ကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ ပြည့်စုံကြွယ်ဝခြင်းမှ ကျေးဇူးတစ်ခုအပေါ် တစ်ခုဆင့်၍ ခံစားခွင့်ရကြပြီ။
ဧဖက် 1:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဖြစ်၏။ အရာအားလုံးကို နည်းမျိုးစုံဖြင့် ဖြည့်ဆည်းပေးတော်မူသော ခရစ်တော်သည် ထိုအသင်းတော်ကို ပြည့်စုံစေတော်မူ၏။ Common Language Bible ထိုအသင်းတော်ကားအလုံးစုံတို့ကိုပြည့်ဝ စုံလင်စေတော်မူသောသူပြည့်ဝစုံလင်ခြင်း တည်းဟူသောခရစ်တော်၏ကိုယ်ခန္ဓာဖြစ် သတည်း။ Garrad Bible အ သင်း တော် မူ ကား ရှိ ရှိ သ မျှ၏ အ ချက် အ ခြာ ဖြစ် တော် မူ သော အ ရှင်၏ အ ဖြည့် အ စွက်၊ ကိုယ် တော်၏ ကိုယ် ခ န္ဓာ ဖြစ် သ တည်း။ Judson Bible ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံစေတော်မူသောသူ၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထိုအသင်းတော်သည် အလုံးစုံတို့ကို အလုံးစုံတို့၌ ပြည့်စုံစေတော်မူသောအရှင်၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ်ခန္ဓာတော်ဖြစ်၏။ |
ကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ ပြည့်စုံကြွယ်ဝခြင်းမှ ကျေးဇူးတစ်ခုအပေါ် တစ်ခုဆင့်၍ ခံစားခွင့်ရကြပြီ။
သို့ဖြစ်၍ ပြစ်ဒဏ်ကို ကြောက်သောကြောင့်သာ မဟုတ်ဘဲ မိမိအသိစိတ်ကြောင့်လည်း သူ၏အုပ်ချုပ်မှုကို နာခံရမည်။
လုပ်ဆောင်ပုံအမျိုးမျိုးရှိသော်လည်း လူအပေါင်းတို့၌ ရှိသော လုပ်ဆောင်ပုံအားလုံးကို သက်ဝင်လှုပ်ရှားစေတော်မူသော ဘုရားသခင် တစ်ပါးတည်းရှိ၏။
သားတော်သည် အရာအားလုံးကို အုပ်စိုးသောအခါ သားတော်ကိုယ်တိုင်သည်လည်း မိမိအား အရာအားလုံးကို အုပ်စိုးစေတော်မူသောဘုရားသခင်၏ အုပ်စိုးခြင်းကို ခံယူတော်မူလိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးတော်မူမည့်အကြောင်းဖြစ်၏။
လက်ဝါးကပ်တိုင်တွင် သူတို့၏ ရန်ငြိုးကို အဆုံးသတ်ပြီးလျှင် ထိုလက်ဝါးကပ်တိုင်ဖြင့် လူနှစ်မျိုးကို တစ်မျိုးတည်း ဖြစ်စေလျက် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေရန် ဖြစ်၏။
ဤသို့ပြုခြင်းသည် ကောင်းကင်အရပ်ရှိ အုပ်ချုပ်သူများနှင့် အာဏာရှိသူများက အဘက်ဘက်၌ ပြည့်စုံသော ဘုရားသခင်၏ ပညာတော်ကို အသင်းတော်မှတစ်ဆင့် သိမြင်လာကြစေရန် ဖြစ်၏။
ဆင်းကြွတော်မူခဲ့သော အရှင်သည် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံတော်မူရန် ကောင်းကင်တို့ထက် မြင့်ရာသို့ တက်ကြွတော်မူသောအရှင်လည်း ဖြစ်တော်မူ၏။
သူတို့၏တာဝန်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်ကို တည်ဆောက်နိုင်ရန်အတွက် ယုံကြည်သူတို့ကို အမှုတော်လုပ်ငန်းအတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။
ကျွန်ုပ်တို့အားလုံးသည် ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်းတို့၌ တညီတညွတ်တည်း ဖြစ်သည့်တိုင်အောင်လည်းကောင်း၊ ရင့်ကျက်သည့်တိုင်အောင်လည်းကောင်း၊ ခရစ်တော်၏ ပြည့်စုံခြင်းစံနှုန်းကို မီသည့်တိုင်အောင်လည်းကောင်း ဤတာဝန်မှာ ဆက်လက်ရှိနေမည် ဖြစ်၏။
သင်တို့ကို ဘုရားသခင် ရွေးချယ်တော်မူသောအခါ တစ်ပါးတည်းသော မျှော်လင့်ချက်အတွက် ရွေးချယ်တော်မူသကဲ့သို့ ကိုယ်ခန္ဓာတစ်ပါးတည်း၊ ဝိညာဉ်တော်တစ်ပါးတည်း ရှိ၏။
ယခုအခါ ကျွန်ုပ်သည် သင်တို့အတွက် ဆင်းရဲဒုက္ခခံရသည်ကို ဝမ်းမြောက်၍ ခရစ်တော်ကိုယ်စား ဆင်းရဲဒုက္ခခံကာ ကြွင်းကျန်နေသေးသော ဆင်းရဲဒုက္ခကို ကိုယ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ကျွန်ုပ်၏ ခန္ဓာသွေးသားဖြင့် ဖြည့်ဆည်းနေ၏။
သူတို့သည် ဦးခေါင်းဖြစ်သည့် ခရစ်တော်၌ မှီခိုအားထားခြင်း မရှိ။ ထိုဦးခေါင်းဖြစ်သည့် ခရစ်တော်မှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြော အရွတ်များဖြင့် ဆက်စပ်၍ အားဖြည့်လျက် ဘုရားသခင် ကြီးထွားစေလိုတော်မူသည့်အတိုင်း ကြီးထွားကြ၏။
သို့ဖြစ်၍ ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသူနှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်နှင့် လွတ်လပ်သူဟူ၍ ခြားနားမှုမရှိပေ။ ခရစ်တော်သည်သာ အရေးပါ၍ ကျွန်ုပ်တို့အားလုံးအထဲတွင် ကိန်းအောင်းတော်မူ၏။
သင်တို့သည် ကိုယ်ခန္ဓာတစ်ခုတည်း၏ အစိတ်အပိုင်းများ ဖြစ်၍ ငြိမ်းချမ်းစွာ နေထိုင်ရန် ရွေးချယ်ခြင်းခံကြရ၏။ ထို့ကြောင့် ခရစ်တော် ပေးသနားတော်မူသော ငြိမ်းချမ်းခြင်းသည် သင်တို့၏ နှလုံးသား၌ စိုးမိုးပါစေသော။ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ကြလော့။