတ်သက်၍ ဆိုရလျှင် ရုပ်တုသည် ဤလောကတွင် သက်ရှိမဟုတ်ကြောင်းနှင့် ဘုရားသခင်တစ်ဆူတည်းမှလွဲ၍ အခြားဘုရားမရှိကြောင်းကို ကျွန်ုပ်တို့သိကြ၏။
သို့သော် ယုံကြည်သူတိုင်း၌ ထိုအသိပညာရှိသည်မဟုတ်ချေ။ အချို့သောသူတို့သည် ရုပ်တုကိုးကွယ်သည့် အလေ့အထရှိခဲ့သောကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောအခါ စစ်မှန်သောနတ်ဘုရားများ၏အစားအစာကို စားသည်ဟု ထင်မှတ်ဆဲဖြစ်ကြ၏။ သို့ဖြစ်၍ စားသောအခါ သူတို့၏ အသိစိတ်သည် အားနည်းသောကြောင့် ထိုအစာက သူတို့အား ညစ်ညူးစေသည်ဟု ထင်မှတ်ကြ၏။
သို့သော်လည်း သင်တို့၏ လွတ်လပ်မှုသည် အသိစိတ်အားနည်းသူတို့အတွက် ထိမိ၍ လဲစရာ မဖြစ်စေရန် သတိပြုကြလော့။