Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:30 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

30 ငိုကြွေးသော​သူတို့​သည် မငိုကြွေး​သကဲ့သို့​လည်းကောင်း၊ ဝမ်းမြောက်သော​သူတို့​သည် ဝမ်းမမြောက်​သကဲ့သို့​လည်းကောင်း၊ ဝယ်ယူသော​သူတို့​သည် ထို​ဥစ္စာပစ္စည်းများ​ကို မပိုင်ဆိုင်​သကဲ့သို့​လည်းကောင်း နေ​သင့်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 ငို​ကြွေး​သူ​များ​သည်​ဝမ်း​မ​နည်း​သ​ကဲ့​သို့ လည်း​ကောင်း၊ ရယ်​မော​သူ​များ​သည်​ဝမ်း​မ​မြောက် သ​ကဲ့​သို့​လည်း​ကောင်း​နေ​အပ်​၏။ ဥစ္စာ​ပစ္စည်း ဝယ်​ယူ​သူ​များ​သည်​ထို​ဥစ္စာ​ပစ္စည်း​ကို​မ​ပိုင် သ​ကဲ့​သို့​နေ​အပ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ငို​ကြွေး​သော​သူ​သည် မ​ငို​ကြွေး​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ ဝမ်း​မြောက်​သော​သူ​သည် ဝမ်း​မ​မြောက်​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ ဥ​စ္စာ​ဝယ်​သော​သူ​သည် အ​လျှင်း​မ​ရှိ​သ​ကဲ့​သို့ ဖြစ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ငိုကြွေး​သော​သူ​တို့​သည် မ​ငိုကြွေး​သကဲ့သို့​လည်းကောင်း၊ ဝမ်းမြောက်​သော​သူ​တို့​သည် ဝမ်းမြောက်​ခြင်း​မ​ရှိ​သကဲ့သို့​လည်းကောင်း၊ ဝယ်ယူ​သော​သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ မ​ပိုင်ဆိုင်​သကဲ့သို့​လည်းကောင်း နေ​ကြ​ပါစေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:30
14 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် အာဗြဟံ​က ‘ငါ့​သား… သင်​အသက်ရှင်စဉ်​ဘဝ​တွင် ကောင်းမွန်သော​အရာများ​ကို ခံစားခဲ့ရပြီး လာဇရု​မှာ မကောင်းသော​အရာများ​ကိုသာ ခံစားခဲ့ရသည်​ကို သတိရလော့။ ထို့ကြောင့် သူ​သည် ဤ​နေရာ​တွင် သက်သာခြင်း​ကို ခံစားရ​၍ သင်​သည် ပြင်းထန်​စွာ ဝေဒနာ​ခံစားရ၏။


ယခု ဆာလောင်မွတ်သိပ်​နေသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝလင်​စွာ စားရသော​အခွင့်​ကို ရကြမည်​ဖြစ်သောကြောင့်​ပင်။ ယခု​ငိုကြွေး​ဝမ်းနည်းသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​ရယ်မော​ရသော​အချိန်​သည် ရောက်လာမည်​ဖြစ်သောကြောင့်​ပင်။


ယခု ဝလင်​စွာ​စားရသော​သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဆာလောင်ငတ်မွတ်​ရမည့်​အချိန်​ကာလ ရောက်လာမည်​ဖြစ်သောကြောင့်​ပင်။ ယခု​ရယ်မောသော​သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝမ်းနည်း​ငိုကြွေးရမည်​ဖြစ်သောကြောင့်​ပင်။


ထို​နည်းတူ သင်တို့​သည် ယခု​ဝမ်းနည်းကြ၏။ သို့သော် ငါ​သည် သင်တို့​နှင့် ပြန်​တွေ့မည်​ဖြစ်သောကြောင့် သင်တို့​သည် ဝမ်းမြောက်ကြ​လိမ့်မည်။ ထို​ဝမ်းမြောက်ခြင်း​ကိုလည်း မည်သူ​ကမျှ လုယူ​ဖျက်ဆီး​၍ မရနိုင်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ကျန်ရှိသော​အချိန်​သည် အလွန်​တိုတောင်း၏။ ထို့ကြောင့် ယခု​မှစ၍ ဇနီး​ရှိသောသူတို့​သည် ဇနီး​မရှိသောသူ​ကဲ့သို့​လည်းကောင်း၊


လောကီ​နှင့်ဆိုင်သော​အရာများ​ကို သုံးစွဲသော​သူတို့​သည် ထို​အရာများ​ကို မတွယ်တာသင့်။ အဘယ်ကြောင့်ဆိုသော် ဤ​လက်ရှိ​ကမ္ဘာလောက​ပုံသဏ္ဌာန်​သည် ကွယ်ပျောက်​သွားတော့မည်​ဖြစ်​သောကြောင့်​ပင်။


သူ​သည် မိမိကိုယ်ကိုယ် ချီးမြှောက်​၍ စည်းစိမ်​ခံစားခဲ့သည်​နှင့်အညီ သူ့​ကို ညှဉ်းဆဲ​၍ ဝမ်းနည်း​ပူဆွေးစေကြလော့။ အဘယ်ကြောင့်ဆိုသော် သူ​က ‘ငါ​သည် မိဖုရား​ကဲ့သို့ အုပ်စိုး၏။ ငါ​သည် မုဆိုးမ မဟုတ်။ ငါ​သည် မည်သည့်​အခါ​မျှ ဝမ်းနည်း​ပူဆွေး​ရမည် မဟုတ်’ ဟု မိမိ​စိတ်​ထဲ၌ ပြောဆို​သောကြောင့်​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်တော်​အလယ်​၌​ရှိသော သိုးသငယ်တော်​သည် သူတို့​၏​သိုးထိန်း​ဖြစ်​၍ အသက်​စမ်းရေတွင်း​သို့ ပို့ဆောင်တော်မူမည်​ဖြစ်​သောကြောင့်​ပင်။ ဘုရားသခင်​သည် သူတို့​၏ ရှိသမျှ​မျက်ရည်တို့​ကို သုတ်ပေးတော်မူ​လိမ့်မည်” ဟု​ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ