၁ ကော 1:19 - မြန်မာ့စံမီသမ္မာကျမ်း19 အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှိတို့၏ဉာဏ်ပညာကို ဖျက်ဆီးမည်။ ဉာဏ်ထက်မြက်သောသူတို့၏ဉာဏ်စွမ်းကိုလည်း ငါပစ်ပယ်မည်”ဟု ရေးထား၏။ အခန်းကိုကြည့်ပါ။Common Language Bible19 အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင် ``ပညာရှိတို့၏ဉာဏ်ပညာကိုငါဖျက်ဆီးမည်။ အသိပညာရှင်တို့၏အသိပညာကိုလည်း ငါပယ်ရှားမည်'' ဟုရေးသားဖော်ပြထားသောကြောင့်ဖြစ်၏။- အခန်းကိုကြည့်ပါ။Judson Bible19 ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ ဉာဏ်ကိုလည်း ငါပယ်မည်ဟု လာသတည်း။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှင်တို့၏ ဉာဏ်ပညာကို ဖျက်ဆီးမည်။ ထက်မြက်သောသူတို့၏ ဉာဏ်စွမ်းကိုလည်း ဖယ်ရှားမည်” ဟု ဖော်ပြထားသောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုတို့၊ ငါသည် ငါနှင့်အာပေါလုတို့အကြောင်းကိုပုံဆောင်လျက် ဤအရာများကို သင်တို့အတွက်ဖော်ပြ၏။ ဤသည်ကား သင်တို့သည် ကျမ်းစာ၌ရေးထားသောအရာတို့ကို မကျော်လွန်မည့်အကြောင်း ငါတို့ကိုစံနမူနာထား၍ သင်ယူကြစေရန်နှင့် တစ်ဦးဘက်၌နေ၍ အခြားတစ်ဦးအပေါ် မာနထောင်လွှားခြင်းမရှိကြစေရန်ဖြစ်၏။