ဟေဗြဲ 12:3 - Common Language Bible3 အပြစ်သားတို့၏ပြင်းထန်စွာမုန်းတီးခြင်း ကိုကိုယ်တော်အဘယ်မျှခံတော်မူကြောင်း သင်တို့ထောက်ရှုဆင်ခြင်လျက်စိတ်ပျက် အားလျော့ခြင်းမရှိကြနှင့်။- အခန်းကိုကြည့်ပါ။Garrad Bible3 သင် တို့ သည် စိတ် ပျက် အား လျော့ ခြင်း မ ရှိ ကြ စေ ရန် ထို မျှ လောက် အ ပြစ် သား တို့ ငြင်း ဆန် ခြင်း ကို သည်း ခံ တော် မူ သော အ ရှင် နှင့် နှိုင်း ယှဉ် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible3 အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထို့ကြောင့် သင်တို့သည် စိတ်ပင်ပန်းနွမ်းနယ်၍ စိတ်ပျက်ခြင်းမရှိစေရန် အပြစ်သားတို့၏ထိုကဲ့သို့သောဆန့်ကျင်မှုကိုသည်းခံတော်မူသောအရှင်ကို အောက်မေ့ဆင်ခြင်ကြလော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 အပြစ်သားများ၏ ဆန့်ကျင်ပုန်ကန်မှုကို ခံတော်မူသောကိုယ်တော်၏အကြောင်းကို ဆင်ခြင်လော့။ သို့ပြုလျှင် သင်တို့သည် စိတ်မပျက် အားမလျော့ဘဲ ရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
လူသားသည်စားလျက်သောက်လျက်လာသော အခါ၌မူသင်တို့က `ကြည့်လော့။ ဤသူသည် စားကြူးသောက်ကြူးသူဖြစ်၏။ အခွန်ခံသူတို့ နှင့်အခြားအပယ်ခံတို့၏မိတ်ဆွေဖြစ်၏' ဟု ဆိုကြပြန်၏။ ဘုရားသခင်၏ဉာဏ်ပညာတော် သည်မှန်ကန်ကြောင်းကို ထိုပညာတော်မှသက် ရောက်လာသည့်အကျိုးတရားများကသက် သေပြကြ၏'' ဟုမိန့်တော်မူ၏။
ကိုယ်တော်သည်ဗိမာန်တော်သို့ပြန်လည်ကြွလာ တော်မူ၍ဟောပြောသွန်သင်တော်မူစဉ်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များသည် အထံတော်သို့ချဉ်းကပ်ကြပြီးလျှင် ``အရှင်သည် ဤအမှုအရာများကိုအဘယ်အခွင့်အာဏာနှင့် ပြုတော်မူပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့် အားအဘယ်သူပေးအပ်ပါသနည်း'' ဟုမေး လျှောက်ကြ၏။
ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊-
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။