ဧဖက် 4:7 - Common Language Bible7 ခရစ်တော်ချပေးတော်မူသည်အတိုင်းငါတို့ တစ်ဦးစီသည်ထူးမြတ်သည့်ဆုကျေးဇူးကို ခံစားကြရပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible7 သို့ ရာ တွင် ငါ တို့ အ သီး အ သီး သည် ခ ရစ် တော်၏ ဆု တော် နှင့် အ မျှ ကျေး ဇူး တော် ကို ခံ စား ရ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible7 သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည် ကျေးဇူးတော်ကို အသီးအသီး ကိုယ်စီခံရကြပြီ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 သို့သော် ငါတို့တစ်ဦးစီသည် ခရစ်တော်ပေးတော်မူသော ကောင်းချီးလက်ဆောင်၏ပမာဏအတိုင်း ကျေးဇူးတော်ကိုခံစားရကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 သို့သော် ကျွန်ုပ်တို့တစ်ဦးစီသည် ခရစ်တော် ခွဲဝေပေးတော်မူသည့်အတိုင်း အထူးစွမ်းရည်ကို အသီးသီး ရရှိကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်မိမိတို့ကိုယ်ကိုထင်သင့်သည် ထက်ပို၍အထင်မကြီးကြစေရန် ငါခံစား ရသောဘုရားသခင်၏ကျေးဇူးတော်ကြောင့် သင်တို့အပေါင်းအားငါမှာကြားလို၏။ သင် တို့အသီးသီးတို့အားဘုရားသခင်ချ ပေးတော်မူသောယုံကြည်ခြင်းပမာဏ အတိုင်းမိမိတို့ကိုယ်ကိုသင့်လျော်စွာထင် ကြလော့။-
တစ်ချိန်တည်းမှာပင်ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်သည်မိမိအလိုတော် အတိုင်း ဆုကျေးဇူးများကိုဝေငှတော်မူ ခြင်းအားဖြင့်လည်းကောင်းထပ်လောင်း သက်သေပြတော်မူ၏။