ပရောဖက်တစ်ပါးကို ဘုရားသခင်၏ကိုယ်စားလှယ်အဖြစ် လက်ခံသောသူသည် ပရောဖက်၏အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ ဖြောင့်မတ်သောသူ၏ မျက်နှာကိုထောက်၍ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ်သောသူ၏ အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။
ဟေဗြဲ 11:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် အနာဂတ်တွင် ရမည့် ဆုလာဘ်ကို မျှော်ကိုးသောကြောင့် အီဂျစ်ပြည်၏ စည်းစိမ်ထက် ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံခြင်းသည် ပို၍ မြတ်သည်ဟု မှတ်ယူလေ၏။ Common Language Bible မေရှိယအရှင်၏အတွက်ခံရသောကဲ့ရဲ့ခြင်း သည် အီဂျစ်ပြည်၏စည်းစိမ်ချမ်းသာရှိသမျှ တို့ထက်ပို၍တန်ဖိုးရှိသည်ဟုယူဆ၏။ အဘယ် ကြောင့်ဆိုသော်သူသည်အနာဂတ်ကာလတွင် ရရှိမည့်အကျိုးကို အာရုံစူးစိုက်လျက်နေ သောကြောင့်ဖြစ်ပေသည်။ Garrad Bible အ ကျိုး ဆက် ကို ထောက် မျှော် ၍ ခ ရစ် တော့် အ တွက် ခံ ရ သော ကဲ့ ရဲ့ ခြင်း သည် အိ ဂျစ် ပြည် ရှိ ဘ ဏ္ဍာ ထက် ကြီး မြတ် သော စီး ပွား ဟု မှတ် ယူ လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူသည် အကျိုးကျေးဇူးကို ရှေးရှုမျှော်မှန်းလျက်နေသောကြောင့် ခရစ်တော်အတွက်ကဲ့ရဲ့ပြစ်တင်ခြင်းခံရသည်ကို အီဂျစ်ပြည်၏ဥစ္စာဘဏ္ဍာများထက် ပို၍မြတ်သောစည်းစိမ်ဖြစ်သည်ဟု မှတ်ယူလေ၏။ |
ပရောဖက်တစ်ပါးကို ဘုရားသခင်၏ကိုယ်စားလှယ်အဖြစ် လက်ခံသောသူသည် ပရောဖက်၏အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။ ဖြောင့်မတ်သောသူ၏ မျက်နှာကိုထောက်၍ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ်သောသူ၏ အကျိုးကျေးဇူးကို ခံစားရလိမ့်မည်။
ထိုအရာအတွက် ဝမ်းမြောက်ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှ၏။ ရှေးပရောဖက်များသည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။
သင်တို့၏ ကောင်းသောအကျင့်ကို လူမြင်သာအောင် အများရှေ့တွင် မကျင့်မိရန် သတိပြုကြလော့။ လူမြင်သာအောင် ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖထံမှ ဆုလာဘ်ကို ရရှိမည်မဟုတ်။
ထိုသို့ ကျေးဇူးမတုံ့ပြန်နိုင် သူများကို ဖိတ်ခေါ်သည့်အတွက် သင်သည် မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သောသူများ ထမြောက်မည့်ကာလ၌ ဘုရားသခင်သည် သင့်အား ကျေးဇူးတုံ့ပြန်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုနည်းတူ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို မစွန့်လွတ်နိုင်သောသူသည် ငါ့တပည့်မဖြစ်နိုင်။
တမန်တော်တို့သည် ယေရှု၏အမည်နာမကြောင့် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် ဘုရားသခင်မှတ်ယူတော်မူသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်မှ ထွက်သွားကြ၏။
သို့ဖြစ်၍ ခရစ်တော်အတွက်ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကျွန်ုပ်ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အားနည်းသောအခါ ခရစ်တော်၏တန်ခိုးအားဖြင့် အားကြီးလျက်ရှိသောကြောင့်ဖြစ်၏။
ဝမ်းနည်းသောသူများကဲ့သို့ဖြစ်သော်လည်း အစဉ်အမြဲဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း လူအမြောက်အမြားကို ချမ်းသာစေကြ၏။ မည်သည့်အရာမျှ မရှိသောသူကဲ့သို့ ဖြစ်သော်လည်း အရာအားလုံးကို ပိုင်ဆိုင်ကြ၏။
ဘုရားသခင် ရွေးချယ်တော်မူသဖြင့် သင်တို့ မျှော်လင့်ရသောအရာသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်၏ ဘုန်းအသရေသည် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်တန်ခိုးတော်သည် မည်မျှကြီးမားသည်ကိုလည်းကောင်း သင်တို့သိစေရန် သင်တို့၏ ဉာဏ်မျက်စိကို ပွင့်စေတော်မူပါဟု ကျွန်ုပ်ဆုတောင်း၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
သို့သော် ကျွန်ုပ်ရရှိခဲ့သော အကျိုးအမြတ်ဟူသမျှကို ခရစ်တော်အတွက်ကြောင့် အရှုံးဟူ၍ ယခု ကျွန်ုပ်မှတ်ယူ၏။
တစ်ခါတစ်ရံတွင် သင်တို့သည် လူရှေ့သူရှေ့၌ ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ညှဉ်းဆဲခြင်းတို့ကို ခံကြရ၏။ တစ်ခါတစ်ရံ ထိုသို့ခံရသူများကို ကူညီပေးကြရ၏။
ထို့ကြောင့် သခင်ဘုရားအပေါ် သင်တို့၏ စိတ်ချယုံကြည်မှုကို မစွန့်ပစ်ကြနှင့်။ ၎င်းသည် သင်တို့အား ကြီးမားသောဆုလာဘ်ကို ခံစားစေလိမ့်မည်။
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ ဘုရားသခင်ထံသို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်း ယုံကြည်ရမည်။ ကိုယ်တော်ကို ကြိုးစားရှာသောသူအား ဆုလာဘ်ပေးတော်မူကြောင်း ယုံကြည်ရမည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် စခန်းအပြင်ဘက်သို့ ထွက်ကာ ကိုယ်တော်ထံ သွား၍ ကိုယ်တော်ခံရသော ကဲ့ရဲ့ရှုတ်ချခြင်းကို ခံကြစို့။
ကောင်းကင်တမန်များမှတစ်ဆင့် မိန့်တော်မူသော ဘုရားသခင်၏ တရားတော်သည် စစ်မှန်သောကြောင့် ထိုတရားတော်ကို ချိုးဖောက်၍ မနာခံသူများသည် မိမိတို့နှင့် ထိုက်သင့်သော အပြစ်ဒဏ်ကို ခံကြရသည်မှန်လျှင်
ထိုပရောဖက်တို့ထဲ၌ ရှိသော ခရစ်တော်၏ဝိညာဉ်သည် ခရစ်တော်၏ ဆင်းရဲဒုက္ခများအကြောင်းကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခခံရပြီးနောက် စံစားရမည့်ဘုန်းအသရေအကြောင်းကိုလည်းကောင်း ကြိုတင်သက်သေခံသောအခါ မည်သည့်အချိန်နှင့် မည်သည့်အခြေအနေ၌ဖြစ်ပျက်မည်ကို ရည်ညွှန်းကြောင်း ထိုပရောဖက်တို့က စူးစမ်းခဲ့ကြ၏။
သင်တို့သည် ခရစ်တော်၏တပည့်တော်များဖြစ်သောကြောင့် ကဲ့ရဲ့ခံရလျှင် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူသောကြောင့်ဖြစ်၏။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းကို ငါသိ၏။ အမှန်စင်စစ် သင်သည် ချမ်းသာ၏။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့က သင့်အား အသရေဖျက်ပြောဆိုသည်ကိုလည်း ငါသိ၏။
‘စစ်မှန်သောချမ်းသာမှုကို ရရန် မီးဖြင့်သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်မပါသည့်အရှက်ကို ဖုံးအုပ်ရန် အဝတ်ဖြူကိုလည်းကောင်း၊ သင်၏မျက်စိမြင်နိုင်ရန် ခတ်စရာမျက်စဉ်းကိုလည်းကောင်း ငါ့ထံမှ ဝယ်ယူလော့’ ဟု သင့်အား ငါအကြံပေး၏။