အသင်းတော်ပြင်ပမှ လူတို့ကို စီရင်ခြင်းသည် ကျွန်ုပ်တာဝန်မဟုတ်ပါ။ ထိုပြင်ပလူတို့ကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။ အသင်းတော်အတွင်းမှ လူတို့ကို စီရင်ခြင်းသည် သင်တို့၏ တာဝန်ဖြစ်၏။ “ထိုဆိုးညစ်သောသူကို သင်တို့အထဲမှ ထုတ်ပယ်ကြလော့။”
၁ ကော 5:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် လူကိုယ်တိုင် သင်တို့နှင့်အတူ မရှိသော်လည်း စိတ်ဝိညာဉ်သည် သင်တို့နှင့်အတူရှိ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိနေသကဲ့သို့ ထိုဆိုးသောအမှုကို ပြုသူကို သခင်ယေရှုနာမအားဖြင့် စီရင်ပြီ။ သို့ဖြစ်၍ သင်တို့ စည်းဝေးကြသောအခါ ကျွန်ုပ်၏စိတ်ဝိညာဉ်သည် သင်တို့နှင့်အတူရှိနေမည်ဖြစ်ပြီး ကျွန်ုပ်တို့၏သခင် ယေရှု၏ တန်ခိုးတော်သည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ Common Language Bible ငါသည်သင်တို့ထံသို့ကိုယ်တိုင်မရောက်သော် လည်းစိတ်ရောက်လျက်ရှိ၏။ ငါကိုယ်တိုင်ပင် သင်တို့ထံသို့ရောက်နေဘိသကဲ့သို့ ထိုဆိုး ယုတ်သောအမှုကိုပြုသူအားငါတို့အရှင် ယေရှု၏နာမ၌ ယခုပင်ငါတရားစီရင် ပြီ။ သင်တို့စုဝေးကြစဉ်ငါကိုယ်တိုင်ပင် သင်တို့ထံတွင်စိတ်ရောက်ရှိနေမည်။ ငါတို့ ၏အရှင်ယေရှု၏တန်ခိုးတော်အားဖြင့် သင်တို့နှင့်အတူရှိမည်။- Garrad Bible ကိုယ် ခ န္ဓာ ဝေး ကွာ လျက် စိတ် ဝိ ညာဉ် ရောက် ရှိ သော ငါ မူ ကား ကိုယ် တိုင် ရောက် ဘိ သ ကဲ့ သို့ ထို သို့ ပြု သော သူ့ ကို စီ ရင် သည် မှာ၊ Judson Bible ထိုကြောင့် ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာလျက်ရှိသော်လည်း၊ ဝိညာဉ်အားဖြင့် မကွာ၊ ကိုယ်တိုင် သင်တို့နှင့်အတူရှိသကဲ့သို့ ထိုသို့ကျင့်သောသူကို ယခုပင်ငါစီရင်ပြီ။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကိုယ်ခန္ဓာအားဖြင့်သင်တို့နှင့်ကွဲကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့်မူကား သင်တို့နှင့်အတူရှိ၍ ထိုနေရာ၌ အတူရှိနေသကဲ့သို့ ထိုအမှုကိုပြုသောသူအား စီရင်ခဲ့လေပြီ။ |
အသင်းတော်ပြင်ပမှ လူတို့ကို စီရင်ခြင်းသည် ကျွန်ုပ်တာဝန်မဟုတ်ပါ။ ထိုပြင်ပလူတို့ကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။ အသင်းတော်အတွင်းမှ လူတို့ကို စီရင်ခြင်းသည် သင်တို့၏ တာဝန်ဖြစ်၏။ “ထိုဆိုးညစ်သောသူကို သင်တို့အထဲမှ ထုတ်ပယ်ကြလော့။”
သင်တို့နှင့် လူချင်းတွေ့သောအခါ မဝံ့မရဲဖြစ်၍ အဝေးတွင် ရှိသောအခါ ရဲဝံ့ပြတ်သားသည်ဟု သင်တို့မှတ်ယူသော ကျွန်ုပ်ပေါလုသည် ခရစ်တော်၏ နှိမ့်ချမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ဖြင့် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။
ထိုသို့ ပြောဆိုသောသူများ သိမှတ်ရမည်မှာ ကျွန်ုပ်တို့သည် အဝေးတွင် ရှိစဉ်က စာ၌ ရေးလိုက်သည့်စကားအတိုင်း လူကိုယ်တိုင်ရောက်ရှိလာသောအခါ လုပ်ဆောင်သွားမည့်အကြောင်းပင် ဖြစ်၏။
ဒုတိယအကြိမ် ကျွန်ုပ်သင်တို့နှင့်အတူ ရှိခဲ့စဉ်က ယခင် အပြစ်ကျူးလွန်သူများနှင့် အခြားသူအပေါင်းတို့အား နောက်တစ်ကြိမ် ရောက်လာလျှင် ညှာတာမည်မဟုတ်ဟု သတိပေးခဲ့သည့်အတိုင်း ယခုအဝေး၌ ရှိစဉ်တွင်လည်း ထပ်မံ၍ သတိပေးလိုက်၏။
ကျွန်ုပ်သည် လူကိုယ်တိုင် သင်တို့ထံ မရောက်နိုင်သော်လည်း စိတ်ကမူ ရောက်နေ၏။ သင်တို့သည် စည်းလုံး၍ ခရစ်တော်ကို ခိုင်မြဲစွာ ယုံကြည်ကြသည်ကို ကြားရသောကြောင့် ကျွန်ုပ်ဝမ်းမြောက်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် သင်တို့နှင့် ခဏတာ လူချင်းခွဲခွာရသော်လည်း သင်တို့ကို အစဉ်သတိရနေ၏။ အလွန်တောင့်တသောစိတ်ကြောင့် သင်တို့နှင့် ပြန်ဆုံနိုင်ရန် အစွမ်းကုန်ကြိုးစားကြ၏။