အဘယ်ကြောင့်ဆိုသော် ဤလောကီပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာ ဖြစ်သောကြောင့်ပင်။ ကျမ်းစာ၌ “ဘုရားသခင်သည် ပညာရှင်တို့ကို သူတို့သုံးသောပရိယာယ်အားဖြင့် ထောင်ချောက်ဆင်၍ဖမ်းတော်မူ၏” ဟု ဖော်ပြထား၏။
၁ ကော 1:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှင်တို့၏ ဉာဏ်ပညာကို ဖျက်ဆီးမည်။ ထက်မြက်သောသူတို့၏ ဉာဏ်စွမ်းကိုလည်း ဖယ်ရှားမည်” ဟု ဖော်ပြထားသောကြောင့်ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင် ``ပညာရှိတို့၏ဉာဏ်ပညာကိုငါဖျက်ဆီးမည်။ အသိပညာရှင်တို့၏အသိပညာကိုလည်း ငါပယ်ရှားမည်'' ဟုရေးသားဖော်ပြထားသောကြောင့်ဖြစ်၏။- Judson Bible ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ ဉာဏ်ကိုလည်း ငါပယ်မည်ဟု လာသတည်း။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှိတို့၏ဉာဏ်ပညာကို ဖျက်ဆီးမည်။ ဉာဏ်ထက်မြက်သောသူတို့၏ဉာဏ်စွမ်းကိုလည်း ငါပစ်ပယ်မည်”ဟု ရေးထား၏။ |
အဘယ်ကြောင့်ဆိုသော် ဤလောကီပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာ ဖြစ်သောကြောင့်ပင်။ ကျမ်းစာ၌ “ဘုရားသခင်သည် ပညာရှင်တို့ကို သူတို့သုံးသောပရိယာယ်အားဖြင့် ထောင်ချောက်ဆင်၍ဖမ်းတော်မူ၏” ဟု ဖော်ပြထား၏။
ကျွန်ုပ်တို့သည် ခရစ်တော်အတွက်ကြောင့် မိုက်မဲသောသူများဖြစ်ကြ၏။ သင်တို့မှာမူ ခရစ်တော်အတွက်ကြောင့် အလွန်ပညာရှိကြ၏။ ကျွန်ုပ်တို့သည် အားနည်း၍ သင်တို့မှာမူ အလွန်ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့သည် ဂုဏ်သရေမဲ့ကြ၍ သင်တို့မှာမူ အလွန်ဂုဏ်သရေရှိကြ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အာပေါလုနှင့် ကျွန်ုပ်ကိုယ်တိုင်ကို သာဓကအဖြစ် ဤအရာများကို သင်တို့အကျိုးအတွက် ပုံဖော်ပြရခြင်းဖြစ်၏။ ဤသို့ ပုံဖော်ပြခြင်းမှာ “ကျမ်းစာ၌ ရေးသားထားသော အရာကို ကျော်လွန်၍ မလုပ်ဆောင်နှင့်” ဟူသော ဆိုရိုးစကားကို ကျွန်ုပ်တို့၏သာဓကမှ သင်တို့နားလည်နိုင်ရန်ဖြစ်၏။ ထို့ပြင် သင်တို့သည် မာနထောင်လွှားလျက် တစ်ယောက်ကို မျက်နှာသာပေး၍ ကျန်တစ်ယောက်ကို ဆန့်ကျင်ခြင်းမရှိစေရန်ဖြစ်၏။