သင်တို့အား ကျွန်ုပ် သိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
၁ ကော 11:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသူဖြစ်ပြီး ဘုရားသခင်၏ ဘုန်းအသေရေတော်ထင်ဟပ်သောကြောင့် မိမိဦးခေါင်းကို မဖုံးသင့်ပေ။ မိန်းမမှာမူ ယောက်ျား၏ ဘုန်းအသရေထင်ဟပ်သူဖြစ်၏။ Common Language Bible အမျိုးသားသည်မိမိ၏ဦးခေါင်းကိုဖုံး အုပ်ရန်မသင့်။ အဘယ်ကြောင့်ဆိုသော်သူ သည်ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်ဘုန်း အသရေတော်ကိုရောင်ပြန်ဟပ်သူဖြစ်သော ကြောင့်တည်း။ အမျိုးသမီးသည်ကားအမျိုး သား၏ဘုန်းအသရေကိုရောင်ပြန်ဟပ်သူ ဖြစ်၏။- Garrad Bible ယောက်ျား သည် ဘု ရား သ ခင့် ပုံ သ ဏ္ဌာန် တော် နှင့် ရောင် ခြည် တော် ဖြစ် သော ကြောင့် ဦး ထိပ် ကို ဖုံး အုပ်၍ မ ထား သင့်။ မိန်း မ မူ ကား ယောက်ျား၏ အ ရောင် မျှ ဖြစ်၏။ Judson Bible ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဌာန်၊ ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိခေါင်းကို မဖုံးရ။ မိန်းမမူကား ယောက်ျား၏ဘုန်းအသရေဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ယောက်ျားသည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့် ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိဦးခေါင်းကိုမဖုံးသင့်ပေ။ မိန်းမမူကား ယောက်ျား၏ဘုန်းအသရေဖြစ်၏။ |
သင်တို့အား ကျွန်ုပ် သိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
ထို့ကြောင့် မိန်းမသည် ဦးခေါင်းကို မဖုံးလျှင် သူသည် မိမိဆံပင်ကို ဖြတ်သင့်၏။ သို့သော် ဆံပင်ဖြတ်ခြင်း၊ ခေါင်းတုံးရိတ်ခြင်းသည် မိန်းမအတွက် ရှက်စရာဖြစ်လျှင် ဦးခေါင်းကို ဖုံးထားသင့်၏။
တိတုအကြောင်းနှင့် ပတ်သက်၍ ပြောရလျှင် သူသည် သင်တို့ကို ကူညီရန် ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သော ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည်ဟု ဆိုရပေမည်။ သူနှင့်အတူပါရှိသော အခြားညီအစ်ကိုများမှာ ခရစ်တော်၏ ဘုန်းတော်ဖြစ်သော အသင်းတော်တို့၏ ကိုယ်စားလှယ်များဖြစ်ကြ၏။
ကျွန်ုပ်တို့သည် လျှာဖြင့် ကျွန်ုပ်တို့၏ သခင်ဖြစ်တော်မူသော ခမည်းတော်ကို ချီးမွမ်း၍ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို ထိုလျှာဖြင့် ကျိန်ဆဲကြ၏။