အသွေးအသားအားဖြင့် မွေးဖွားသူသည် အသွေးအသားဖြစ်၏။ သို့သော် ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည် ဝိညာဉ်ဖြစ်၏။
၁ ကော 6:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဘုရားနှင့် ပေါင်းဖော်သောသူသည် သခင်ဘုရားနှင့် တစ်စိတ်တစ်ဝိညာဉ်တည်း ဖြစ်၏။ Common Language Bible သို့ရာတွင်သခင်ဘုရားနှင့်ဆက်ဆံသူသည် ဝိညာဉ်သဘောအားဖြင့်ကိုယ်တော်နှင့်တစ် သားတစ်ကိုယ်တည်းဖြစ်သတည်း။ Garrad Bible အ ရှင် ဘု ရား နှင့် ဆက် ဆံ သူ မူ ကား ကိုယ် တော် နှင့် တစ် စိတ် တစ် ဝိ ညာဉ် တည်း ဖြစ်၏။ Judson Bible သခင်ဘုရား၌ မှီဝဲသောသူသည် ထိုသခင်နှင့် တစ်စိတ်တစ်ဝိညာဉ်တည်း ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သခင်ဘုရားနှင့်ပေါင်းဖော်သောသူသည် သခင်ဘုရားနှင့်တစ်စိတ်တစ်ဝိညာဉ်တည်းဖြစ်၏။ |
အသွေးအသားအားဖြင့် မွေးဖွားသူသည် အသွေးအသားဖြစ်၏။ သို့သော် ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည် ဝိညာဉ်ဖြစ်၏။
သို့သော် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ ဝိညာဉ်တော်ကို မရသောသူသည် ခရစ်တော်နှင့် မသက်ဆိုင်။
ထိုကဲ့သို့ပင် ကျွန်ုပ်တို့အားလုံးသည် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ နှစ်ခြင်းမင်္ဂလာခံယူကြပြီး ကျွန်ုပ်တို့အားလုံးသည် ထိုဝိညာဉ်တော်တစ်ပါးတည်းကို သောက်သုံးကြ၏။
သင်တို့၏ ကိုယ်ခန္ဓာသည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းဖြစ်ကြောင်းကို သင်တို့မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ယူ၍ ပြည့်တန်ဆာနှင့် ပေါင်းစည်းရမည်လော။ ထိုသို့ လုံးဝ မပေါင်းစည်းရ။
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်ကြသောကြောင့် ဖြစ်၏။
သင်တို့၏ အချင်းချင်းဆက်ဆံရေးတွင် ယေရှုခရစ်တော်၌ရှိသော ထိုစိတ်သဘောထားကို ရှိစေကြလော့။