၁ ကော 7:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ကျန်ရှိသောအချိန်သည် အလွန်တိုတောင်း၏။ ထို့ကြောင့် ယခုမှစ၍ ဇနီးရှိသောသူတို့သည် ဇနီးမရှိသောသူကဲ့သို့လည်းကောင်း၊ Common Language Bible ညီအစ်ကိုတို့၊ ငါဆိုလိုသည်ကားဤသို့တည်း။ အချိန်ကာလကုန်ဆုံးတော့မည်။ ယခုမှစ၍ အိမ်ထောင်ရှင်အမျိုးသားများသည်အိမ်ထောင် မရှိသကဲ့သို့နေအပ်၏။- Garrad Bible ညီ အစ် ကို တို့၊ ဤ လော က အ ဆင်း သ ဏ္ဌာန် ပ ပျောက်၍ ခေတ် ကာ လ ကျုံ့ လှ ပြီ ဖြစ် သော ကြောင့် မ ယား ရှိ သူ တို့ သည် မ ရှိ သ ကဲ့ သို့ လည်း ကောင်း၊ ငို ကြွေး သူ တို့ သည် မ ငို ကြွေး သ ကဲ့ သို့ လည်း ကောင်း၊ ရွှင် လန်း သူ တို့ သည် မ ရွှင် လန်း သ ကဲ့ သို့ လည်း ကောင်း၊ ဝယ် ချမ်း သူ တို့ သည် လက် မဲ့ သ ကဲ့ သို့ လည်း ကောင်း၊ ဤ လော က ဆိုင် ရာ အ သုံး ပြု သူ တို့ သည် အ သုံး မ ကြူး သ ကဲ့ သို့ လည်း ကောင်း ယ ခု မှ စ၍ ရှိ နေ ကြ ရ မည်။ Judson Bible ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ ကျန်ကြွင်းသော ကာလသည် ကျဉ်းကျပ်သည်ဖြစ်၍၊ မယားရှိသောသူသည် မယားမရှိသကဲ့သို့ ဖြစ်ရမည်။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ဤသို့ငါဆို၏။ အချိန်အခါကုန်လုနီးပြီဖြစ်သောကြောင့် ယခုမှစ၍ မယားရှိသောသူတို့သည် မယားမရှိသောသူကဲ့သို့လည်းကောင်း၊ |
သို့သော် အိမ်ထောင်ပြုလျှင်လည်း ၎င်းသည် အပြစ်မဟုတ်ပါ။ အပျိုစင်တစ်ယောက်အိမ်ထောင်ပြုလျှင်လည်း အပြစ်မဟုတ်ပါ။ သို့ရာတွင် ဤကာလ၌ အိမ်ထောင်ပြုသူတို့သည် ဆင်းရဲဒုက္ခနှင့် ကြုံရမည်ဖြစ်၍ ကျွန်ုပ်သည် သင်တို့ကို ထိုဒုက္ခများမှ ကင်းလွတ်ရန် ပြောရခြင်းဖြစ်၏။
ငိုကြွေးသောသူတို့သည် မငိုကြွေးသကဲ့သို့လည်းကောင်း၊ ဝမ်းမြောက်သောသူတို့သည် ဝမ်းမမြောက်သကဲ့သို့လည်းကောင်း၊ ဝယ်ယူသောသူတို့သည် ထိုဥစ္စာပစ္စည်းများကို မပိုင်ဆိုင်သကဲ့သို့လည်းကောင်း နေသင့်၏။
လောကီနှင့်ဆိုင်သောအရာများကို သုံးစွဲသောသူတို့သည် ထိုအရာများကို မတွယ်တာသင့်။ အဘယ်ကြောင့်ဆိုသော် ဤလက်ရှိကမ္ဘာလောကပုံသဏ္ဌာန်သည် ကွယ်ပျောက်သွားတော့မည်ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ကျမ်းစာ၌ “လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဂုဏ်အသရေသည်လည်း မြက်ပွင့်ကဲ့သို့ ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့၍ အပွင့်သည်လည်း ကြွေတတ်၏။
အရာအားလုံး၏ နောက်ဆုံးချိန်သည် နီးကပ်လာသောကြောင့် ဆုတောင်းနိုင်ရန်အတွက် မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိရှိကြလော့။
လောကနှင့် ထိုလောကီတပ်မက်ခြင်းများသည် ကွယ်ပျောက်သွားလိမ့်မည်။ သို့သော် ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူမှာမူ ထာဝရရှင်သန်လိမ့်မည်။