ဖခင်တို့… သင်တို့၏ သားသမီးများစိတ်မပျက်စေရန် သူတို့ကို နာကြည်းအောင် မပြုကြနှင့်။
ဧဖက် 6:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖခင်တို့… သင်တို့၏ သားသမီးများကို စိတ်မဆိုးစေကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့် ညီသော ဆုံးမသွန်သင်ခြင်းဖြင့် ပြုစုပျိုးထောင်ကြလော့။ Common Language Bible မိဘတို့၊ သားသမီးများကိုစိတ်ဆိုးစေရန်မပြု ကြနှင့်။ သို့ရာတွင်သူတို့အားသခင်ဘုရား၏ အလိုတော်နှင့်အညီသွန်သင်ဆုံးမကြလော့။ Garrad Bible အ ဘ ဖြစ် သူ တို့၊ သား သ မီး ကို အ မျက် မ တိုက် ဘဲ အ ရှင် ဘု ရား နှင့် အ ညီ ဆုံး မ ပဲ့ ပြင် လျက် မွေး မြူ ကြ လော့။ Judson Bible အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ဖခင်တို့၊ သင်တို့၏သားသမီးများကို မခံမရပ်နိုင်ဖြစ်အောင် မပြုကြနှင့်။ သခင်ဘုရား၏ဆုံးမပဲ့ပြင်ခြင်းနှင့်သတိပေးခြင်းတို့အတိုင်း သူတို့ကို ပြုစုပျိုးထောင်ကြလော့။ |
ဖခင်တို့… သင်တို့၏ သားသမီးများစိတ်မပျက်စေရန် သူတို့ကို နာကြည်းအောင် မပြုကြနှင့်။
ခရစ်တော်ကို သင်အမှန်တကယ်ယုံကြည်ကြောင်း ကျွန်ုပ်သတိရ၏။ သင့်အဖွားလောဣနှင့် သင့်မိခင်ဥနိတ်တို့သည် ဦးစွာ ယုံကြည်ကြပြီး ယခု သင်၌လည်း ထိုယုံကြည်ခြင်းမျိုး ရှိကြောင်း ကျွန်ုပ်စိတ်ချယုံကြည်၏။
ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရရန် လမ်းညွှန်သည့်ဉာဏ်ပညာကို သင့်အား ပေးနိုင်သော ကျမ်းစာတော်နှင့် သင်သည် ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်သည်ကို သင်သိ၏။