အိမ်ထောင်ရှိသောသူများအတွက် ကျွန်ုပ်ထံမှ မဟုတ်ဘဲ သခင်ဘုရားထံမှ လာသော ပညတ်ချက်ရှိ၏။ ဇနီးသည် မိမိခင်ပွန်းနှင့် ခွဲမနေရ။
၁ ကော 7:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဇနီးသည် မိမိခင်ပွန်း အသက်ရှင်နေသမျှကာလပတ်လုံး ထိုခင်ပွန်းနှင့် နှောင်ဖွဲ့ထား၏။ ခင်ပွန်းကွယ်လွန်လျှင် မိမိနှစ်သက်သောသူနှင့် လက်ထပ်ခွင့်ရှိ၏။ သို့သော်လည်း ထိုသူသည် သခင်ဘုရားကို ယုံကြည်သောသူဖြစ်ရမည်။ Common Language Bible ဇနီးဖြစ်သူသည်မိမိ၏ခင်ပွန်းအသက်ရှင် သမျှကာလပတ်လုံးချည်နှောင်မှုရှိ၏။ ခင်ပွန်း သေဆုံးသွားသောအခါ၌မူ မိမိနှစ်သက်သူ မည်သူနှင့်မဆိုထိမ်းမြားလက်ထပ်နိုင်၏။ သို့ ရာတွင်ထိုထိမ်းမြားလက်ထပ်မှုသည်ယုံကြည် သူအချင်းချင်းထိမ်းမြားလက်ထပ်မှုသာ လျှင်ဖြစ်ရမည်။- Garrad Bible မ ယား ဖြစ် သူ သည် လင် အ သက် ရှင် သ မျှ ကာ လ အ တွင်း ချည် နှောင် လျက် ရှိ၏။ လင် သေ လျှင် မူ ကား အ ရှင် ဘု ရား၌ ဖြစ် က အ လို ရှိ သူ နှင့် အိမ် ထောင် ပြု ရန် လွတ် လေ ပြီ။ Judson Bible မိန်းမသည် မိမိခင်ပွန်းမသေမီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေလျှင်မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသောသူ၏ မယားဖြစ်ခြင်းငှာ အခွင့်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း မယားသည် မိမိလင်ယောက်ျားအသက်ရှင်နေသရွေ့ကာလပတ်လုံး အနှောင်အဖွဲ့ရှိ၏။ လင်ယောက်ျားသေဆုံးခဲ့လျှင်မူကား မိမိနှစ်သက်သောသူနှင့် သခင်ဘုရား၌သာ အိမ်ထောင်ပြုခွင့်ရှိ၏။ |
အိမ်ထောင်ရှိသောသူများအတွက် ကျွန်ုပ်ထံမှ မဟုတ်ဘဲ သခင်ဘုရားထံမှ လာသော ပညတ်ချက်ရှိ၏။ ဇနီးသည် မိမိခင်ပွန်းနှင့် ခွဲမနေရ။
သို့သော် မယုံကြည်သောခင်ပွန်း၊ သို့မဟုတ် ဇနီးက ကွာရှင်းလိုလျှင် ကွာရှင်းပါစေ။ ထိုအခြေအနေမျိုးတွင် ယုံကြည်သောခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ ထိုသူနှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်သည် သင်တို့အား ငြိမ်းချမ်းစွာ နေထိုင်ရန် ရွေးကောက်တော်မူ၏။
ထို့ကြောင့် မိမိနှင့် စေ့စပ်ထားသောမိန်းမပျိုကို လက်ထပ်သောသူသည် ကောင်းမွန်စွာပြု၏။ လက်မထပ်သောသူမှာမူ ပို၍ ကောင်းမွန်စွာပြု၏။