Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 သားတော်​သည် အရာ​အားလုံး​ကို အုပ်စိုး​သောအခါ သားတော်​ကိုယ်တိုင်​သည်လည်း မိမိ​အား အရာ​အားလုံး​ကို အုပ်စိုးစေတော်မူသော​ဘုရားသခင်​၏ အုပ်စိုးခြင်း​ကို ခံယူတော်မူ​လိမ့်မည်။ ဤသည်​မှာ ဘုရားသခင်​သည် အရာ​အားလုံး​ကို အုပ်စိုးတော်မူမည့်​အကြောင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 သို့​ရာ​တွင်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သား တော်​အား​အုပ်​စိုး​စေ​တော်​မူ​သော​အ​ခါ​၌ မိ​မိ​ခြေ​ဖ​ဝါး​တော်​အောက်​သို့​ခပ်​သိမ်း​သော အ​ရာ​ကို​ရောက်​ရှိ​စေ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​အုပ်​စိုး​ခြင်း​ကို သား​တော်​ကိုယ်​တိုင် ပင်​လျှင်​ခံ​ယူ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည်​ခပ်​သိမ်း​သော​အ​ရာ တို့​ကို​လုံး​ဝ​ဥ​ဿုံ​အုပ်​စိုး​တော်​မူ​ပေ​အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 သား တော့် အောက် အ ရာ ခပ် သိမ်း ရောက် ပြီး နောက်၊ ချ ထား တော် မူ ရင်း အ ရှင့် အောက် သား တော် ကိုယ် တိုင် ရောက် တော် မူ သ ဖြင့် ဘု ရား သ ခင် သည် ရှိ ရှိ သ မျှ၏ အ ချက် အ ချာ အ ဖြစ် တည် တော် မူ ဦး မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ခပ်​သိမ်း​သော အ​ရာ​တို့​သည် လူ​သား​အောက်၌ ချ​ထား​လျက် ရှိ​သော​အ​ခါ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သူ့​အောက်၌ ချ​ထား​တော်​မူ​သော သူ၏​အုပ်​စိုး​တော်​မူ​ခြင်း​ကို သား​တော်​သည် ကိုယ်​တိုင်​ဝန်​ခံ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လုံး​စုံ ဖြစ်​တော်​မူ​မည် အ​ကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 အရာ​ခပ်သိမ်း​တို့​ကို ကိုယ်တော်​အား နာခံ​စေ​တော်မူ​သောအခါ သား​တော်​ကိုယ်တိုင်​သည်​လည်း အရာ​ခပ်သိမ်း​တို့​ကို မိမိ​အား​နာခံ​စေ​တော်မူ​သော​အရှင်​ကို နာခံ​တော်မူ​လိမ့်မည်။ ဤသည်ကား ဘုရားသခင်​သည် အလုံးစုံ​တို့​၌ အလုံးစုံ​ဖြစ်​တော်မူ​မည့်​အကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:28
18 ပူးပေါင်းရင်းမြစ်များ  

‘ယခု ငါ​သွားမည်။ သို့သော် သင်တို့​ထံသို့ ပြန်လာ​ဦးမည်’ ဟူ၍ ငါ​ပြောခဲ့သော​စကား​ကို သင်တို့​ကြားခဲ့ပြီ။ သင်တို့​သည် ငါ့​ကို အမှန်တကယ်​ချစ်​လျှင် ငါ့​ထက် ပို​၍ ကြီးမြတ်သော​ခမည်းတော်​ထံသို့ ငါ​သွားသည့်​အတွက် ဝမ်းမြောက်ကြ​လိမ့်မည်။


သင်တို့​အား ကျွန်ုပ် သိစေ​လိုသည်​မှာ ယောက်ျား​တိုင်း​၏​ဦးခေါင်း​သည် ခရစ်တော်​ဖြစ်၏။ မိန်းမ​၏​ဦးခေါင်း​သည် ယောက်ျား​ဖြစ်၏။ ခရစ်တော်​၏​ဦးခေါင်း​သည် ဘုရားသခင်​ဖြစ်၏။


လုပ်ဆောင်ပုံ​အမျိုးမျိုး​ရှိ​သော်လည်း လူအပေါင်းတို့​၌ ရှိသော လုပ်ဆောင်ပုံ​အားလုံး​ကို သက်ဝင်လှုပ်ရှား​စေတော်မူသော ဘုရားသခင် တစ်ပါးတည်း​ရှိ၏။


သေလွန်သော​သူတို့ မထမြောက်​လျှင် ထို​သူတို့​အတွက် နှစ်ခြင်းမင်္ဂလာ​ခံယူခြင်း​သည် မည်သည့်​အကျိုး ရှိသနည်း။ သေလွန်သော​သူတို့ မထမြောက်​လျှင် ထို​သူတို့​အတွက် အဘယ်ကြောင့် နှစ်ခြင်းမင်္ဂလာ​ကို ခံယူစရာ​အကြောင်း ရှိမည်နည်း။


သင်တို့​ကိုမူ ခရစ်တော်​ပိုင်ဆိုင်တော်မူ​ပြီး ခရစ်တော်​ကိုမူ ဘုရားသခင်​ပိုင်ဆိုင်တော်မူ၏။


ထို​အသင်းတော်​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ ဖြစ်၏။ အရာ​အားလုံး​ကို နည်း​မျိုးစုံ​ဖြင့် ဖြည့်ဆည်းပေး​တော်မူသော ခရစ်တော်​သည် ထို​အသင်းတော်​ကို ပြည့်စုံစေတော်မူ၏။


ကိုယ်တော်​သည် အရာ​အားလုံး​ကို မိမိ​အာဏာစက်​အောက်​၌ ထားနိုင်စွမ်း​ရှိသော​တန်ခိုး​အားဖြင့် ကျွန်ုပ်တို့​၏ လူ့​ကိုယ်ခန္ဓာ​ကို မိမိ​၏ ဘုန်းအသရေ​နှင့် ပြည့်ဝသော ကိုယ်ခန္ဓာ​နှင့် တူ​စေရန် ပြောင်းလဲတော်မူ​လိမ့်မည်။


သို့ဖြစ်၍ ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသူ​နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်​နှင့် လွတ်လပ်သူ​ဟူ၍ ခြားနားမှု​မရှိပေ။ ခရစ်တော်​သည်သာ အရေးပါ​၍ ကျွန်ုပ်တို့​အားလုံး​အထဲတွင် ကိန်းအောင်းတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ