ထိုသူသည် အစေခံတို့ကို သူတို့၏ အရည်အချင်းနှင့်အညီ တစ်ဦးအား ငွေငါးပိဿာ၊ နောက်တစ်ဦးအား ငွေနှစ်ပိဿာနှင့် နောက်ဆုံးတစ်ဦးအား ငွေတစ်ပိဿာ ပေးအပ်ပြီး ခရီးထွက်လေ၏။
ဧဖက် 4:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်တို့တစ်ဦးစီသည် ခရစ်တော် ခွဲဝေပေးတော်မူသည့်အတိုင်း အထူးစွမ်းရည်ကို အသီးသီး ရရှိကြ၏။ Common Language Bible ခရစ်တော်ချပေးတော်မူသည်အတိုင်းငါတို့ တစ်ဦးစီသည်ထူးမြတ်သည့်ဆုကျေးဇူးကို ခံစားကြရပေသည်။- Garrad Bible သို့ ရာ တွင် ငါ တို့ အ သီး အ သီး သည် ခ ရစ် တော်၏ ဆု တော် နှင့် အ မျှ ကျေး ဇူး တော် ကို ခံ စား ရ လေ ပြီ။ Judson Bible သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည် ကျေးဇူးတော်ကို အသီးအသီး ကိုယ်စီခံရကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါတို့တစ်ဦးစီသည် ခရစ်တော်ပေးတော်မူသော ကောင်းချီးလက်ဆောင်၏ပမာဏအတိုင်း ကျေးဇူးတော်ကိုခံစားရကြ၏။ |
ထိုသူသည် အစေခံတို့ကို သူတို့၏ အရည်အချင်းနှင့်အညီ တစ်ဦးအား ငွေငါးပိဿာ၊ နောက်တစ်ဦးအား ငွေနှစ်ပိဿာနှင့် နောက်ဆုံးတစ်ဦးအား ငွေတစ်ပိဿာ ပေးအပ်ပြီး ခရီးထွက်လေ၏။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို အကန့်အသတ်မရှိ ပေးတော်မူသောကြောင့် ဖြစ်၏။
ကျွန်ုပ်အား ဘုရားသခင်ပေးအပ်တော်မူသော တမန်တော်ဖြစ်ခြင်း အခွင့်ထူးဖြင့် သင်တို့တစ်ဦးချင်းကို ကျွန်ုပ်ပြောလိုသည်မှာ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်ထက် ပို၍ အထင်မကြီးကြနှင့်။ မိမိတို့အတွက် ဘုရားသခင်ခွဲဝေပေးသနားတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်ရိုးသားစွာ သုံးသပ်ကြလော့။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
သင်တို့အတွက် ကျွန်ုပ်ကို ဘုရားသခင်ပေးသနားတော်မူသည့် ကျေးဇူးတော်နှင့်ဆိုင်သော အထူးတာဝန်အကြောင်းကို သင်တို့ အမှန်ပင် ကြားသိရပြီ ဖြစ်၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
တစ်ချိန်တည်းမှာပင် ဘုရားသခင်ကလည်း နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိအလိုတော်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးများကို ဝေမျှတော်မူခြင်း စသည်တို့ဖြင့် သူတို့နှင့်အတူ သက်သေခံတော်မူ၏။
သင်တို့တစ်ဦးစီသည် ဘုရားသခင်ထံမှ ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်းအဖြစ် ထိုဆုကျေးဇူးတို့ကို အသုံးပြု၍ အချင်းချင်း ကူညီဆောင်ရွက်ကြလော့။