မည်သူမျှ သခင်နှစ်ဦးကို အစေမခံနိုင်ပေ။ သခင်တစ်ဦးကို မုန်း၍ ကျန်တစ်ဦးကို ချစ်မည်။ သို့မဟုတ် သခင်တစ်ဦးကို ကြည်ညိုလေးစား၍ ကျန်တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်နှင့် ငွေအား တစ်ချိန်တည်းတွင် အစေခံရန် မဖြစ်နိုင်ပါ။
၁ ကော 10:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် သခင်ဘုရား၏ ခွက်ကို သောက်လျှင် နတ်ဆိုးတို့၏ ခွက်ကို သောက်၍ မရပေ။ သင်တို့သည် သခင်ဘုရား၏စားပွဲ၌ စားလျှင် နတ်ဆိုးတို့၏ စားပွဲ၌ စား၍ မရပေ။ Common Language Bible သင်တို့သည်သခင်ဘုရား၏ခွက်ဖလားမှ စပျစ်ရည်ကိုသောက်၍ နတ်မိစ္ဆာ၏ခွက်ဖလား မှစပျစ်ရည်ကိုလည်းမသောက်နိုင်။ သခင် ဘုရား၏စားပွဲတော်၌စား၍နတ်မိစ္ဆာများ ၏စားပွဲ၌လည်းမစားနိုင်။- Garrad Bible အ ရှင် ဘု ရား၏ ဖ လား တော် နှင့် နတ် ဆိုး တို့၏ ဖ လား ကို သင် တို့ မ သောက် နိုင်။ အ ရှင် ဘု ရား၏ စား ပွဲ တော် နှင့် နတ် ဆိုး တို့၏ စား ပွဲ ကို မ သုံး ဆောင် နိုင်။ Judson Bible သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။ |
မည်သူမျှ သခင်နှစ်ဦးကို အစေမခံနိုင်ပေ။ သခင်တစ်ဦးကို မုန်း၍ ကျန်တစ်ဦးကို ချစ်မည်။ သို့မဟုတ် သခင်တစ်ဦးကို ကြည်ညိုလေးစား၍ ကျန်တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်နှင့် ငွေအား တစ်ချိန်တည်းတွင် အစေခံရန် မဖြစ်နိုင်ပါ။
ကောင်းချီးမင်္ဂလာခွက်ကို ကျွန်ုပ်တို့ကောင်းချီးပေး၍ သောက်သည်မှာ ခရစ်တော်၏ အသွေးတော်ကို မျှဝေခံယူကြခြင်းဖြစ်သည် မဟုတ်လော။ မုန့်ကို ဖဲ့၍ စားသည်မှာ ခရစ်တော်၏ ကိုယ်ခန္ဓာကို မျှဝေခံယူကြခြင်းဖြစ်သည် မဟုတ်လော။
အဘယ်ကြောင့်ဆိုသော် အသိပညာရှိသောသင်သည် ရုပ်တုဆောင်အတွင်း၌ စားသောက်နေသည်ကို အသိစိတ်အားနည်းသူက မြင်တွေ့လျှင် ထိုသူသည် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားရန် ရဲဝံ့လာမည်မဟုတ်လော။