သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
၁ ကော 12:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ဘုရားသခင်ကို မကိုးကွယ်မီအချိန်က စကားမပြောနိုင်သောရုပ်တုများကို ကိုးကွယ်ရန် တစ်နည်း၊ သို့မဟုတ် တစ်နည်းဖြင့် သွေးဆောင်ခံရကာ လမ်းလွဲခဲ့ကြကြောင်း သင်တို့အသိပင် ဖြစ်၏။ Common Language Bible သင်တို့သည်ယုံကြည်သူမဖြစ်မီက စိတ် လှုပ်ရှားရာသို့လိုက်ပါကာလမ်းလွဲလျက် သက်မဲ့ရုပ်တုများကိုကိုးကွယ်ခဲ့ကြကြောင်း သင်တို့အသိပင်ဖြစ်၏။- Garrad Bible သင် တို့ သည် သာ သ နာ ပ ဖြစ် စဉ် က သွေး ဆောင် လေ ရာ ရာ ခံ ရ သည့် အ တိုင်း စ ကား မ ပြော နိုင် သော ရုပ် ပွား များ နောက် လိုက် သွား ကြောင်း ကို ကိုယ် တိုင် သိ မှတ် ကြ၏။ Judson Bible သင်တို့သည် အထက်ကသာသနာပလူဖြစ်၍၊ သူတစ်ပါး သွေးဆောင်သဖြင့်၊ စကားမပြောနိုင်သော ရုပ်တုရှိရာသို့ ပါသွားသောသူ ဖြစ်ကြောင်းကို သင်တို့သိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဘာသာခြားဖြစ်ကြစဉ်က စကားမပြောနိုင်သောရုပ်တုများထံသို့ တစ်နည်းနည်းဖြင့် ခေါ်ဆောင်သွားခြင်းခံရ၍ လမ်းလွဲခဲ့ကြသည်ကို သင်တို့သိကြ၏။ |
သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
သင်တို့ထဲမှ တချို့သည် ယခင်က ထိုကဲ့သို့သောသူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခုတွင် သခင်ယေရှုခရစ်တော်နှင့် ကျွန်ုပ်တို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခံရကြပြီ။
ဘုရားသခင်ကို မသိခဲ့စဉ်က သင်တို့သည် သဘာဝအားဖြင့် ဘုရားမဟုတ်သော အရာများထံ ကျွန်ခံခဲ့ကြ၏။
သင်တို့ထံ ကျွန်ုပ်တို့ရောက်ခဲ့စဉ် သင်တို့သည် ကျွန်ုပ်တို့ကို မည်သို့ လက်ခံခဲ့ကြောင်းကိုလည်းကောင်း၊ အသက်ရှင်၍ စစ်မှန်သည့် ဘုရားသခင်ကို အစေခံရန် သင်တို့သည် ရုပ်တုကိုးကွယ်နေခဲ့ရာမှ ဘုရားသခင်ထံ မည်သို့ပြောင်းလဲခဲ့ကြောင်းကိုလည်းကောင်း ထိုဒေသတွင် နေထိုင်သူများက ပြောပြကြ၏။
တစ်ချိန်က ကျွန်ုပ်တို့သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့၌ ကျွန်ခံသူ၊ ဆိုးညစ်သောစိတ်နှင့် မနာလိုသောစိတ်တို့ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်းကို ခံရသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။
ဘိုးဘေးများထံမှ ဆက်ခံရရှိသော အချည်းနှီးပြုမူနေထိုင်ခြင်းထဲမှ သင်တို့ကို ဘုရားသခင်ရွေးနုတ်တော်မူကြောင်း သင်တို့သိကြ၏။ ထိုသို့ရွေးနုတ်တော်မူရာတွင် ရွှေ၊ ငွေကဲ့သို့ ပျက်စီးတတ်သည့်အရာများဖြင့် ရွေးနုတ်တော်မူသည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်ကို မကိုးကွယ်သောသူများကဲ့သို့ ကိလေသာလွန်ကြူးခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ ပွဲလုပ်ပျော်ပါးခြင်း၊ သောက်စားခြင်း၊ ပညတ်တရားနှင့် မလျော်ညီသည့် ရုပ်တုကိုးကွယ်ခြင်းတို့ကို ပြုမူ၍ အချိန်အတန်ကြာ နေထိုင်ခဲ့သောကြောင့်ဖြစ်၏။