ယေရှုက “ထိုမြေခွေးကို သွား၍ ပြောလော့။ ‘ငါသည် ယနေ့နှင့် မနက်ဖြန် နတ်ဆိုးများကို နှင်ထုတ်၍ လူနာများကို ကျန်းမာစေလျက်ရှိမည်။ သုံးရက်မြောက်နေ့တွင် ငါ၏အမှုကို ပြီးစီးစေမည်။
ဟေဗြဲ 7:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်တရားအရ ခန့်အပ်ထားသော ယဇ်ပုရောဟိတ်မင်းသည် လူသားဖြစ်၍အားနည်းချက်ရှိ၏။ သို့သော် ပညတ်တရားနောက်၌ လာသည့်သစ္စာပြုခြင်းအားဖြင့် ခန့်အပ်ထားသော သားတော်မှာမူ ထာဝရပြီးပြည့်စုံတော်မူ၏။ Common Language Bible မောရှေ၏ပညတ်တရားသည်အားနည်း၍မစုံ လင်သောလူသားတို့ကို ယဇ်ပုရောဟိတ်မင်း များအဖြစ်ခန့်ထားလေသည်။ သို့ရာတွင် ပညတ်တရားပေါ်ပေါက်ပြီးသည့်နောက်ပိုင်း ထာဝရကာလပတ်လုံးစုံလင်တော်မူသော သားတော်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် ကျိန်ဆိုတော်မူချက်ဖြင့်ခန့်ထားတော်မူ၏။ Garrad Bible ပ ညတ် တ ရား တော် ဖြင့် အား နည်း သူ တို့ သည် ပ ရော ဟိတ် မင်း ရာ ထူး ခံ ရ ကြ၏။ ထို တ ရား တော် နောက် ဖြစ် သော သ စ္စာ ထား တော် မူ ချက် ဖြင့် ကား က မ္ဘာ အ ဆက် ဆက် စုံ လင် သော သား တော် သည် ခံ ရ တော် မူ၏။ Judson Bible ပညတ်တရားသည် အပြစ်ရှိသောသူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား၏။ ပညတ်တရားနောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား၊ အစဉ်အမြဲ စုံလင်ခြင်းသို့ရောက်သော သားတော်ကို ခန့်ထားသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားသည် အားနည်းသောလူသားတို့ကို ယဇ်ပုရောဟိတ်မင်းအရာ၌ခန့်ထား၏။ သို့သော် ပညတ်တရားနောက်၌လာသော ကတိသစ္စာစကားသည် ကာလအစဉ်အဆက်ပြည့်စုံတော်မူသောသားတော်ကို ခန့်ထား၏။ |
ယေရှုက “ထိုမြေခွေးကို သွား၍ ပြောလော့။ ‘ငါသည် ယနေ့နှင့် မနက်ဖြန် နတ်ဆိုးများကို နှင်ထုတ်၍ လူနာများကို ကျန်းမာစေလျက်ရှိမည်။ သုံးရက်မြောက်နေ့တွင် ငါ၏အမှုကို ပြီးစီးစေမည်။
ယေရှုသည် ထိုချဉ်သောစပျစ်ဝိုင်ကို မြည်းစမ်းတော်မူပြီးမှ “အမှုပြီးပြီ” ဟု မိန့်တော်မူ၏။ ထို့နောက် ဦးခေါင်းတော်ငိုက်၍ အသက်ချုပ်တော်မူ၏။
ဤနောက်ဆုံးသောနေ့ရက်များတွင်မူ ဘုရားသခင်သည် မိမိသားတော်မှတစ်ဆင့် ကျွန်ုပ်တို့အား စကားပြောတော်မူ၏။ ဘုရားသခင်သည် သားတော်ကို အရာအားလုံး၏ အမွေခံဖြစ်စေတော်မူပြီး ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူ၏။
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားသမီးများစွာကို ဘုန်းစည်းစိမ်ခံစားရာသို့ ခေါ်ဆောင်လိုသောကြောင့် ထိုသူတို့ကို ကယ်တင်ရန် ယေရှုအား ဆင်းရဲဒုက္ခခံစားစေခြင်းအားဖြင့် ပြီးပြည့်စုံသောကယ်တင်ရှင်ဖြစ်စေသည်မှာ သင့်လျော်ပေ၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။
ထိုနည်းတူ ခရစ်တော်သည် မိမိကိုယ်မိမိ ယဇ်ပုရောဟိတ်မင်းအဖြစ် ချီးမြှောက်သည်မဟုတ်။ ကိုယ်တော်အား “သင်သည် ငါ့သားဖြစ်၏။ ယနေ့ ငါသည် သင်၏အဖဖြစ်လာ၏” ဟု မိန့်တော်မူသောဘုရားသခင်က ခန့်အပ်တော်မူခြင်းဖြစ်၏။
ဘုရားသခင်သည် ယေရှုအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူသောအခါ “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ ဟု ထာဝရဘုရားသစ္စာပြုတော်မူပြီ။ မိမိစိတ်တော်ကိုလည်း ပြောင်းလဲတော်မူမည်မဟုတ်” ဟူ၍ ကိုယ်တော်အား မိန့်တော်မူ၏။
သို့သော် ယေရှုမှာမူ ထာဝရအသက်ရှင်သောကြောင့် ကိုယ်တော်၏ယဇ်ပုရောဟိတ်အရိုက်အရာသည် မည်သည့်အခါမျှ မပြောင်းလဲပါ။
သူ၌ ဖခင်နှင့်မိခင်၊ မျိုးရိုး၊ ဘဝ၏ အစအဆုံး စသည့် မှတ်တမ်းများမရှိပေ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ ထာဝရယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိထားသူဖြစ်၏။