Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 လက်ရှိ အကျပ်အတည်း​ကြောင့် ဤ​အတိုင်း နေ​လျှင် အကောင်းဆုံး​ဖြစ်မည်​ဟု ကျွန်ုပ်​ယူဆပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ယ​ခု​ကြုံ​တွေ့​နေ​ရ​သည့်​ခေတ်​ဆိုး​ကြောင့်​အ​မျိုး သား​တစ်​ယောက်​သည် ရှိ​မြဲ​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​နေ​ထိုင်​လျှင်​ကောင်း​ပေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 လူ တိုင်း ရှိ ရင်း အ ဖြစ် အ နေ၌ နေ သင့် သည် ဟု ငါ ထင် မှတ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 စီ​ရင်​ချက်​ဟူ​မူ​ကား၊ ယ​ခု ညှဉ်း​ဆဲ​ခြင်း အ​ကြောင်း​ကြောင့် ခင်​ပွန်း​မ​ရှိ​လျှင် ကောင်း၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 မျက်မှောက်​ကြုံတွေ့​နေ​ရ​သော ခက်ခဲ​ကျပ်တည်း​ခြင်း​ကြောင့် ဤ​အတိုင်း​နေ​လျှင် ကောင်း​၏​ဟု ငါ​ယူဆ​၏။ ယောက်ျား​သည်​လည်း လက်ရှိ​အခြေအနေ​အတိုင်း​နေ​လျှင် ကောင်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:26
11 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့ရက်များ​တွင် ကိုယ်ဝန်ဆောင်​အမျိုးသမီးများ​နှင့် နို့စို့ကလေးငယ်​ရှိသော​မိခင်များ​သည် အလွန်​ဒုက္ခရောက်ကြ​လိမ့်မည်။


ထို​နေ့ရက်များ​တွင် ကိုယ်ဝန်ဆောင်​အမျိုးသမီးများ​နှင့် နို့စို့သူငယ်​ရှိသော​မိခင်များ​သည် အလွန်​ဒုက္ခရောက်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​ပြည်​၌ ကြီးမားသော​ဒုက္ခဆင်းရဲ​ရောက်​၍ ထို​လူမျိုး​အပေါ်​တွင် ဘုရားသခင်​၏​အမျက်ဒေါသ​ကျရောက်မည်​ဖြစ်သောကြောင့်​ပင်။


ယခု​တွင် သင်တို့​ရေးပို့သော​စာ​၌ မေးထားသည့်​မေးခွန်း​နှင့် ပတ်သက်၍ ဖြေရ​ပါက ယောက်ျား​သည် မိန်းမ​နှင့် မထိတွေ့​လျှင် ကောင်း၏။


သင်​၌ ဇနီး​ရှိ​ပါက ကွာရှင်း​ရန် မကြံစည်နှင့်။ ဇနီး​မရှိ​ပါက အိမ်ထောင်ပြု​ရန် မကြံစည်နှင့်။


သို့သော် အိမ်ထောင်ပြု​လျှင်လည်း ၎င်း​သည် အပြစ်​မဟုတ်ပါ။ အပျိုစင်​တစ်ယောက်​အိမ်ထောင်ပြု​လျှင်လည်း အပြစ်​မဟုတ်ပါ။ သို့ရာတွင် ဤ​ကာလ​၌ အိမ်ထောင်ပြုသူတို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံရမည်​ဖြစ်​၍ ကျွန်ုပ်​သည် သင်တို့​ကို ထို​ဒုက္ခများ​မှ ကင်းလွတ်​ရန် ပြောရခြင်း​ဖြစ်၏။


ထို့ကြောင့် အိမ်ထောင်​မရှိသောသူများ​နှင့် မုဆိုးမများ​ကို ကျွန်ုပ်​ပြောလိုသည်​မှာ ထို​သူတို့​သည် ကျွန်ုပ်​ကဲ့သို့ အိမ်ထောင်​မပြုဘဲ နေ​လျှင် ပို၍​ကောင်း​လိမ့်မည်။


ပရောဖက်ပြု​ဟောပြောခြင်း​ဖြင့်​ဖြစ်စေ၊ နှုတ်စကား​ဖြင့်​ဖြစ်စေ၊ ကျွန်ုပ်တို့​ရေးပို့သည့် စာ​ကဲ့သို့သော စာ​ဖြင့်​ဖြစ်စေ သခင်ဘုရား ပြန်လည်​ကြွလာသည့် နေ့ရက် ကျရောက်ပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့​က သွန်သင်သည့် ပုံမျိုး​ဖြင့် ပြောဆိုကြ​လျှင်ပင် လွယ်လွယ်​နှင့် မတုန်လှုပ် မစိုးရိမ်ကြ​ရန် ကျွန်ုပ်တို့ တောင်းပန်ပါ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​အိမ်တော်သားတို့​ကို ဦးစွာ တရားစီရင်မည့်​အချိန်​ရောက်လာ​သောကြောင့်​ဖြစ်၏။ ထိုသို့ ကျွန်ုပ်တို့​ကို ဦးစွာ တရားစီရင်​လျှင် ဘုရားသခင်​၏ သတင်းကောင်း​ကို မနာခံသော​သူတို့​၏ အဆုံးသတ်​သည် မည်သို့​ဖြစ်မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ