သို့သော်လည်း ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၍ သေခြင်းနှင့်ဆိုင်သောဝေဒနာမှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုးသည် ထိုအရှင်ကို အစဉ်ချုပ်နှောင်ထားရန် မဖြစ်နိုင်သောကြောင့်ပင်။
၁ ကော 15:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမှန်တွင်မူ ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၍ သေလွန်သောသူတို့အနက် အဦးဆုံးရှင်ပြန်ထမြောက်သောသူ ဖြစ်တော်မူ၏။ Common Language Bible သို့ရာတွင်အမှန်ဖြစ်ရပ်မှာခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ယင်း သို့ထမြောက်တော်မူခြင်းကြောင့်သေလွန်သူ တို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဖြစ် ကြောင်းအာမခံချက်ရရှိကြသည်။- Garrad Bible မု ချ အား ဖြင့် ခ ရစ် တော် သည် အိပ် ပျော် သူ တို့ အ နက် ကောက် ဦး အ ဖြစ် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ ပြီ။ Judson Bible ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး ဖြစ်တော်မူပြီ။- မြန်မာ့စံမီသမ္မာကျမ်း ယခုမူကား ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အသီးဦးဖြစ်တော်မူပြီ။ |
သို့သော်လည်း ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၍ သေခြင်းနှင့်ဆိုင်သောဝေဒနာမှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုးသည် ထိုအရှင်ကို အစဉ်ချုပ်နှောင်ထားရန် မဖြစ်နိုင်သောကြောင့်ပင်။
သူတို့ဟောပြောခဲ့သည့်အတိုင်း ခရစ်တော်သည် ဒုက္ခဝေဒနာကို ခံစားရမည်။ ထို့ပြင် သေသောသူတို့ထဲမှ အဦးဆုံးရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ဂျူးလူမျိုးနှင့် လူမျိုးခြားတို့ထံသို့ အလင်းတရားကို ကြေညာဟောပြောတော်မူမည်ဟု အကျွန်ုပ်ဟောပြောပါ၏” ဟူ၍ ဖြစ်၏။
ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသော ထိုဝိညာဉ်တော်အားဖြင့် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကိုပင် ရှင်စေတော်မူလိမ့်မည်။
သို့သော် ထမြောက်ခြင်းတွင် အလှည့်ကျရှိမည်ဖြစ်ပြီး ခရစ်တော်သည် အဦးဆုံးရှင်ပြန်ထမြောက်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည် ခရစ်တော် ပြန်လည်ကြွလာတော်မူသောအခါ ထမြောက်ကြလိမ့်မည်။
ထို့နောက် ယုံကြည်သောသူငါးရာကျော်တို့အား တစ်ချိန်တည်းတွင်ပင် ကိုယ်ထင်ပြတော်မူ၏။ ထိုသူတို့ထဲမှ တချို့သည် ကွယ်လွန်ကြပြီဖြစ်သော်လည်း အများစုမှာမူ သက်ရှိထင်ရှားနေဆဲဖြစ်ကြ၏။
ကိုယ်တော်သည် အသင်းတော်ဟူသော မိမိကိုယ်ခန္ဓာ၏ ဦးခေါင်းဖြစ်၍ ကိုယ်ခန္ဓာ၏ မူလအရင်းအမြစ် ဖြစ်တော်မူ၏။ သေရာမှ အဦးဆုံး ရှင်ပြန်ထမြောက်လာသော သားဦး ဖြစ်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်သည် အရာအားလုံးတွင် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏ ကြွေးကြော်အမိန့်ပေးသံနှင့်တကွ ကောင်းကင်တမန်မင်း၏အသံ၊ ဘုရားသခင်၏တံပိုးတော်မှုတ်သံတို့ဖြင့် သခင်ဘုရားကိုယ်တိုင် ကောင်းကင်က ဆင်းကြွလာသောအခါ ခရစ်တော်ကို ယုံကြည်လျက် သေလွန်သောယုံကြည်သူများသည် ဦးစွာထမြောက်ကြမည်။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။