ဟေဗြဲ 12:4 - Common Language Bible4 သင်တို့သည်အပြစ်ဒုစရိုက်နှင့်ဆိုင်ပြိုင် တိုက်ခိုက်ကြရာတွင် ယခုအချိန်အထိ သေဘေးနှင့်ရင်မဆိုင်ကြရသေးပေ။- အခန်းကိုကြည့်ပါ။Garrad Bible4 အ ပြစ် တ ရား နှင့် တိုက် လှန် ရာ တွင် သွေး သွန်း သည့် တိုင် အောင် သင် တို့ မ ရပ် မ ခံ သေး။ အခန်းကိုကြည့်ပါ။Judson Bible4 သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေး ထွက်သည်တိုင်အောင် မခံရကြသေး။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သင်တို့သည် အပြစ်နှင့်တိုက်ခိုက်ရာတွင် သွေးမြေကျသည့်တိုင်အောင် ခုခံတွန်းလှန်ခြင်းကိုမပြုကြရသေး။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 သင်တို့သည် မကောင်းမှုကို တိုက်ခိုက်တွန်းလှန်ရာတွင် သွေးမြေကျသည်အထိ မခုခံကြရသေးပေ။ အခန်းကိုကြည့်ပါ။ |
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။