သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ လောဘလွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ပညာမဲ့ခြင်း၊
ဧဖက် 4:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် အရှက်တရား ကင်းမဲ့လာကြသဖြင့် ကာမဂုဏ် လိုက်စားလျက် စက်ဆုပ်ညစ်ညမ်းဖွယ်ရာ အကျင့်အမျိုးမျိုးတို့ကို အလွန် တပ်မက်စွာ ပြုမူကြ၏။ Common Language Bible ရှက်ကြောက်စိတ်လုံးဝမရှိတော့သဖြင့်သူတို့ သည်ကာမဂုဏ်လိုက်စားကာ ညစ်ညမ်းသောအကျင့် အမျိုးမျိုးတို့ကိုအချုပ်အချယ်မရှိပြုကျင့် ကြပေသည်။ Garrad Bible ပြောင် တိုက် ဝံ့ သည့် အ လျောက် ကာ မ ဂုဏ် လိုက် စား ရန် ကိုယ် ကို လွှဲ အပ် သ ဖြင့် ညစ် ညူး မှု အ မျိုး မျိုး ကို ရ မ္မက် နှင့် ပြု တတ် ကြ၏။ Judson Bible ထိုသူတို့သည် ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့် အမျိုးမျိုးကို ကြိုးစား၍ ကျင့်လိုသောငှာ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ရှက်ကြောက်စိတ်ကင်းမဲ့လျက် ညစ်ညူးသောအရာအမျိုးမျိုးတို့ကို အလွန်တပ်မက်သောစိတ်နှင့်ပြုမူ၍ မိမိတို့ကိုယ်ကို ကာမဂုဏ်လိုက်စားခြင်းလက်သို့ အပ်လိုက်ကြ၏။ |
သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ လောဘလွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ပညာမဲ့ခြင်း၊
ထို့ကြောင့် ဘုရားသခင်ကို မသိသောလူမျိုးခြားများကဲ့သို့ မနေထိုင်ကြရန် သခင်ဘုရား၏ အခွင့်အာဏာဖြင့် သင်တို့ကို ကျွန်ုပ် သတိပေးလို၏။ ထိုသူတို့၏ တွေးခေါ်ကြံဆမှုသည် အကျိုးမရှိပေ။
ထို့ကြောင့် တရားနှင့်မညီသော မေထုန်ပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကိလေသာစိတ် ပြင်းပြခြင်း၊ မကောင်းမှုကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဟူသော လောဘလွန်ကြူးခြင်း စသည့် လောကီဆိုင်ရာအကျင့်တို့ကို အဆက်ဖြတ်ကြလော့။
ထိုအယူဝါဒကို သွန်သင်သူများ၏ အမှားအမှန်ခွဲခြားသော အသိစိတ်သည် သံပူနှင့်ခတ်ခံရသကဲ့သို့ ထုံထိုင်းနေ၏။ သူတို့သည် သူတော်ကောင်းယောင်ဆောင်သော လူလိမ်များဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်ကို မကိုးကွယ်သောသူများကဲ့သို့ ကိလေသာလွန်ကြူးခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ ပွဲလုပ်ပျော်ပါးခြင်း၊ သောက်စားခြင်း၊ ပညတ်တရားနှင့် မလျော်ညီသည့် ရုပ်တုကိုးကွယ်ခြင်းတို့ကို ပြုမူ၍ အချိန်အတန်ကြာ နေထိုင်ခဲ့သောကြောင့်ဖြစ်၏။
“ခွေးသည် မိမိအန်ဖတ်ကို ပြန်စားတတ်၏။ ဝက်သည် ရေချိုးပြီးလျှင်ပင် ရွှံ့၌ ပြန်လူးတတ်၏” ဟူသည့် မှန်သောဆိုရိုးစကားသည် ထိုသူတို့၌ ဖြစ်ပျက်လာ၏။
သူတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ကာဣန၏လမ်းစဉ်သို့ လိုက်ကြပြီ။ ဗာလမ်သည် အခကြေးငွေကို ရလို၍ မှားယွင်းသကဲ့သို့ ဗာလမ်နည်းတူ အလျင်အမြန်မှားယွင်းကြပြီ။ ကောရကဲ့သို့ ပုန်ကန်သဖြင့် ပျက်စီးဆုံးရှုံးကြပြီ။
လူမျိုးအပေါင်းတို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းဟူသည့် သူ၏စပျစ်ဝိုင်ကို သောက်ကြပြီ။ လောကီဘုရင်တို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းကို သူနှင့် ကျူးလွန်ကြ၏။ လောကီကုန်သည်တို့သည်လည်း သူ၏ အလွန်အကျွံစည်းစိမ်ခံစားလိုသောဆန္ဒကြောင့် ကြီးပွားချမ်းသာလာကြပြီ” ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်၏။