ထိုသူတို့က ‘ကျွန်ုပ်တို့အား ငှားမည့်သူမရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။ မြေရှင်က ထိုသူတို့အား ‘သင်တို့သည်လည်း ငါ့စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ’ ဟု ဆို၏။
ဧဖက် 2:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် လူမျိုးခြားများအဖြစ် မွေးဖွားလာကြပြီး ဂျူးလူမျိုးများက သင်တို့ကို အရေပြားမလှီးသောသူများဟု ခေါ်ကြ၏။ ထိုသူတို့သည် မိမိကိုယ်ကိုယ် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသူများဟု ခေါ်ကြ၏။ ထိုသူတို့၏ အရေပြားလှီးခြင်းသည် ကိုယ်ခန္ဓာပေါ်တွင် လူ့လက်ဖြင့် ပြုလုပ်သော အရာသာ ဖြစ်၏။ Common Language Bible ဇာတိအလျောက်လူမျိုးခြားဖြစ်ကြသောသင် တို့အား အရေဖျားလှီးမင်္ဂလာမခံသူများဟု ယုဒအမျိုးသားများကခေါ်ကြ၏။ ယုဒ အမျိုးသားများက မိမိတို့ကိုယ်ကိုအရေ ဖျားလှီးမင်္ဂလာခံသူများဟုခေါ်ကြ၏။ (အရေဖျားလှီးမင်္ဂလာဟုဆိုရာ၌ကိုယ် ကာယနှင့်ဆိုင်သောအမှုဖြစ်သည်။) အထက် ကသင်တို့၏အခြေအနေကိုသတိရ ကြလော့။- Garrad Bible ထို့ ကြောင့် လူ့ လက် နှင့် ကိုယ် ကာ ယ ၌ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ ဟု အ မည် တွင် သူ တို့ ဖြင့် မင်္ဂ လာ မဲ့ သူ ဟု အ ခေါ် ခံ သော ဇာ တိ အ လျောက် လူ မျိုး ခြား ဖြစ် သော သင် တို့ သည်၊ Judson Bible ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ပြုသော ဝေါဟာရ အရေဖျားလှီးခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍ ခေါ်ဝေါ်ကြသော သာသနာပလူတို့အထဲ၌ သင်တို့သည် အထက်က ပကတိအတိုင်း ဖြစ်ကြသည်ကိုလည်းကောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် တစ်ချိန်က သင်တို့သည် ဇာတိအားဖြင့် လူမျိုးခြားများဖြစ်ကြပြီး ကိုယ်ကာယ၌ လက်ဖြင့်အရေဖျားလှီးထားသောသူတို့က သင်တို့ကို အရေဖျားမလှီးသောသူဟု ခေါ်ဝေါ်ခဲ့ကြသည်ကို သတိရကြလော့။ |
ထိုသူတို့က ‘ကျွန်ုပ်တို့အား ငှားမည့်သူမရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။ မြေရှင်က ထိုသူတို့အား ‘သင်တို့သည်လည်း ငါ့စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ’ ဟု ဆို၏။
အချို့သောအကိုင်းအခက်များ ခုတ်ဖြတ်ခံရပြီး သံလွင်ပင်အရိုင်းဖြစ်သော သင့်ကို ကိုင်းဆက်ကူး၏။ ထို့ကြောင့် ယခုသင်သည် သံလွင်ပင်အမြစ်၏ အဆီအနှစ်ကို မျှဝေခံစားရ၏။
အရေပြားလှီးခြင်းမင်္ဂလာကိုမခံယူသော လူမျိုးခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးပါက သူတို့၏ အရေပြားမလှီးခြင်းကို အရေပြားလှီးခြင်းအဖြစ် ဘုရားသခင်မှတ်ယူတော်မူမည်မဟုတ်လော။
သင်သည် ပညတ်ကျမ်းနှင့် အရေပြားလှီးခြင်းမင်္ဂလာကို ရရှိခံယူထားလျက်နှင့် ထိုပညတ်တရားကိုချိုးဖောက်၏။ သို့ဖြစ်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း ပညတ်တရားကို လိုက်နာကျင့်သုံးသောလူမျိုးခြားတို့သည် သင်တို့ကို အပြစ်တင်ကြလိမ့်မည်။
သင်တို့သည် ဘုရားသခင်ကို မကိုးကွယ်မီအချိန်က စကားမပြောနိုင်သောရုပ်တုများကို ကိုးကွယ်ရန် တစ်နည်း၊ သို့မဟုတ် တစ်နည်းဖြင့် သွေးဆောင်ခံရကာ လမ်းလွဲခဲ့ကြကြောင်း သင်တို့အသိပင် ဖြစ်၏။
သင်တို့ထဲမှ တချို့သည် ယခင်က ထိုကဲ့သို့သောသူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခုတွင် သခင်ယေရှုခရစ်တော်နှင့် ကျွန်ုပ်တို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခံရကြပြီ။
ကျွန်ုပ်တို့သည် အပြစ်သားလူမျိုးခြားများ မဟုတ်ဘဲ မွေးဖွားလာကတည်းကပင် ဂျူးလူမျိုးများ ဖြစ်ကြ၏။
သင်တို့အား အရေပြားလှီးခြင်းမင်္ဂလာခံယူရန် အတင်းအကျပ် စေခိုင်းလျက်ရှိသောသူတို့သည် အပြင်ပန်းတင့်တယ်လိုကြ၏။ ထိုသို့ စေခိုင်းသည်မှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်တရားကသာ ကယ်တင်နိုင်သည်ဟူ၍ ဟောပြောခြင်းအတွက် ခံရမည့် ညှဉ်းပန်းနှိပ်စက်ခြင်းကို မလိုလားသောကြောင့် ဖြစ်၏။
ထိုသို့ သင်တို့သည် ဘုရားသခင်ကို မနာခံသောသူတို့ထဲ၌ သက်ဝင်လှုပ်ရှားလျက်ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသဆိုင်ရာ တန်ခိုးများကို ကြီးစိုးသောမင်းကို နာခံ၍ လောကီသားများ၏လမ်းစဉ်အတိုင်း အပြစ်ပြုလျက် နေထိုင်ကြ၏။
သင်တို့သည် ယခင်က အမှောင် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ သခင်ဘုရား၏ လူများ ဖြစ်လာကြသောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏ သားသမီးများကဲ့သို့ ပြုမူနေထိုင်ကြလော့။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
တစ်ချိန်က သင်တို့သည် ဘုရားသခင်နှင့် ကင်းကွာပြီး စိတ်နှလုံးသားထဲ၌ ကိုယ်တော်ကို ရန်ဘက်ပြု၍ ဆိုးရွားစွာ ပြုမူနေထိုင်ခဲ့ကြ၏။
သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်သောကြောင့် လူ့လက်ဖြင့် ပြုလုပ်ရသော အရေပြားလှီးခြင်း မဟုတ်ဘဲ ခရစ်တော် ပြုလုပ်သော အရေပြားလှီးခြင်းကို ခံယူကြ၏။ ခရစ်တော်သည် သင်တို့၏ လူ့ဗီဇစိတ် အပြစ်ကို ဖယ်ရှားပြီး
ယခင်က သင်တို့သည် မိမိတို့၏ အပြစ်များနှင့် လူ့ဗီဇစိတ်ကို မဖြတ်တောက်နိုင်သေးသောကြောင့် ဝိညာဉ်ရေးအရ သေလူကဲ့သို့ ဖြစ်ခဲ့ကြ၏။ သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များအားလုံးကို ခွင့်လွှတ်တော်မူ၍
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။