သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
ဟေဗြဲ 11:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြစ်၌ ခဏတာသာယာပျော်မွေ့ခြင်းထက် ဘုရားသခင်၏ လူမျိုးတော်တို့နှင့်အတူ ဆင်းရဲဒုက္ခခံခြင်းကို ရွေးချယ်ခဲ့၏။ Common Language Bible သူသည်ခဏတာမျှအပြစ်၌ပျော်မွေ့ရသည် ထက် ဘုရားသခင်၏လူစုတော်နှင့်အတူ ဆင်းရဲဒုက္ခခံရသည်ကိုပိုမို၍လိုလား၏။- Garrad Bible အ ပြစ်၌ ခေ တ္တ ပျော် ပါး သည် ထက် ဘု ရား သ ခင့် လူ မျိုး တော် နှင့် တ ကွ ညှဉ်း ပန်း ခံ လို သည် မှာ၊ မြန်မာ့စံမီသမ္မာကျမ်း အပြစ်နှင့်ဆိုင်သောပျော်ရွှင်မှုကို ခဏသာခံစားရခြင်းထက် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကို ယုံကြည်ခြင်းအားဖြင့်ရွေးချယ်၏။ |
သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
သို့ရာတွင် အာဗြဟံက ‘ငါ့သား… သင်အသက်ရှင်စဉ်ဘဝတွင် ကောင်းမွန်သောအရာများကို ခံစားခဲ့ရပြီး လာဇရုမှာ မကောင်းသောအရာများကိုသာ ခံစားခဲ့ရသည်ကို သတိရလော့။ ထို့ကြောင့် သူသည် ဤနေရာတွင် သက်သာခြင်းကို ခံစားရ၍ သင်သည် ပြင်းထန်စွာ ဝေဒနာခံစားရ၏။
အီဂျစ်ပြည်တွင်ရှိသော ငါ့လူမျိုးတို့ခံရသည့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ငါတပ်အပ်မြင်ပြီ။ သူတို့၏ညည်းတွားသံကိုလည်း ငါကြား၍ သူတို့အားကယ်တင်ရန် ငါဆင်းကြွလာပြီ။ ယခုသွားလော့။ ငါသည်သင့်အား အီဂျစ်ပြည်သို့ စေလွှတ်မည်’ ဟု မိန့်တော်မူ၏။
ထိုမျှမက ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ရလျှင်လည်း ကျွန်ုပ်တို့သည် ဂုဏ်ယူဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဆင်းရဲဒုက္ခများသည် ကျွန်ုပ်တို့အား သည်းခံခြင်းကိုလည်းကောင်း၊
မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
ယခုအခါ ကျွန်ုပ်သည် သင်တို့အတွက် ဆင်းရဲဒုက္ခခံရသည်ကို ဝမ်းမြောက်၍ ခရစ်တော်ကိုယ်စား ဆင်းရဲဒုက္ခခံကာ ကြွင်းကျန်နေသေးသော ဆင်းရဲဒုက္ခကို ကိုယ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ကျွန်ုပ်၏ ခန္ဓာသွေးသားဖြင့် ဖြည့်ဆည်းနေ၏။
ထို့ကြောင့် ကျွန်ုပ်တို့၏ သခင်ဘုရားအကြောင်း သက်သေခံရန် မရှက်နှင့်။ သခင်ဘုရားအတွက်ကြောင့် အကျဉ်းချခံနေရသော ကျွန်ုပ်အတွက်လည်း မရှက်နှင့်။ ဘုရားသခင်၏ တန်ခိုးတော်ဖြင့် သတင်းကောင်းအတွက် ကျွန်ုပ်နှင့်အတူ ဒုက္ခခံလော့။
သင်တို့သည် အလင်းသို့ ရောက်ပြီးနောက် ပြင်းထန်သောဆင်းရဲဒုက္ခများကို ခံစားခဲ့ကြရသော်လည်း ကြံကြံ့ခံခဲ့သည့် ယခင်နေ့ရက်များကို သတိရကြလော့။
သူတို့သည် ကျောက်ခဲနှင့် ပေါက်သတ်ခြင်း၊ လွှနှင့် နှစ်ပိုင်းဖြတ်ခြင်း၊ စမ်းသပ်ခြင်း၊ ဓားနှင့် သတ်ခြင်းတို့ကို ခံကြရ၏။ သူတို့သည် ဆင်းရဲနွမ်းပါးလျက်၊ ဒုက္ခရောက်လျက်၊ နှိပ်စက်ခံရလျက် သိုးသားရေ၊ ဆိတ်သားရေတို့ကို ဝတ်၍ သွားလာကြရ၏။
သို့ဖြစ်၍ သတ္တမနေ့၌ ဘုရားသခင်အနားယူတော်မူသကဲ့သို့ ဘုရားသခင်၏ လူမျိုးတော်အတွက် စံမြန်းနားခိုရာ ရှိသေး၏။
အဘယ်ကြောင့်ဆိုသော် လူ့ဒေါသသည် ဘုရားသခင်အလိုရှိတော်မူသည့် ဖြောင့်မတ်သောဘဝသို့ မရောက်စေနိုင်သောကြောင့် ဖြစ်၏။
သင်တို့သည် ဤလောကတွင် စည်းစိမ်ခံစားလျက် ဇိမ်ကျကျ နေကြပြီ။ အသတ်ခံကြရမည့်နေ့အတွက် မိမိကိုယ်ကိုယ် ဆူဖြိုးအောင် ကျွေးမွေးခဲ့ကြပြီ။
တစ်ချိန်က သင်တို့သည် ဘုရားသခင်၏လူမျိုးမဟုတ်သော်လည်း ယခု သင်တို့သည် ဘုရားသခင်၏လူမျိုးဖြစ်ကြပြီ။ တစ်ချိန်က သင်တို့သည် ကရုဏာတော်ကို မခံစားရသော်လည်း ယခုတွင် ကရုဏာတော်ကို ခံစားကြရပြီ။
သူသည် မိမိကိုယ်ကိုယ် ချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အညီ သူ့ကို ညှဉ်းဆဲ၍ ဝမ်းနည်းပူဆွေးစေကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားကဲ့သို့ အုပ်စိုး၏။ ငါသည် မုဆိုးမ မဟုတ်။ ငါသည် မည်သည့်အခါမျှ ဝမ်းနည်းပူဆွေးရမည် မဟုတ်’ ဟု မိမိစိတ်ထဲ၌ ပြောဆိုသောကြောင့်ဖြစ်၏။