၁ သက် 2:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် သင်တို့နှင့် ခဏတာ လူချင်းခွဲခွာရသော်လည်း သင်တို့ကို အစဉ်သတိရနေ၏။ အလွန်တောင့်တသောစိတ်ကြောင့် သင်တို့နှင့် ပြန်ဆုံနိုင်ရန် အစွမ်းကုန်ကြိုးစားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ညီအစ်ကိုတို့၊ ငါတို့သည်သင်တို့ထံမှခေတ္တ ခဏမျှသာခွဲခွာ၍နေခဲ့ရကြ၏။ ယင်းသို့ ငါတို့သည်ကိုယ်ခန္ဓာအားဖြင့်သင်တို့နှင့်ခွဲခွာ ၍နေရသော်လည်း သင်တို့ကိုအဘယ်အခါ၌ မျှမမေ့။ ငါတို့သည်သင်တို့ကိုအလွန်အောက် မေ့သတိရကြသဖြင့် သင်တို့ကိုတစ်ဖန် ပြန်၍တွေ့နိုင်ရန်အထူးကြိုးစားခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible17 ညီ အစ် ကို တို့၊ ငါ တို့ သည် စိတ် နှ လုံး အား ဖြင့် မ ဟုတ်။ ကိုယ် ခ န္ဓာ အား ဖြင့် ကာ လ အ နည်း ငယ် သင် တို့ နှင့် ကွဲ ကွာ ရ သော ကြောင့် သင် တို့ မျက် နှာ ကို မြင် ရန် လွန် ကဲ စွာ စိတ် စေ တ နာ ထက် သန် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့် မဟုတ်၊ ကိုယ်အားဖြင့်သာ သင်တို့နှင့် ခဏကွာသည်ရှိသော်၊ သင်တို့မျက်နှာကို မြင်ခြင်းငှာ၊ အလွန်လွမ်းသော စိတ်နှင့် သာ၍ ကြိုးစားအားထုတ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့်မဟုတ်ဘဲ လူချင်း သင်တို့နှင့် ခေတ္တခဏခွဲခွာနေရသော်လည်း သင်တို့၏မျက်နှာကိုပြန်တွေ့နိုင်ရန် အလွန်တောင့်တ၍ အထူးကြိုးစားကြ၏။ အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အခြားသော လူမျိုးခြားများအကြားတွင် အမှုတော်ထမ်းဆောင်ရာ၌ အောင်မြင်မှုအသီးအပွင့်များကို ခံစားခဲ့ရသကဲ့သို့ သင်တို့တွင်လည်း ခံစားရစေလိုသောကြောင့် သင်တို့ဆီသို့ လာရန် ကြိမ်ဖန်များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခုတိုင်အောင် အတားအဆီးများရှိခဲ့ကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။
ကျွန်ုပ်သည် လူကိုယ်တိုင် သင်တို့နှင့်အတူ မရှိသော်လည်း စိတ်ဝိညာဉ်သည် သင်တို့နှင့်အတူရှိ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိနေသကဲ့သို့ ထိုဆိုးသောအမှုကို ပြုသူကို သခင်ယေရှုနာမအားဖြင့် စီရင်ပြီ။ သို့ဖြစ်၍ သင်တို့ စည်းဝေးကြသောအခါ ကျွန်ုပ်၏စိတ်ဝိညာဉ်သည် သင်တို့နှင့်အတူရှိနေမည်ဖြစ်ပြီး ကျွန်ုပ်တို့၏သခင် ယေရှု၏ တန်ခိုးတော်သည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။
သို့သော် တိမောသေသည် ယခု သင်တို့ထံက ပြန်ရောက်လာပြီး သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းအကြောင်း သတင်းကောင်းကို ယူဆောင်လာ၏။ သင်တို့သည် ကျွန်ုပ်တို့ကို သတိရတိုင်း ကြည်နူးမှုကို ခံစားရပြီး သင်တို့ကို ကျွန်ုပ်တို့တွေ့ဆုံလိုသကဲ့သို့ ကျွန်ုပ်တို့ကို သင်တို့တွေ့ဆုံလိုကြောင်း တိမောသေပြောပြ၏။