သို့သော်လည်း သားမဖွားမီတိုင်အောင် မာရိနှင့် မဆက်ဆံဘဲနေ၏။ ထိုသား၏ အမည်ကို ယေရှုဟု မှည့်လေ၏။
ဧဖက် 1:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်အားဖြင့် မိမိ၏သားသမီးအဖြစ် ကြိုတင်သတ်မှတ်တော်မူ၏။ ဤအရာသည် ဘုရားသခင် နှစ်သက်တော်မူသောအရာနှင့် အလိုရှိတော်မူသောအရာပင် ဖြစ်၏။ Common Language Bible ငါတို့ကိုကိုယ်တော်၏သားများဖြစ်စေရန် ယေရှုခရစ်အားဖြင့်ရွေးကောက်တော်မူပြီး ဖြစ်သည်။ ဤကားကိုယ်တော်၏အလိုတော် နှင့်အကြံအစည်တော်ပင်ဖြစ်ပေသည်။- Judson Bible ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှာ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း မိမိအလိုတော်နှင့်ညီသောစေတနာအတိုင်း ယေရှုခရစ်တော်အားဖြင့် ငါတို့ကို မိမိ၏သားသမီးအရာ၌ မေတ္တာတော်ဖြင့် ကြိုတင်သတ်မှတ်ထားတော်မူ၏။ |
သို့သော်လည်း သားမဖွားမီတိုင်အောင် မာရိနှင့် မဆက်ဆံဘဲနေ၏။ ထိုသား၏ အမည်ကို ယေရှုဟု မှည့်လေ၏။
ထိုအချိန်၌ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရွှင်လန်းလျက် “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏အဖ။ ဤသည်မှာ အဖခမည်းတော် နှစ်သက်တော်မူသောအရာပင် ဖြစ်၏။
တရားစီရင်တော်မူသောနေ့တွင် နိနဝေမြို့သားတို့သည် ထ၍ ဤမျိုးဆက်ကို အပြစ်တင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သားတို့သည် ယောန၏ဟောပြောခြင်းအားဖြင့် သူတို့၏အပြစ်များမှ နောင်တရခဲ့ကြသောကြောင့်ဖြစ်၏။ ကြည့်ရှုလော့။ ယောနထက်ကြီးမြတ်သူသည် ဤအရပ်၌ ရှိ၏။
အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကို ပေးရန် အလိုတော်ရှိတော်မူ၏။
သို့ရာတွင် ထိုအရှင်သည် မိမိကိုယုံကြည်၍ လက်ခံသမျှသောသူတို့ကို ဘုရားသခင်၏ သားသမီးများဖြစ်ခွင့် ပေးတော်မူ၏။
ထိုဂျူးတစ်မျိုးသားလုံးအတွက်သာမက ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့နေထိုင်ကြသော ဘုရားသခင်၏သားသမီးများ အားလုံးကိုလည်း ပေါင်းစည်းစေရန်အတွက်ပါ အသေခံတော်မူမည့်အကြောင်းကို ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။
ယေရှုက “ငါသည် ခမည်းတော်ထံသို့ မတက်ရသေးသဖြင့် ငါ့ကို မထိနှင့်ဦး။ ငါ့တပည့်တို့ထံ သွား၍ ‘ငါ့အဖဟူသော သင်တို့၏အဖ၊ ငါ့ဘုရားသခင်ဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်သွားရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။
ဤစကားကို လူမျိုးခြားများကြားကြသောအခါ ဝမ်းမြောက်၍ သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ရရန် ဘုရားသခင်ရွေးချယ်တော်မူသောသူရှိသမျှတို့သည် ယုံကြည်သက်ဝင်လာကြ၏။
ဖန်ဆင်းခံလောကသာ ညည်းတွားနေသည်မဟုတ်။ ဘုရားသခင်၏ အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကို ရရှိသော ကျွန်ုပ်တို့သည်လည်း ခန္ဓာရွေးနုတ်ခြင်းဟူသော သားသမီးဖြစ်ခွင့်ကို စောင့်မျှော်၍ ညည်းတွားနေကြ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ သုဿင်တို့က
လူ၏ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကို မသိနိုင်စေရန် ဘုရားသခင်သည် ဉာဏ်တော်ဖြင့် စီမံခန့်ခွဲထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသောတရားဟု လူတို့ယူဆသည့် ကျွန်ုပ်တို့ဟောသောတရားအားဖြင့် ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ကယ်တင်ရန် အလိုရှိတော်မူ၏။
ငါသည် သင်တို့၏ အဖဖြစ်မည်။ သင်တို့သည် ငါ၏ သားသမီးများဖြစ်ကြလိမ့်မည်” ဟု အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့အားလုံးသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
အရာအားလုံးကို မိမိအလိုတော်နှင့်ညီသော အကြံအစည်တော်အတိုင်း လုပ်ဆောင်တော်မူသည့်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ရှေးယခင်ကပင် ကြိုတင်သတ်မှတ်တော်မူသည့်အတိုင်း မိမိ၏အမွေခံများအဖြစ် ရွေးချယ်တော်မူ၏။
ဘုရားသခင်သည် ခရစ်တော်အားဖြင့် ပြုတော်မူမည်ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်၏ လျှို့ဝှက်နက်နဲသောအရာကို မိမိ နှစ်သက်တော်မူသည့်အတိုင်း ကျွန်ုပ်တို့ကို ဖော်ပြတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှစ်သက်စေမည့်အရာကို ဆောင်ရွက်လိုသောစိတ်ဆန္ဒရှိရန်နှင့် ဆောင်ရွက်နိုင်စွမ်းရှိရန် သင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသောအရှင်သည် ဘုရားသခင်ဖြစ်တော်မူသောကြောင့်ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့ဘုရားသခင်သည် သင်တို့ကို ခေါ်တော်မူခြင်းနှင့် ထိုက်တန်သူများဖြစ်စေတော်မူရန် သင်တို့အတွက် ကျွန်ုပ်တို့အစဉ် ဆုတောင်းကြ၏။ သင်တို့သည် ကိုယ်တော်၏ တန်ခိုးတော်ကြောင့် ကောင်းမှုပြုလိုသောဆန္ဒနှင့် ယုံကြည်ခြင်းက လှုံ့ဆော်သောအမှုကို ပြီးမြောက်စေတော်မူရန် ကျွန်ုပ်တို့ဆုတောင်း၏။
တစ်ချိန်တည်းမှာပင် ဘုရားသခင်ကလည်း နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိအလိုတော်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးများကို ဝေမျှတော်မူခြင်း စသည်တို့ဖြင့် သူတို့နှင့်အတူ သက်သေခံတော်မူ၏။
ခမည်းတော်သည် ကျွန်ုပ်တို့ကို မည်မျှချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ကျွန်ုပ်တို့ကိုလည်း မသိကြ။
အောင်မြင်သောသူသည် ဤအရာများကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူတို့သည် ငါ၏သားသမီးများဖြစ်ကြလိမ့်မည်။