သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ဧဖက် 6:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့ကို အစေခံသကဲ့သို့ မဟုတ်ဘဲ သခင်ဘုရားကို အစေခံသကဲ့သို့ စိတ်ပါလက်ပါ အစေခံကြလော့။ Common Language Bible လူ၏အစေကိုခံသကဲ့သို့သာမကဘုရား သခင်၏အစေကိုခံသကဲ့သို့ ဝမ်းမြောက် ရွှင်လန်းစွာအလုပ်ကိုလုပ်ဆောင်ကြလော့။- Garrad Bible ကျွန် ဖြစ် စေ၊ လူ လွတ် ဖြစ် စေ၊ အ သီး အ သီး ဆောင် ရွက် သော ကောင်း မှု အ တိုင်း အ ရှင် ဘု ရား ထံ အ ကျိုး ခံ စား ရ မည် ကို သိ လျက် လူ့ အ မှု မ ဟုတ်၊ အ ရှင် ဘု ရား အ မှု တော် ဟု မှတ်၍ ကောင်း သော စေ တ နာ နှင့် ဆောင် ရွက် ကြ လော့။ Judson Bible လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အစေကိုခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့။- မြန်မာ့စံမီသမ္မာကျမ်း လူတို့ကိုမဟုတ်ဘဲ သခင်ဘုရားကိုအစေခံသကဲ့သို့ စေတနာစိတ်ဖြင့် အစေခံကြလော့။ |
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ တစ်စုံတစ်ရာကို ပြုလုပ်သည်ဖြစ်စေ အရာအားလုံးကို ဘုရားသခင်၏ ဘုန်းတော်အတွက် ပြုကြလော့။
သင်တို့ ပြုလေသမျှတို့တွင် လူတို့အတွက် ပြုသကဲ့သို့မဟုတ်ဘဲ သခင်ဘုရားအတွက် ပြုသကဲ့သို့ စိတ်ပါလက်ပါ ပြုကြလော့။