တစ်စုံတစ်ယောက်သည် ဆာလောင်ပါက အိမ်၌ စားခဲ့လော့။ သို့မှသာ သင်တို့စုဝေးကြသောအခါ ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်း ကင်းလွတ်မည်ဖြစ်၏။ ကျန်သည့် ကိစ္စရပ်များကို ကျွန်ုပ်ရောက်လာသောအခါ ညွှန်ကြားမည်။
၁ ကော 16:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ရောက်လာသောအခါ သင်တို့၏ အလှူငွေကို ဂျေရုဆလင်မြို့သို့ ယူဆောင်သွားရန် သင်တို့ရွေးချယ်သောသူတို့အား စာနှင့် လွှတ်လိုက်မည်။ Common Language Bible ငါရောက်ရှိလာသောအခါအမှာစာရေး၍ သင်တို့ရွေးချယ်သူများအား ထိုအလှူငွေကို ယေရုရှလင်မြို့သို့ယူဆောင်သွားစေမည်။- Garrad Bible ငါ ရောက် သော် သင် တို့ အ လှူ ငွေ ကို ယေ ရု ရှ လင် မြို့ သို့ ပို့ စေ ရန် သင် တို့ သ ဘော ကျ သူ တို့ ကို စာ နှင့် စေ လွှတ် လိုက် မည်။ Judson Bible ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး၍၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှာ စေလွှတ်မည်။- မြန်မာ့စံမီသမ္မာကျမ်း ငါရောက်လာသောအခါ သင်တို့၏လက်ဆောင်ကို ဂျေရုဆလင်မြို့သို့ယူဆောင်သွားရန် သင်တို့အသိအမှတ်ပြုသောသူကို စာနှင့်တကွ ငါစေလွှတ်မည်။ |
တစ်စုံတစ်ယောက်သည် ဆာလောင်ပါက အိမ်၌ စားခဲ့လော့။ သို့မှသာ သင်တို့စုဝေးကြသောအခါ ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်း ကင်းလွတ်မည်ဖြစ်၏။ ကျန်သည့် ကိစ္စရပ်များကို ကျွန်ုပ်ရောက်လာသောအခါ ညွှန်ကြားမည်။
အကယ်၍ ကျွန်ုပ်ကိုယ်တိုင် သွားရန် လိုအပ်ပါက ကျွန်ုပ်သည် ထိုသူတို့နှင့်အတူ သွားမည်။
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ပြန်၍ ထောက်ခံချီးမွမ်းရာ ရောက်သလော။ ကျွန်ုပ်တို့သည် အခြားသူများကဲ့သို့ သင်တို့ထံ ထောက်ခံစာယူလာရန် လိုအပ်သလော။ သို့မဟုတ် သင်တို့ရေးပေးသော ထောက်ခံစာကို လိုအပ်သလော။
သူတို့သည် ဂျေရုဆလင်မြို့ရှိ ယုံကြည်သူတို့အား ပေးကမ်းသည့်အမှုတွင် ပါဝင်ခွင့်ရရန် ကျွန်ုပ်တို့အား အနူးအညွတ်မေတ္တာရပ်ခံကြ၏။
ထို့ကြောင့် တိတုသည် သင်တို့အထဲ၌ ဤလှူဒါန်းခြင်းကို စတင်ဆောင်ရွက်ခဲ့သည့်အားလျော်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် သူ့အား ကျွန်ုပ်တို့တိုက်တွန်းခဲ့၏။