ထိုအခါ သူတို့၏မျက်စိများ ပွင့်၍ ယေရှုဖြစ်ကြောင်း သိကြရ၏။ ထိုစဉ် ယေရှုသည် သူတို့၏မြင်ကွင်းမှ ကွယ်ပျောက်သွားတော်မူ၏။
၁ ကော 15:44 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရုပ်ခန္ဓာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ထမြောက်သောအခါ ဝိညာဉ်ခန္ဓာအဖြစ် ရှိလိမ့်မည်။ ရုပ်ခန္ဓာရှိလျှင် ဝိညာဉ်ခန္ဓာလည်း ရှိလိမ့်မည်။ Common Language Bible မြှုပ်နှံခြင်းခံရသောအခါကာယခန္ဓာဖြစ် ၏။ ရှင်ပြန်ထမြောက်သောအခါ၌ဝိညာဏ ခန္ဓာဖြစ်လိမ့်မည်။ ရုပ်ခန္ဓာရှိသဖြင့်ဝိညာဏ ခန္ဓာလည်းရှိရပေသည်။- Garrad Bible ရုပ် ခ န္ဓာ အ ဖြစ် စိုက် ရာ နာမ် ခ န္ဓာ အ ဖြစ် ရှင် ပြန် ခြင်း ကို ခံ ရ ကြ၏။ ရုပ် ခ န္ဓာ ရှိ လျှင် နာမ် ခ န္ဓာ လည်း ရှိ၏။ Judson Bible စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ ဇာတိပကတိ ကိုယ်တစ်မျိုး၊ ဝိညာဏကိုယ်တစ်မျိုးရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဇာတိကိုယ်ခန္ဓာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဝိညာဉ်ကိုယ်ခန္ဓာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ ဇာတိကိုယ်ခန္ဓာရှိလျှင် ဝိညာဉ်ကိုယ်ခန္ဓာလည်းရှိ၏။ |
ထိုအခါ သူတို့၏မျက်စိများ ပွင့်၍ ယေရှုဖြစ်ကြောင်း သိကြရ၏။ ထိုစဉ် ယေရှုသည် သူတို့၏မြင်ကွင်းမှ ကွယ်ပျောက်သွားတော်မူ၏။
တနင်္ဂနွေနေ့ညနေတွင် တပည့်တော်တို့သည် ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သဖြင့် အခန်းတံခါးများကို ပိတ်၍ စုဝေးနေကြ၏။ ထိုစဉ် ယေရှုသည် ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။
ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန်စုဝေးကြ၏။ သောမသည်လည်း ထိုသူတို့နှင့်အတူ ရှိ၏။ သူတို့သည် တံခါးများကို ပိတ်ထားကြ၏။ သို့သော်လည်း ယေရှုသည် ယခင်ကဲ့သို့ ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ အသွေးအသားဖြင့်ဖွဲ့စည်းထားသောလူ့ခန္ဓာသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်ပေ။ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအဖြစ်ကို အမွေဆက်ခံနိုင်မည်မဟုတ်ပေ။
သို့သော် ဝိညာဉ်တော်ကို မရရှိထားသောသူသည် ဘုရားသခင်၏ဝိညာဉ်တော်ထံမှ အမှန်တရားကို မခံယူနိုင်ပေ။ ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာများဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့်သာ ပိုင်းခြားသိမြင်နိုင်သောကြောင့် သူသည် နားမလည်နိုင်ပေ။