Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 10:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထိုသို့ ပြောဆိုသော​သူများ သိမှတ်ရမည်​မှာ ကျွန်ုပ်တို့​သည် အဝေး​တွင် ရှိစဉ်​က စာ​၌ ရေးလိုက်သည့်​စကား​အတိုင်း လူ​ကိုယ်တိုင်​ရောက်ရှိလာ​သောအခါ လုပ်ဆောင်သွားမည့်​အကြောင်း​ပင် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငါ​တို့​သည်​အ​ဝေး​၌​ရှိ​စဉ်​အ​ခါ​က​စာ​ရေး ပြော​ကြား​လိုက်​သည်​အ​တိုင်း​ပင် လူ​ကိုယ်​တိုင် ရောက်​ရှိ​လာ​ချိန်​၌​ပြု​မူ​ဆောင်​ရွက်​မည်​ဖြစ် ကြောင်း​ထို​သူ​အား​အ​သိ​ပေး​လိုက်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ကွဲ ကွာ လျက် နေ စဉ် ရေး လိုက် သော စာ ပါ စ ကား အ တိုင်း ပင် ကိုယ် တိုင် လာ စဥ် စီ ရင် မှု ပြု ကြောင်း သိ မှတ် ပါ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ငါ​တို့​သည် ကိုယ်​တိုင်​မ​ရှိ၍ စာ၌​ပါ​သော စ​ကား​အား​ဖြင့် ဖြစ်​သ​ကဲ့​သို့၊ ကိုယ်​တိုင်​မျက်​မှောက် ရှိ​သော​အ​ခါ အ​မှု​အား​ဖြင့် ဖြစ်​လိမ့်​မည်​ဟု ထို​သူ​သည် ဆင်​ခြင်​သိ​မှတ်​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ငါ​တို့​သည် အဝေး​၌​ရှိ​နေ​စဉ် စာ​၌​ရေး​လိုက်​သည့်​စကား​အတိုင်း ကိုယ်တိုင်​ရောက်လာ​သောအခါ​၌​လည်း ပြု​မည်​ဖြစ်​ကြောင်း ထို​သူ​သိမှတ်​ပါစေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 10:11
6 ပူးပေါင်းရင်းမြစ်များ  

တချို့​က “ပေါလု​၏ စာများ​သည် ဩဇာပါ​၍ အထင်ကြီးဖွယ်​ဖြစ်​သော်လည်း လူချင်းတွေ့​လျှင် သူ​သည် သတ္တိ​နည်း​၍ အဟောအပြော​လည်း ညံ့သည်” ဟု ပြောဆိုတတ်ကြ၏။


ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ချီးမွမ်းတတ်သော​သူတို့​နှင့် တန်းတူ​သတ်မှတ်​ရန်၊ သို့မဟုတ် နှိုင်းယှဉ်​ရန် မဝံ့ရဲပါ။ ထို​သူတို့​သည် မိမိကိုယ်ကိုယ် စံထား​ပြီး မိမိကိုယ်ကိုယ် တိုင်းတာ​ကာ အချင်းချင်း​ကြား၌​သာ နှိုင်းယှဉ်​၍ ပညာမဲ့​လျက်​ရှိကြ၏။


ကျွန်ုပ်​ရောက်လာ​သောအခါ သင်တို့​ကို ကျွန်ုပ်​မြင်တွေ့​လိုသည့်​အတိုင်း မဖြစ်​သကဲ့သို့ ကျွန်ုပ်​ကိုလည်း သင်တို့​မြင်တွေ့​လိုသည့်​အတိုင်း မဖြစ်မည်​ကို ကျွန်ုပ်​စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း​စသည်တို့​ရှိမည်​ကို စိုးရိမ်၏။


ကျွန်ုပ်​ရောက်လာ​သောအခါ ကျွန်ုပ်​အား သခင်ဘုရား ပေးတော်မူသည့်​အခွင့်အာဏာ​ကို ပြင်းထန်​စွာ အသုံးမပြုလို​သောကြောင့် သင်တို့​ထံ မလာမီ ဤ​အကြောင်းအရာများ​ကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထို​အခွင့်အာဏာ​မှာ သင်တို့အား ဖြိုဖျက်​ရန် မဟုတ်ဘဲ တည်ဆောက်​ရန်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ