Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 2:8 - Common Language Bible

8 ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ပေး​တော် မူ​ပါ​၏'' ဟု​ဖော်​ပြ​ထား​၏။ ကျမ်း​စာ​တော်​က`ခပ် သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ပေး​တော် မူ​၏' ဟု​ဆို​ရာ​၌​လူ​၏​စိုး​မိုး​ခြင်း​ကို မ​ခံ​ရ သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟူ​၍​ဆို လို​သ​တည်း။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ လူ သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ရ ကြောင်း ငါ​တို့​မ​တွေ့​မ​မြင်​ကြ​ရ​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ ရာ ခပ် သိမ်း ကို သူ့ ခြေ အောက် ချ ထား တော် မူ ပါ ပြီ ဟု ဆင့် ဆို လေ၏။ အ ရာ ခပ် သိမ်း ကို သူ့ အောက် ချ ထား တော် မူ သည် ဟု ဆို သော် မ ချ မ ထား သော အ ရာ မည် သည် မျှ မ ရှိ။ သို့ ရာ တွင် အ ရာ ခပ် သိမ်း ကို သူ့ အောက် ချ ထား တော် မူ သည် ကို ယ ခု ငါ တို့ မ မြင် ရ သေး။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သူ၏​ခြေ​အောက်၌ ချ​ထား​တော်​မူ​ပြီ​ဟု သက်​သေ​ခံ​သ​တည်း။ ခပ်​သိမ်း​သော အ​ရာ​တို့​ကို ချ​ထား​တော်​မူ၏​ဟု​ဆို​သော်၊ မ​ချ​မ​ထား​ဘဲ ကျန်​ရစ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ရ။ ယ​ခု​မူ​ကား၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ချ​ထား​လျက်​ရှိ​သည်​ကို ငါ​တို့ မ​မြင်​ရ​ကြ​သေး။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အရာ​ခပ်သိမ်း​တို့​ကို သူ​၏​ခြေ​အောက်၌ ချ​ထား​တော်မူ​ပြီ”​ဟု ကျမ်း​တစ်​နေရာ​၌​သက်သေခံ​ထား​၏။ “အရာ​ခပ်သိမ်း​တို့​ကို သူ့​အောက်၌​ချ​ထား​တော်မူ​ပြီ”​ဟု ဆို​ရာ​တွင် သူ့​အောက်၌​မ​ချထား​ဘဲ ချန်ထား​တော်မူ​သည့်​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ယခု​မူကား အရာ​ခပ်သိမ်း​တို့​ကို သူ့​အောက်၌​ချ​ထား​လျက်​ရှိ​သည်​ကို ငါ​တို့​မ​မြင်​ရ​သေး။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ဘုရားသခင်​သည် အရာ​အားလုံး​ကို ကိုယ်တော်​၏ ခြေဖဝါး​အောက်၌ ချထားတော်မူပြီ” ဟု အလေးအနက်​ဆိုထား၏။ အရာ​အားလုံး​ကို ကိုယ်တော်​၏ ခြေဖဝါး​အောက်၌ ချထားတော်မူပြီ​ဟု ဆိုထား​သောကြောင့် သူ​၏ အုပ်စိုးခြင်း​နှင့် ကင်းလွတ်သော​အရာ တစ်စုံတစ်ခု​မျှ မရှိပါ။ သို့သော် ယခု​တွင်မူ အရာ​အားလုံး​ကို သူ​၏ အုပ်စိုးမှု​အောက်တွင် ချထားကြောင်း ကျွန်ုပ်တို့​မမြင်ရသေး။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 2:8
19 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က``သန့်​ရှင်း​မြင့်​မြတ်​သော ဇိ​အုန်​တောင် ပေါ်​တွင် ငါ​ရွေး​ချယ်​ထား​သော​ရှင်​ဘု​ရင်​ကို​ငါ​ကိုယ်​တိုင် တင်​မြှောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။


သူ့​အား​ကိုယ်​တော်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။


ထို​အ​ခါ​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​ဟူ​သ​မျှ​သည်​သူ​၏​အ​မှု​ကို​ထမ်း​ရွက်​စေ​ခြင်း​ငှာ​ကိုယ်​တော်​သည်​သူ့​အား​စိုး​ပိုင်​ခွင့်​နှင့်​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​၏။ သူ​၏​အာ​ဏာ​စက်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​မြဲ​၍ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း​ရ​လိမ့်​မည်​မ​ဟုတ်။


သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အ​နီး​သို့​ကြွ​လာ တော်​မူ​လျက် ``ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော​တန်​ခိုး အာ​ဏာ​တို့​ကို​ငါ​ခံ​ယူ​ရ​ရှိ​ထား​လေ​ပြီ။-


သ​ခင်​ယေ​ရှု​သည်​မိ​မိ​အား​ခ​မည်း​တော်​က အာ​ဏာ​ကုန်​လွှဲ​အပ်​ထား​သည်​ကို​လည်း​ကောင်း၊ မိ​မိ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ ၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ပြန်​တော့​မည်​ကို လည်း​ကောင်း​သိ​တော်​မူ​၏။-


ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​ကို​သား​တော် လက်​သို့​ပေး​အပ်​တော်​မူ​ပြီ။-


ကျမ်း​စာ​တော်​တွင် ``ဘု​ရား​သ​ခင်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ကိုယ်​တော်​၏​ခြေ​ဖ​ဝါး​အောက် သို့​ရောက်​စေ​တော်​မူ​၏'' ဟု​လာ​၏။ ``ခပ်​သိမ်း သော​အ​ရာ​တို့'' တွင်​ဘု​ရား​သ​ခင်​မ​ပါ​ဝင် ကြောင်း​ထင်​ရှား​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ခပ်​သိမ်း​သော​အ​ရာ​ကို​ခ​ရစ်​တော်​၏​ခြေ ဖ​ဝါး​အောက်​သို့​ရောက်​စေ​တော်​မူ​သော​အ​ရှင် ကား​ဘု​ရား​သ​ခင်​ဖြစ်​သော​ကြောင့်​တည်း။-


ဘု​ရား​သ​ခင်​က၊ ``သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​မ​ရောက်​စေ​မီ​ကာ​လ​အ​တွင်း၊ ငါ​၏​လက်ယာ​ဘက်​တွင်​ထိုင်​နေ​လော့'' ဟု​အ​ဘယ်​ကောင်း​ကင်​တ​မန်​ကို​မျှ​မိန့်​တော် မ​မူ​ခဲ့​ဘူး​ပါ။


သို့​ရာ​တွင်​ဤ​နောက်​ဆုံး​သော​ကာ​လ​၌ သား​တော်​အား​ဖြင့်​ငါ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်။ သား​တော်​အား​ဖြင့်​စ​ကြ ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ​၍ နောက်​ဆုံး​၌ အ​လုံး​စုံ​ကို​ပိုင်​သ​စေ​ရန်​သား​တော်​ကို ခန့်​ထား​တော်​မူ​သည်။-


ငါ​တို့​ပြော​ဆို​သော​နောင်​အ​ခါ​တည်​ရှိ​မည့် ကမ္ဘာ​သစ်​ကို​အုပ်​စိုး​ရန်​ကောင်း​ကင်​တ​မန် များ​အား​ပေး​အပ်​တော်​မ​မူ။-


ထို​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ ၍ ယ​ခု​အ​ခါ​ဘု​ရား​သ​ခင်​လက်​ယာ​တော် ဘက်​တွင်​ရှိ​တော်​မူ​ပြီး​လျှင်​ကောင်း​ကင်​တ​မန် များ၊ ကောင်း​ကင်​အာ​ဏာ​ပိုင်​များ​နှင့်​တန်​ခိုး ရှင်​များ​ကို​အုပ်​စိုး​၍​နေ​တော်​မူ​၏။


ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​သူ​ဖြစ်​၏။ ငါ သည်​သေ​ခဲ့​၏။ ယ​ခု​မှာ​မူ​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​လျက်​ရှိ​၏။ ငါ​သည်​သေ​ခြင်း​တ​ရား နှင့်​မ​ရ​ဏာ​နိုင်​ငံ​ကို​အ​စိုး​ရ​၏။-


သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ