ထို့နောက် သင်တို့သည် ငါ၏ နောက်လိုက်များဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မုန်းတီးခြင်းကို ခံကြရလိမ့်မည်။
ဟေဗြဲ 12:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် မကောင်းမှုကို တိုက်ခိုက်တွန်းလှန်ရာတွင် သွေးမြေကျသည်အထိ မခုခံကြရသေးပေ။ Common Language Bible သင်တို့သည်အပြစ်ဒုစရိုက်နှင့်ဆိုင်ပြိုင် တိုက်ခိုက်ကြရာတွင် ယခုအချိန်အထိ သေဘေးနှင့်ရင်မဆိုင်ကြရသေးပေ။- Garrad Bible အ ပြစ် တ ရား နှင့် တိုက် လှန် ရာ တွင် သွေး သွန်း သည့် တိုင် အောင် သင် တို့ မ ရပ် မ ခံ သေး။ Judson Bible သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေး ထွက်သည်တိုင်အောင် မခံရကြသေး။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် အပြစ်နှင့်တိုက်ခိုက်ရာတွင် သွေးမြေကျသည့်တိုင်အောင် ခုခံတွန်းလှန်ခြင်းကိုမပြုကြရသေး။ |
ထို့နောက် သင်တို့သည် ငါ၏ နောက်လိုက်များဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းတွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မုန်းတီးခြင်းကို ခံကြရလိမ့်မည်။
သင်တို့ဘဝတွင် ကြုံတွေ့ရသော စုံစမ်းနှောင့်ယှက်မှုများသည် အခြားသူများ ကြုံတွေ့ရသောစုံစမ်းနှောင့်ယှက်မှုများနှင့် မခြားနားပါ။ ဘုရားသခင်သည် သစ္စာရှိတော်မူသည်ဖြစ်၍ သင်တို့ ခံနိုင်သည်ထက် ပိုသော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အား ခံစေတော်မူမည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့ကြုံတွေ့ရသောအခါ ဘုရားသခင်သည် သင်တို့ခံနိုင်ရန်အတွက် လွတ်မြောက်မည့်လမ်းကို ပြင်ဆင်ပေးတော်မူလိမ့်မည်။
လူသားအဖြစ် ရှိနေချိန် မိမိကိုယ်ကိုယ် နှိမ့်ချ၍ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံသည့်တိုင်အောင် ဘုရားသခင်ကို နာခံတော်မူ၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် စခန်းအပြင်ဘက်သို့ ထွက်ကာ ကိုယ်တော်ထံ သွား၍ ကိုယ်တော်ခံရသော ကဲ့ရဲ့ရှုတ်ချခြင်းကို ခံကြစို့။
ညီအစ်ကိုမောင်နှမတို့သည် ထိုသူကို သိုးသငယ်၏ အသွေးတော်ဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံဟောပြောသောနှုတ်ကပတ်တော်ဖြင့်လည်းကောင်း အောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရမည်ဆိုလျှင်ပင် မိမိတို့၏အသက်ကို မနှမြောကြ။
ထိုအမျိုးသမီးသည် ယေရှုအကြောင်း သက်သေခံသောသန့်ရှင်းသူတို့၏သွေးကို သောက်၍ ယစ်မူးနေသည်ကို ကျွန်ုပ်မြင်ရ၏။ သူ့ကို မြင်ရသောအခါ ကျွန်ုပ်သည် အလွန်အံ့ဩလျက်နေ၏။
ပရောဖက်များ၊ သန့်ရှင်းသောသူများနှင့် ကမ္ဘာလောက၌ အသတ်ခံရသူအပေါင်းတို့၏ သွေးတို့ကို ထိုမြို့၌ တွေ့ရ၏” ဟူ၍ ပြောလေ၏။
သင်သည် စာတန်အုပ်စိုးသည့်နေရာ၌ နေကြောင်းကို ငါသိ၏။ သို့သော် သင်သည် ငါ၏နာမကို စွဲကိုင်နေလျက်ရှိသေး၏။ ငါ၏သစ္စာရှိသောသက်သေခံ အန္တိပသည် ဤစာတန်အုပ်စိုးသည့်နေရာ၌ အသတ်ခံရချိန်၌ပင် သင်သည် ငါ့အပေါ် ထားရှိသော သင်၏ယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ပေ။