ထိုနည်းတူပင် ငွေနှစ်ပိဿာ ရသောသူသည်လည်း အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် နှစ်ပိဿာကို အမြတ်ရ၏။
ဧဖက် 5:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နေ့ရက်ကာလသည် ဆိုးညစ်သောကြောင့် အချိန်နာရီကို အကျိုးရှိစွာ အသုံးပြုကြလော့။ Common Language Bible ဤနေ့ရက်ကာလသည်ဆိုးယုတ်သောကာလဖြစ် သောကြောင့် သင်တို့ရရှိသည့်အခွင့်အရေးရှိ သမျှကိုအကျိုးရှိအောင်အသုံးပြုကြလော့။- Garrad Bible ယ ခု ခေတ် ကာ လ ဆိုး သွမ်း သော ကြောင့် အ ခါ အ ခွင့် ကို ဝယ် ယူ ကြ လော့။ Judson Bible ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း နေ့ရက်ကာလတို့သည် ဆိုးညစ်သောကြောင့် အချိန်အခါကို ကောင်းစွာအသုံးချကြလော့။ |
ထိုနည်းတူပင် ငွေနှစ်ပိဿာ ရသောသူသည်လည်း အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် နှစ်ပိဿာကို အမြတ်ရ၏။
ယေရှုက “အလင်းသည် သင်တို့တွင် ခဏတာမျှ ရှိဦးမည်။ သင်တို့ကို အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိခိုက် သွားလာကြလော့။ အမှောင်တွင် သွားလာသူသည် မိမိအဘယ်အရပ်သို့ သွားလာသည်ကို မသိနိုင်ပေ။
သင်တို့သည် ယခုလက်ရှိ အချိန်အခါကို နားလည်ကြ၏။ သင်တို့ အိပ်ပျော်ရာမှ နိုးထရမည့်အချိန် ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ကယ်တင်ခံရမည့် အချိန်သည် ကျွန်ုပ်တို့ စတင်ယုံကြည်ခဲ့သည့် အချိန်ကထက် ပို၍ နီးကပ်လာသောကြောင့် ဖြစ်၏။
လက်ရှိ အကျပ်အတည်းကြောင့် ဤအတိုင်း နေလျှင် အကောင်းဆုံးဖြစ်မည်ဟု ကျွန်ုပ်ယူဆပါ၏။
ခရစ်တော်သည် ကျွန်ုပ်တို့ အဖဘုရားသခင်၏ အလိုတော်အတိုင်း ဤဆိုးညစ်သောကာလထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ရန် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသက်ပေးတော်မူ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် အခွင့်သာတိုင်း လူအပေါင်းတို့အပေါ်၊ အထူးသဖြင့် ယုံကြည်သူမိသားစုတို့အပေါ် ကောင်းမှုပြုကြစို့။
ထို့ကြောင့် ဘုရားသခင်၏ လက်နက်စုံကို ဝတ်ဆင်ကြလော့။ သို့ပြုလျှင် ထိုဆိုးသော နေ့ရက်ကာလ၌ သင်တို့သည် ခုခံကာကွယ်နိုင်၍ တိုက်ပွဲ ပြီးဆုံးသောအခါ၌လည်း ရပ်တည်နိုင်ဆဲ ဖြစ်လိမ့်မည်။
ငြိမ်းချမ်းခြင်းသတင်းကောင်းကို ဟောပြောရန် အသင့်ရှိခြင်း ဟူသော ဖိနပ်ကို စီးလျက် ရပ်တည်ကြလော့။
ပြင်ပလူတို့ရှေ့တွင် ပညာရှိစွာ ပြုမူနေထိုင်၍ အခွင့်အရေးကို အကျိုးရှိစွာ အသုံးပြုကြလော့။