ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
ဟေဗြဲ 2:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် အရာအားလုံးကို ကိုယ်တော်၏ ခြေဖဝါးအောက်၌ ချထားတော်မူပြီ” ဟု အလေးအနက်ဆိုထား၏။ အရာအားလုံးကို ကိုယ်တော်၏ ခြေဖဝါးအောက်၌ ချထားတော်မူပြီဟု ဆိုထားသောကြောင့် သူ၏ အုပ်စိုးခြင်းနှင့် ကင်းလွတ်သောအရာ တစ်စုံတစ်ခုမျှ မရှိပါ။ သို့သော် ယခုတွင်မူ အရာအားလုံးကို သူ၏ အုပ်စိုးမှုအောက်တွင် ချထားကြောင်း ကျွန်ုပ်တို့မမြင်ရသေး။ Common Language Bible ခပ်သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ပေးတော် မူပါ၏'' ဟုဖော်ပြထား၏။ ကျမ်းစာတော်က`ခပ် သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ပေးတော် မူ၏' ဟုဆိုရာ၌လူ၏စိုးမိုးခြင်းကို မခံရ သည့်အရာတစ်စုံတစ်ခုမျှမရှိဟူ၍ဆို လိုသတည်း။ သို့ရာတွင်ယခုအခါ၌ လူ သည်ခပ်သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ရ ကြောင်း ငါတို့မတွေ့မမြင်ကြရပေ။- Garrad Bible အ ရာ ခပ် သိမ်း ကို သူ့ ခြေ အောက် ချ ထား တော် မူ ပါ ပြီ ဟု ဆင့် ဆို လေ၏။ အ ရာ ခပ် သိမ်း ကို သူ့ အောက် ချ ထား တော် မူ သည် ဟု ဆို သော် မ ချ မ ထား သော အ ရာ မည် သည် မျှ မ ရှိ။ သို့ ရာ တွင် အ ရာ ခပ် သိမ်း ကို သူ့ အောက် ချ ထား တော် မူ သည် ကို ယ ခု ငါ တို့ မ မြင် ရ သေး။ Judson Bible ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီဟု သက်သေခံသတည်း။ ခပ်သိမ်းသော အရာတို့ကို ချထားတော်မူ၏ဟုဆိုသော်၊ မချမထားဘဲ ကျန်ရစ်သောအရာ တစ်စုံတစ်ခုမျှ မရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့ မမြင်ရကြသေး။- မြန်မာ့စံမီသမ္မာကျမ်း အရာခပ်သိမ်းတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ”ဟု ကျမ်းတစ်နေရာ၌သက်သေခံထား၏။ “အရာခပ်သိမ်းတို့ကို သူ့အောက်၌ချထားတော်မူပြီ”ဟု ဆိုရာတွင် သူ့အောက်၌မချထားဘဲ ချန်ထားတော်မူသည့်အရာတစ်စုံတစ်ခုမျှမရှိ။ ယခုမူကား အရာခပ်သိမ်းတို့ကို သူ့အောက်၌ချထားလျက်ရှိသည်ကို ငါတို့မမြင်ရသေး။ |
ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
ယေရှုသည် မိမိထံ၌ ခမည်းတော်က အခွင့်အာဏာအားလုံးကို အပ်နှံထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှ ကြွလာ၍ ဘုရားသခင်ထံသို့ ပြန်ကြွတော့မည်ကိုလည်းကောင်း သိတော်မူ၏။
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသဖြင့် အရာအားလုံးကို သားတော်လက်သို့ ပေးအပ်ထားတော်မူပြီ။
ကျမ်းစာ၌ “ဘုရားသခင်သည် အရာအားလုံးကို ကိုယ်တော်၏ ခြေဖဝါးအောက်၌ ချထားတော်မူပြီ” ဟု ဖော်ပြထား၏။ “အရာအားလုံးကို ချထားတော်မူပြီ” ဟု ဆိုရာတွင် ထိုအရာအားလုံးထဲ၌ ဘုရားသခင် မပါဝင်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ခရစ်တော်အား အုပ်စိုးစေတော်မူသောအရှင် ဖြစ်သောကြောင့်ပင်။
ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်ကိုမျှ “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံမဖြစ်စေမီအထိ ငါ၏ လက်ယာဘက်၌ ထိုင်လော့” ဟု မိန့်တော်မမူခဲ့ပေ။
ဤနောက်ဆုံးသောနေ့ရက်များတွင်မူ ဘုရားသခင်သည် မိမိသားတော်မှတစ်ဆင့် ကျွန်ုပ်တို့အား စကားပြောတော်မူ၏။ ဘုရားသခင်သည် သားတော်ကို အရာအားလုံး၏ အမွေခံဖြစ်စေတော်မူပြီး ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ပြောဆိုနေသော အနာဂတ်ကမ္ဘာကို ကောင်းကင်တမန်များအား အုပ်စိုးခွင့် ပေးတော်မူသည်မဟုတ်။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။