ယုံကြည်၍ နှစ်ခြင်းမင်္ဂလာ ခံယူသောသူတို့သည် ကယ်တင်တော်မူခံရမည်။ သို့သော် ယုံကြည်ရန် ငြင်းဆိုသောသူတို့သည် အပြစ်စီရင်တော်မူခံရမည်။
ဟေဗြဲ 10:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ကျွန်ုပ်တို့သည် နောက်ပြန်လှည့်၍ ပျက်စီးနေသူများမဟုတ်ဘဲ ယုံကြည်၍ ကယ်တင်ခံရသောသူများဖြစ်ကြ၏။ Common Language Bible ငါတို့သည်တွန့်ဆုတ်သဖြင့်ဆုံးပါးပျက် စီးရသူများမဟုတ်ဘဲ ယုံကြည်သဖြင့် ကယ်တင်ခြင်းကိုခံရသူများဖြစ်ကြ၏။ Garrad Bible ငါ တို့ သည် ပျက် စီး ရာ ရောက် အောင် တွန့် ဆုတ် သူ တို့ မ ဟုတ်။ အ သက် ချမ်း သာ ခံ စား ရ သည့် တိုင် အောင် ယုံ ကြည် သူ တို့ ဖြစ် ကြ သ တည်း။ Judson Bible ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူ မဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူ ဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါတို့သည် တွန့်ဆုတ်လျက် ပျက်စီးခြင်းသို့ရောက်သောသူများမဟုတ်ဘဲ ယုံကြည်လျက် အသက်ကိုပိုင်ဆိုင်သောသူများဖြစ်ကြ၏။ |
ယုံကြည်၍ နှစ်ခြင်းမင်္ဂလာ ခံယူသောသူတို့သည် ကယ်တင်တော်မူခံရမည်။ သို့သော် ယုံကြည်ရန် ငြင်းဆိုသောသူတို့သည် အပြစ်စီရင်တော်မူခံရမည်။
ထိုအခါ နတ်ဆိုးသည် မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို သွား၍ ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေလေ၏။ ထိုလူ၏အခြေအနေသည်လည်း ယခင်ထက် ပို၍ဆိုးသွမ်းလေ၏” ဟု မိန့်တော်မူ၏။
အကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူရှိစဉ် အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကို ကာကွယ်ခဲ့ပါ၏။ ထိုသူတို့တွင် ပျက်စီးထိုက်သူတစ်ဦးမှလွဲ၍ အခြားမည်သူမျှ မပျက်စီးစေရန်လည်း ကျွန်ုပ်စောင့်ရှောက်ခဲ့ပါ၏။ ထိုသူ ပျက်စီးခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပျက်လာရန်ဖြစ်၏။
သို့သော် ယေရှုသည် ဘုရားသခင်၏ သားတော် ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန်နှင့် ထိုသို့ ယုံကြည်၍ နာမတော်၏တန်ခိုးအားဖြင့် အသက်ကို ရရှိကြစေရန် ဤကျမ်းစာကို ရေးသားရခြင်းဖြစ်၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
သို့ဖြစ်၍ သားတော်ကို မြင်၍ ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကို ရစေရန် ငါ့ခမည်းတော်အလိုရှိ၏။ ငါသည်လည်း ထိုသူတို့ကို နောက်ဆုံးသောနေ့၌ သေရာမှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမျက်တော်ခံရစေရန် သတ်မှတ်ထားတော်မူသည်မဟုတ်။ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် လုပ်ဆောင်သောအမှုဖြင့် ကယ်တင်ခံရစေရန် သတ်မှတ်ထားတော်မူ၏။
မည်သူမျှ သင်တို့ကို မည်သည့်နည်းမျိုးဖြင့် မလှည့်ဖြားစေနှင့်။ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်မှုဖြစ်ပျက်၍ တရားမဲ့သူဖြစ်သော ပျက်စီးခြင်း၏သား မပေါ်ပေါက်မီအထိ ထိုနေ့ရက်သည် ကျရောက်လာမည် မဟုတ်ပေ။
ချမ်းသာလိုသောသူတို့သည် ဖြားယောင်းသွေးဆောင်ခံရခြင်း၊ ထောင်ချောက်မိခြင်း၊ မိုက်မဲ၍ အန္တရာယ်ရှိသော တပ်မက်ခြင်းစသည်တို့ထဲသို့ ကျရောက်တတ်၏။ ထိုအရာများသည် လူတို့ကို အကြွင်းမဲ့ ပျက်စီးဆုံးရှုံးစေ၏။
ကျွန်ုပ်တို့သည် သမ္မာတရားကို သိရှိပြီးနောက် တမင်တကာ ဆက်လက် အပြစ်ကျူးလွန်နေလျှင် ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ် မရှိတော့ပေ။
ငါ၏ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော် ငါသည် နောက်ပြန်လှည့်တတ်သူများကို နှစ်သက်မည်မဟုတ်” ဟု ဖော်ပြထားသောကြောင့်ဖြစ်၏။
ယုံကြည်ခြင်းဆိုသည်မှာ မျှော်လင့်သောအရာများကို ရမည်ဟု စိတ်ချပြီး မမြင်သေးသောအရာများကို အမှန်တကယ် ရှိသည်ဟု သိမှတ်ခြင်းပင် ဖြစ်၏။
သင်တို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် နောက်ဆုံးသောကာလ၌ ပေါ်လွင်ထင်ရှားရန် အသင့်ရှိသော ကယ်တင်ခြင်းကို ရရှိခံစားနိုင်မည့်အချိန်တိုင်အောင် ဘုရားသခင်သည် မိမိ၏တန်ခိုးတော်ဖြင့် သင်တို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။
ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် ယခုလက်ရှိ ကောင်းကင်နှင့် မြေကြီးကို မီးနှင့် တရားစီရင်မည့်နေ့တိုင်အောင် ဆက်လက်တည်ရှိစေတော်မူ၏။ ထိုနေ့၌ ကောင်းကင်နှင့် မြေကြီးသည် မီးနှင့် ဖျက်ဆီးခြင်းကို ခံရ၍ ဘုရားတရားမဲ့သောသူတို့သည်လည်း ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
ညီအစ်ကိုမောင်နှမတစ်စုံတစ်ယောက်သည် မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုး ကျူးလွန်သည်ကို သင်တွေ့လျှင် သူ့အတွက် ဆုတောင်းပေးသင့်၏။ မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးကို ကျူးလွန်သော ထိုသူအား ဘုရားသခင်သည် အသက်ကို ပေးတော်မူလိမ့်မည်။ မိမိဝိညာဉ်ဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးရှိ၏။ ထိုအပြစ်မျိုးအတွက် ဆုတောင်းသင့်ကြောင်း ကျွန်ုပ်မဆိုလိုပါ။
လောကကို အောင်နိုင်သူမှာ မည်သူနည်း။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ယုံကြည်သူသာလျှင်ဖြစ်၏။
ယခင်က အသက်ရှင်ခဲ့သော်လည်း ယခု မရှင်တော့သည့် အနီရောင်သားရဲမှာ အဋ္ဌမမြောက်ဘုရင်ဖြစ်၏။ သူသည်လည်း အခြားဘုရင် ခုနစ်ပါးကဲ့သို့ပင် ပျက်စီးသွားမည့်သူဖြစ်၏။
သင်မြင်ရသောသားရဲသည် ယခင်က အသက်ရှင်သော်လည်း ယခုမရှင်တော့ပေ။ သို့သော် မကြာမီ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီး ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့တွင် ကမ္ဘာဦးအစကပင် အသက်စာစောင်၌ စာရင်းမဝင်သူများက ထိုသားရဲကို မြင်ရသောအခါ အလွန်အံ့ဩကြလိမ့်မည်။ အကြောင်းမှာ ယခင်အသက်ရှင်ခဲ့သည့် ထိုသားရဲသည် ယခုမရှင်တော့သော်လည်း မကြာမီပြန်ပေါ်လာဦးမည့်အတွက်ကြောင့် ဖြစ်၏။